
ကမ္ဘာ့ဖလားပြိုင်ပွဲတွင်စံချိန်တင်ဂိုးသွင်းယူထားနိုင်တဲ့ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးဂျပ်စ်ဖောင်တိန်ဟာအသက်၈၉နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။
ဖောင်တိန်ဟာ၁၉၅၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်အတွက်၆ပွဲကစားခဲ့ရာမှာ၁၃ဂိုးသွင်းယူပြီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်သမိုင်းဝင်မှတ်တမ်းရေးထိုးထားသူလည်းဖြစ်ပါတယ်။
ထိုစဉ်တုန်းကပြင်သစ်နှင့်အတူတတိယဆွတ်ခူးခဲ့တဲ့ဂျပ်စ်ဖောင်တိန်ဟာအာဂျင်တီးနားဂန္ထဝင်လီယွန်နယ်မက်ဆီနှင့်အတူ ကမ္ဘာ့ဖလားသမိုင်းတွင်စတုတ္ထဂိုးအများဆုံးသွင်းယူထားနိုင်သူအဖြစ်ပူးတွဲရပ်တည်နေသူလည်းဖြစ်ပါတယ်။
ဂျပ်စ်ဖောင်တိန်ကိုဂုဏ်ပြုသောအားဖြင့်မနေ့ညကကစားခဲ့တဲ့ပြင်သစ်တဝန်းကစားခဲ့တဲ့ဘောလုံးပွဲတိုင်းတွင်တစ်မိနစ်ကြာလက်ခုပ်တီးဂုဏ်ပြုမှုပြုလုပ်ခဲ့ကြပါတယ်။
ဖောင်တိန်ဟာဆွီဒင်တွင်ကျင်းပတဲ့၁၉၅၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အနောက်ဂျာမနီကို၆-၃ဖြင့်အနိုင်ရတဲ့ပွဲတွင်၄ဂိုးသွင်းယူနိုင်မှုအပါအဝင်ကမ္ဘာ့ဖလားပွဲတိုင်းဂိုးသွင်းနိုင်တဲ့အံ့မခန်းမှတ်တမ်းပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
သူဟာပြင်သစ်အတွက်၁၉၅၈ခုနှစ်မှ၁၉၆၀ခုနှစ်အထိ၂၁ပွဲတည်းသာကစားခဲ့ရာမှာဂိုး၃၀အထိသွ့င်းခဲ့သူလည်းဖြစ်ပါတယ်။
သူဟာကစားသမားဘဝအချိန်အများစုကို စတိတ်ဒီရိမ်းစ်တွင်ကုန်ဆုံးခဲ့တာဖြစ်ပြီး၁၅၂ပွဲကစားခဲ့ရာမှာ၁၄၅ဂိုးအထိသွင်းခဲ့ပြီးလီဂူး၁ဖလား၃ကြိမ်ရရှိခဲ့သလို၁၉၅၉ ဥရောပဖလားဗိုလ်လုပွဲသို့လည်းတက်ခဲ့ပါတယ်။ဒါပေမဲ့ဥရောပဖလားဗိုလ်လုပွဲတွင်ဒီစတီဖာနို၊ဖရန့်ပွန်စကပ်စ်တို့ပါဝင်တဲ့ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။
သူဟာနိုက်စ်တွင်လည်းကစားခဲ့သလိုမော်ရိုကိုကလပ် USM Casablanca မှာလည်းကစားခဲ့ပါတယ်။ဒါပေမဲ့သူဟာခြေထောက်နှစ်ဆင့်ကျိုးမှုနှင့်အတူအသက်၂၈နှစ်အရွယ်မှာပဲကစားသမားဘဝမှအနားယူခဲ့ရပါတယ်။
သူဟာ၁၉၆၇ခုနှစ်တုန်းကပြင်သစ်အသင်းကိုနည်းပြအဖြစ်၂ ပွဲကိုင်တွယ်ခဲ့ပြီးပီအက်စ်ဂျီကိုလည်း၁၉၇၄ခုနှစ်တုန်းကလီဂူး၁သို့တန်းတက်နိုင်အောင်ဦးဆောင်ခဲ့ပါတယ်။ပီအက်စ်ဂျီဟာထိုစဉ်ကတည်းကယခုတိုင်တန်းဆင်းခဲ့ရခြင်းမရှိပါဘူး။
သူဟာတူးလော့စ်ကိုကာလတိုကိုင်တွယ်ခဲ့ပြီးနောက်သူမွေးဖွားရာမော်ရိုကိုအသင်းအားကိုင်တွယ်ခဲ့ပြီး၁၉၈၀အာဖရိကဖလားပြိုင်ပွဲတွင်တတိယရှိအောင်ဦးဆောင်ခဲ့ပါတယ်။
သူဟာပြင်သစ်ပရိုဖက်ရှင်နယ်ကစားသမားများသမဂ္ဂဖွဲ့စည်းနိုင်အောင်အဓိကနေရာမှလုပ်ဆောင်ခဲ့သလိုပထမဆုံးဥက္ကဌလည်းဖြစ်ပါတယ်။
၂၀၀၄ခုနှစ်တုန်းကသူဟာပီလီနှင့်အတူသက်ရှိထင်ရှားရှိနေဆဲအကြီးကျယ်ဆုံးဘောလုံးသမား၁၂၅ဦးထဲတွင်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ZawGyi
ကမ္ဘာ့ဖလားစံချိန်ရှင် ပြင်သစ်ဂန္ထဝင်ဂျပ်စ်ဖောင်တိန် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်
ဖောင်တိန်ဟာဆွီဒင်တွင်ကျင်းပတဲ့၁၉၅၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အနောက်ဂျာမနီကို၆-၃ဖြင့်အနိုင်ရတဲ့ပွဲတွင်၎ဂိုးသွင်းယူနိုင်မှုအပါအဝင်ကမ္ဘာ့ဖလားပွဲတိုင်းဂိုးသွင်းနိုင်တဲ့အံ့မခန်းမှတ်တမ်းပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။