ကမ္ဘာ့ဖလားစတားကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅သန်း ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားသူရဲကောင်းအန်ဇိုဖာနန်ဒက်ဇ်ကိုလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁၀၅သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိဘင်ဖီကာစတားဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်ခဲ့သူများထဲမှတစ်ဦးဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အစောပိုင်းတုန်းကယူနိုက်တက်နှင့်လီဗာပူးတို့ကအပြိုင်ကြိုးပမ်းခဲ့ကြပေမဲ့ဘင်ဖီကာကအသင်းသို့ရောက်လာတာခြောက်လမျှသာရှိသေးတဲ့သူ့ကို ရောင်းချဖို့ဖိအားမရှိမှုနဲ့အတူ စာချုပ်ပါအချက်အတိုင်းပေါင်၁၀၅သန်းပေးမှသာရောင်းချလာမယ်လို့အသိပေးလာခဲ့ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်နှင့်လီဗာပူးတို့ဟာအန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ယူရေးကြိုးပမ်းမှုမှနောက်ဆုတ်ခဲ့ရပါတယ်။

ချဲလ်ဆီးဟာယခုရာသီအကုန်တွင်အဓိကကွင်းလယ်ကစားသမားများဖြစ်ကြတဲ့အန်ဂိုလိုကန်တီနှင့်ဂျော်ဂျင်ဟိုတို့ကိုလက်လွှတ်ရန်စီစဉ်ထားရာ ကွင်းလယ်ပိုင်းကိုမဖြစ်မနေအားဖြည့်ရန်လိုအပ်နေပါတယ်။

ချဲလ်ဆီးဟာလိုအပ်နေတဲ့ကွင်းလယ်ကိုဇန်နဝါရီအပြောင်းအရွှေကတည်းက အန်ဇိုဖာနန်ဒက်ဇ်အားခေါ်ယူပြီးအစားထိုးရန် လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာအန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ယူရေးနှင့်ကစားသမားနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပြီလည်းဖြစ်ပါတယ်။

Zawgyi

ကမာၻ႔ဖလားစတားကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၅ ျဖင့္ ေခၚယူရန္ သေဘာတူညီမႈရရွိလာတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာအာဂ်င္တီးနားရဲ႕ကမာၻ႔ဖလားသူရဲေကာင္းအန္ဇိုဖာနန္ဒက္ဇ္ကိုလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၀၅သန္းျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိဘင္ဖီကာစတားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကအာဂ်င္တီးနားကိုခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွစြမ္းေဆာင္ခဲ့သူမ်ားထဲမွတစ္ဦးျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးလူငယ္ကစားသမားဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

အေစာပိုင္းတုန္းကယူႏိုက္တက္ႏွင့္လီဗာပူးတို႔ကအၿပိဳင္ႀကိဳးပမ္းခဲ့ၾကေပမဲ့ဘင္ဖီကာကအသင္းသို႔ေရာက္လာတာေျခာက္လမွ်သာရွိေသးတဲ့သူ႔ကို ေရာင္းခ်ဖို႔ဖိအားမရွိမႈနဲ႔အတူ စာခ်ဳပ္ပါအခ်က္အတိုင္းေပါင္၁၀၅သန္းေပးမွသာေရာင္းခ်လာမယ္လို႔အသိေပးလာခဲ့ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ႏွင့္လီဗာပူးတို႔ဟာအန္ဇိုဖာနန္ဒက္ဇ္ကိုေခၚယူေရးႀကိဳးပမ္းမႈမွေနာက္ဆုတ္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာယခုရာသီအကုန္တြင္အဓိကကြင္းလယ္ကစားသမားမ်ားျဖစ္ၾကတဲ့အန္ဂိုလိုကန္တီႏွင့္ေဂ်ာ္ဂ်င္ဟိုတို႔ကိုလက္လႊတ္ရန္စီစဥ္ထားရာ ကြင္းလယ္ပိုင္းကိုမျဖစ္မေနအားျဖည့္ရန္လိုအပ္ေနပါတယ္။

ခ်ဲလ္ဆီးဟာလိုအပ္ေနတဲ့ကြင္းလယ္ကိုဇန္နဝါရီအေျပာင္းအေ႐ႊကတည္းက အန္ဇိုဖာနန္ဒက္ဇ္အားေခၚယူၿပီးအစားထိုးရန္ လုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာအန္ဇိုဖာနန္ဒက္ဇ္ကိုေခၚယူေရးႏွင့္ကစားသမားႏွင့္ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရရွိထားၿပီလည္းျဖစ္ပါတယ္။