ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအပြီးတွင် မော်ရိုကိုအဝတ်အစားလဲခန်းသို့ ဝင်ကာ အမ်ရာဘက်ကို ပြင်သစ်သမ္မတမက်ခရွန် ဘာပြောခဲ့လဲ?

ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ဟာပြင်သစ်နှင့်မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအပြီးတွင်မော်ရိုကိုရဲ့အဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်ခဲ့ပြီးဆော့ယန်အမ်ရာဘက်ကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။

မက်ခရွန်ဟာမနေ့ညတုန်းကလက်ရှိချန်ပီယံပြင်သစ်တို့နှစ်ကြိမ်ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့တဲ့ပွဲကိုကြည့်ရှုခဲ့ပါတယ်။

ပြင်သစ်ဟာယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်အံ့ဩသင့်ဖွယ်ရလဒ်များရယူနေတဲ့မော်ရိုကိုကိုသီယိုဟာနန်ဒက်ဇ်၊ရန်ဒယ်ကိုလိုမူအာနီတို့ရဲ့ဂိုးဖြင့်၂-၀ဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။

ဖီအိုရင်တီးနားရဲ့အမ်ရာဘက်ဟာယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်ထိပ်တန်းခြေစွမ်းဖြင့်ကစားနေသူဖြစ်ပြီးပြင်သစ်သမ္မတရဲ့လူကိုယ်တိုင်တွေ့ဆုံချီးကျူးခြင်းခံခဲ့ရပါတယ်။

မက်ခရွန်ဟာမော်ရိုကိုအသင်သားများရဲ့ရှေ့တွင်အမ်ရာဘက်ကိုကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးအလယ်တန်းကစားသမားလို့ချီးကျူးခဲ့ပါတယ်။

မော်ရိုကိုဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက်ပထမဆုံးအာဖရိကအသင်းအဖြစ်သမိုင်းမှတ်တမ်းရေးထိုးထားပြီးစနေနေ့တွင်တတိယနေရာအတွက်ခရိုအေးရှားနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲအၿပီးတြင္ ေမာ္႐ိုကိုအဝတ္အစားလဲခန္းသို႔ ဝင္ကာ အမ္ရာဘက္ကို ျပင္သစ္သမၼတမက္ခ႐ြန္ ဘာေျပာခဲ့လဲ?

ျပင္သစ္သမၼတအီမန္န်ဴရယ္မက္ခ႐ြန္ဟာျပင္သစ္ႏွင့္ေမာ္႐ိုကိုတို႔ရဲ႕ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲအၿပီးတြင္ေမာ္႐ိုကိုရဲ႕အဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္ခဲ့ၿပီးေဆာ့ယန္အမ္ရာဘက္ကို ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါတယ္။

မက္ခ႐ြန္ဟာမေန႔ညတုန္းကလက္ရွိခ်န္ပီယံျပင္သစ္တို႔ႏွစ္ႀကိမ္ကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲကိုၾကည့္ရႈခဲ့ပါတယ္။

ျပင္သစ္ဟာယခုကမာၻ႔ဖလားၿပိဳင္ပြဲတြင္အံ့ဩသင့္ဖြယ္ရလဒ္မ်ားရယူေနတဲ့ေမာ္႐ိုကိုကိုသီယိုဟာနန္ဒက္ဇ္၊ရန္ဒယ္ကိုလိုမူအာနီတို႔ရဲ႕ဂိုးျဖင့္၂-၀ျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ပါတယ္။

ဖီအိုရင္တီးနားရဲ႕အမ္ရာဘက္ဟာယခုကမာၻ႔ဖလားၿပိဳင္ပြဲတြင္ထိပ္တန္းေျခစြမ္းျဖင့္ကစားေနသူျဖစ္ၿပီးျပင္သစ္သမၼတရဲ႕လူကိုယ္တိုင္ေတြ႕ဆုံခ်ီးက်ဴးျခင္းခံခဲ့ရပါတယ္။

မက္ခ႐ြန္ဟာေမာ္႐ိုကိုအသင္သားမ်ားရဲ႕ေရွ႕တြင္အမ္ရာဘက္ကိုကာတာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးအလယ္တန္းကစားသမားလို႔ခ်ီးက်ဴးခဲ့ပါတယ္။

ေမာ္႐ိုကိုဟာကမာၻ႔ဖလားဆီမီးဖိုင္နယ္ေရာက္ပထမဆုံးအာဖရိကအသင္းအျဖစ္သမိုင္းမွတ္တမ္းေရးထိုးထားၿပီးစေနေန႔တြင္တတိယေနရာအတြက္ခ႐ိုေအးရွားႏွင့္ရင္ဆိုင္ကစားရပါမယ္။