
ဖီဖာကကမ္ဘာ့ဖလားဆီမီးနှင့်ဗိုလ်လုပွဲစဉ်များတွင်ဘောလုံးသစ်အသုံးပြုလာမည်ဖြစ်ကြောင်းကြေညာလာပါတယ်။
ဖီဖာဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် Al Rihla (The Journey) လို့အမည်ပေးထားတဲ့ဘောလုံးကို ကွာတားဖိုင်နယ်အထိအသုံးပြုလာခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ဖီဖာဟာမနက်ဖြန်စတင်ကစားမဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှစတင်ကာဗိုလ်လုပွဲအထိ ဘောလုံးသစ်ကိုအသုံးပြုလာပါမယ်။
ဘောလုံးသစ်ကိုလည်းအာရတ်ဘာသာစကားဖြင့် Al Hilm လို့အမည်ပေးထားပါတယ်။ The Dream (အိပ်မက်)လို့အမည်ရပါတယ်။
Al Hilm ဘောလုံးသစ်ကိုမနက်ဖြန်အာဂျင်တီးနားနှင့်ခရိုအေးရှားတို့ရင်ဆိုင်ကစားရမဲ့ပွဲစဉ်တွင်စတင်အသုံးပြုလာပါမယ်။ယင်းနောက်တစ်ရက်အကြာမော်ရိုကိုနှင့်ပြင်သစ်တို့ရဲ့ဆမီးဖိုင်နယ်ပွဲစဉ်တွင်ထပ်မံအသုံးပြုသွားပါမယ်။
ဒါ့အပြင်ယင်းဘောလုံးကိုစနေနေ့ကမ္ဘာ့ဖလားတတိယနေရာလုပွဲနှင့်တနင်္ဂနွေနေ့ညဗိုလ်လုပွဲတို့တွင်ဆက်လက်အသုံးပြုသွားပါမယ်။
ဖီဖာဟာAl Rihla ကိုနောက်ဆုံးအသုံးပြုခဲ့တာပြင်သစ်ကအင်္ဂလန်ကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာဖြစ်ပါတယ်။ယင်းပွဲတွင်အင်္ဂလန်ဟာဟယ်ရီကိန်းရဲ့ဒုတိယမြောက်ပင်နယ်တီလွဲမှုနှင့်အတူပြင်သစ်ကို၂-၁ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ZawGyi
ကမာၻ႔ဖလားဆီမီးႏွင့္ဗိုလ္လုပြဲစဥ္မ်ားတြင္ ေဘာလုံးသစ္ အသုံးျပဳလာမည္
ဖီဖာကကမာၻ႔ဖလားဆီမီးႏွင့္ဗိုလ္လုပြဲစဥ္မ်ားတြင္ေဘာလုံးသစ္အသုံးျပဳလာမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။
ဖီဖာဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ Al Rihla (The Journey) လို႔အမည္ေပးထားတဲ့ေဘာလုံးကို ကြာတားဖိုင္နယ္အထိအသုံးျပဳလာခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမဲ့ဖီဖာဟာမနက္ျဖန္စတင္ကစားမဲ့ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွစတင္ကာဗိုလ္လုပြဲအထိ ေဘာလုံးသစ္ကိုအသုံးျပဳလာပါမယ္။
ေဘာလုံးသစ္ကိုလည္းအာရတ္ဘာသာစကားျဖင့္ Al Hilm လို႔အမည္ေပးထားပါတယ္။ The Dream (အိပ္မက္)လို႔အမည္ရပါတယ္။
Al Hilm ေဘာလုံးသစ္ကိုမနက္ျဖန္အာဂ်င္တီးနားႏွင့္ခ႐ိုေအးရွားတို႔ရင္ဆိုင္ကစားရမဲ့ပြဲစဥ္တြင္စတင္အသုံးျပဳလာပါမယ္။ယင္းေနာက္တစ္ရက္အၾကာေမာ္႐ိုကိုႏွင့္ျပင္သစ္တို႔ရဲ႕ဆမီးဖိုင္နယ္ပြဲစဥ္တြင္ထပ္မံအသုံးျပဳသြားပါမယ္။
ဒါ့အျပင္ယင္းေဘာလုံးကိုစေနေန႔ကမာၻ႔ဖလားတတိယေနရာလုပြဲႏွင့္တနဂၤေႏြေန႔ညဗိုလ္လုပြဲတို႔တြင္ဆက္လက္အသုံးျပဳသြားပါမယ္။
ဖီဖာဟာAl Rihla ကိုေနာက္ဆုံးအသုံးျပဳခဲ့တာျပင္သစ္ကအဂၤလန္ကိုအႏိုင္ရရွိတဲ့ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာျဖစ္ပါတယ္။ယင္းပြဲတြင္အဂၤလန္ဟာဟယ္ရီကိန္းရဲ႕ဒုတိယေျမာက္ပင္နယ္တီလြဲမႈႏွင့္အတူျပင္သစ္ကို၂-၁ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။