ကမ္ဘာ့ဖလားစတားများကို ဘောက်ဆင်ဒေးပွဲစဉ်များတွင် သုံးရေးမမျှော်လင့်ရန် ပရီးမီးယားလိဂ်ကလပ်များကို ပေါ်တာသတိပေးလာ

ပရီးမီးယားလိဂ်ကလပ်များမှနည်းပြများအနေဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲသွားကစားခဲ့ရတဲ့စတားများကိုဘောက်ဆင်ဒေးပွဲစဉ်များအမီပြန်ရောက်လာရေးမမျှော်လင့်ကြရန်သတိပေးခံလာရပါတယ်။

ချဲလ်ဆီးဗဟိုနောက်ခံလူတီယာဂိုဆေးလ်ဗားဟာဘရာဇီးအသင်းရဲ့၂၆ဦးစာရင်းတွင်ပရီးမီးယားလိဂ်အခြေစိုက်ကစားသမား၁၂ဦးတွင်ပါဝင်ခဲ့ပါတယ်။ဒါ့အပြင်အာဂျင်တီးနားစတား၈ဦးမှာလည်းကာတာသို့သွားရောက်ကြပါမယ်။

ဂရေဟမ်ပေါ်တာကဒီဇင်ဘာလ၁၈ရက်နေ့ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ပါဝင်လာကြမဲ့ကစားသမားများကို ပရီးမီးယားလိဂ်စတင်ချိန်တွင်အသင်းနှင့်ပူးပေါင်းရန်မမျှော်လင့်သင့်ကြောင်းဆိုလာပါတယ်။

ဂရေဟမ်ပေါ်တာက “ကမ္ဘာ့ဖလားအပြီးမှာအခြားလူတစ်ဦးရဲ့စိတ်အားထက်သန်မှုကဘာဖြစ်နေမလဲမသိပါဘူး။အမိုးဖွင့်ဘတ်စ်ကားနဲ့အောင်ပွဲခံတဲ့သူအများစုကတော့ပြန်လည်အားပြည့်ရေးအပန်းဖြေအနားယူဖို့သုံးပတ်လိုအပ်ပါတယ်။ကျွန်တော့်အနေနဲ့တကိုယ်ကောင်းဆန်ပြီးသူတို့ကိုပြန်ခေါ်နိုင်တယ်။ဒါပေမဲ့သူတို့အောင်ပွဲမခံရဘဲပြန်လာဖို့ကအရမ်းခက်ခဲတယ်။ခံစားပြန်လည်ရရှိဖို့အချိန်လိုတယ်။ဗိုလ်လုပွဲမှာရှုံးပြန်ရင်လည်းပြန်လည်နလန်ထူဖို့သုံးလေးရက်အချိန်ပေးရမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားစတားမ်ားကို ေဘာက္ဆင္ေဒးပြဲစဥ္မ်ားတြင္ သုံးေရးမေမွ်ာ္လင့္ရန္ ပရီးမီးယားလိဂ္ကလပ္မ်ားကို ေပၚတာသတိေပးလာ

ပရီးမီးယားလိဂ္ကလပ္မ်ားမွနည္းျပမ်ားအေနျဖင့္ကမာၻ႔ဖလားၿပိဳင္ပြဲသြားကစားခဲ့ရတဲ့စတားမ်ားကိုေဘာက္ဆင္ေဒးပြဲစဥ္မ်ားအမီျပန္ေရာက္လာေရးမေမွ်ာ္လင့္ၾကရန္သတိေပးခံလာရပါတယ္။

ခ်ဲလ္ဆီးဗဟိုေနာက္ခံလူတီယာဂိုေဆးလ္ဗားဟာဘရာဇီးအသင္းရဲ႕၂၆ဦးစာရင္းတြင္ပရီးမီးယားလိဂ္အေျခစိုက္ကစားသမား၁၂ဦးတြင္ပါဝင္ခဲ့ပါတယ္။ဒါ့အျပင္အာဂ်င္တီးနားစတား၈ဦးမွာလည္းကာတာသို႔သြားေရာက္ၾကပါမယ္။

ဂေရဟမ္ေပၚတာကဒီဇင္ဘာလ၁၈ရက္ေန႔ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ပါဝင္လာၾကမဲ့ကစားသမားမ်ားကို ပရီးမီးယားလိဂ္စတင္ခ်ိန္တြင္အသင္းႏွင့္ပူးေပါင္းရန္မေမွ်ာ္လင့္သင့္ေၾကာင္းဆိုလာပါတယ္။

ဂေရဟမ္ေပၚတာက “ကမာၻ႔ဖလားအၿပီးမွာအျခားလူတစ္ဦးရဲ႕စိတ္အားထက္သန္မႈကဘာျဖစ္ေနမလဲမသိပါဘူး။အမိုးဖြင့္ဘတ္စ္ကားနဲ႔ေအာင္ပြဲခံတဲ့သူအမ်ားစုကေတာ့ျပန္လည္အားျပည့္ေရးအပန္းေျဖအနားယူဖို႔သုံးပတ္လိုအပ္ပါတယ္။ကြၽန္ေတာ့္အေနနဲ႔တကိုယ္ေကာင္းဆန္ၿပီးသူတို႔ကိုျပန္ေခၚႏိုင္တယ္။ဒါေပမဲ့သူတို႔ေအာင္ပြဲမခံရဘဲျပန္လာဖို႔ကအရမ္းခက္ခဲတယ္။ခံစားျပန္လည္ရရွိဖို႔အခ်ိန္လိုတယ္။ဗိုလ္လုပြဲမွာရႈံးျပန္ရင္လည္းျပန္လည္နလန္ထူဖို႔သုံးေလးရက္အခ်ိန္ေပးရမယ္”လို႔ေျပာၾကားသြားပါတယ္။