ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲရလဒ်အတွက် ဖီဖာထံ မော်ရိုကို တိုင်ချက်ဖွင့်လာပြီး ပွဲပြန်ကစားရန် တောင်းဆိုလာ

မော်ရိုကိုဟာပြင်သစ်ကိုရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီးဖီဖာထံတရားဝင်တိုင်ချက်ဖွင့်လာပါတယ်။

မြောက်အာဖရိကအသင်းဟာ Al Bayt Stadium တွင်လက်ရှိချန်ပီယံပြင်သစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာယင်းပွဲတွင်ပင်နယ်တီနှစ်ကြိမ်မရခဲ့မှုအတွက်မကျေမနပ်ဖြစ်နေပါတယ်။

မော်ရိုကိုဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်တဲ့ပထမဆုံးအာဖရိကအသင်းဖြစ်လာပြီးသီယိုဟာနန်ဒက်ဇ်၊မူအာနီတို့ရဲ့ဂိုးတို့ကြောင့်ဗိုလ်လုပွဲနှင့်လွဲခဲ့ရပါတယ်။

ဒါပေမဲ့မော်ရိုကိုဟာယင်းပွဲတွင်မက္ကဆီကိုဒိုင်လူကြီးဆီဇာရာမို့စ်ရဲ့ဆုံးဖြတ်ချက်ကိုစိတ်ပျက်လျက်ရှိကာပရိသတ်များကလည်းပွဲပြန်ကစားစေရန်တောင်းဆိုနေပါတယ်။

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာသီယိုဟာနန်ဒက်ဇ်ကဆိုဖီယာနီဘူဖယ်ကိုဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုအတွက်စိတ်ပျက်နေပါတယ်။မော်ရိုကိုဟာပင်နယ်တီမရရှိရုံသာမကဘူဖယ်ကိုပါ ရာမို့စ်ကအဝါကတ်ပြခဲ့ပါတယ်။ ဒါ့အပြင်စတန်းဒက်လီဂါတောင်ပံကစားသမားအမယ်လာကိုဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်မှုအတွက်ပင်နယ်တီမပေးခဲ့မှုအပေါ်စိတ်ပျက်နေပါတယ်။

မော်ရိုကိုဟာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပြင်ယင်းဖြစ်ရပ်များကို VAR ကစစ်ဆေးကြည့်ရှုခဲ့ခြင်းမရှိမှုအပေါ်မှာလည်းဒေါသထွက်နေပါတယ်။

ဒါကြောင့်လည်းမော်ရိုကိုပရိသတ်များကယင်းပွဲကိုပြန်လည်ကစားစေရန်တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “မော်ရိုကိုနဲ့ပြင်သစ်ပွဲပြန်ကစားစေဖို့တောင်းဆိုပါတယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ပြင်သစ်ကစားသမားတစ်ဦးကဘူဖယ်ကိုဧရိယာအတွင်းပြစ်ဒဏ်ကျူးလွန်တယ်။ဒါကိုပင်နယ်တီမပေးတဲ့အပြင်အဝါကတ်တောင်ပြခဲ့သေးတယ်”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း”ကျွန်တော်တို့အသင်းအတွက်လုံးဝမမျှတဘူး။မော်ရိုကိုတစ်နိုင်ငံလုံးစိတ်မကောင်းဖြစ်နေတယ်”လို့ဆိုသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲရလဒ္အတြက္ ဖီဖာထံ ေမာ္႐ိုကို တိုင္ခ်က္ဖြင့္လာၿပီး ပြဲျပန္ကစားရန္ ေတာင္းဆိုလာ

ေမာ္႐ိုကိုဟာျပင္သစ္ကိုရႈံးနိမ့္တဲ့ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္မ်ားႏွင့္ပတ္သက္ၿပီးဖီဖာထံတရားဝင္တိုင္ခ်က္ဖြင့္လာပါတယ္။

ေျမာက္အာဖရိကအသင္းဟာ Al Bayt Stadium တြင္လက္ရွိခ်န္ပီယံျပင္သစ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ဒါေပမဲ့၎တို႔ဟာယင္းပြဲတြင္ပင္နယ္တီႏွစ္ႀကိမ္မရခဲ့မႈအတြက္မေက်မနပ္ျဖစ္ေနပါတယ္။

ေမာ္႐ိုကိုဟာကမာၻ႔ဖလားဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္တဲ့ပထမဆုံးအာဖရိကအသင္းျဖစ္လာၿပီးသီယိုဟာနန္ဒက္ဇ္၊မူအာနီတို႔ရဲ႕ဂိုးတို႔ေၾကာင့္ဗိုလ္လုပြဲႏွင့္လြဲခဲ့ရပါတယ္။

ဒါေပမဲ့ေမာ္႐ိုကိုဟာယင္းပြဲတြင္မကၠဆီကိုဒိုင္လူႀကီးဆီဇာရာမို႔စ္ရဲ႕ဆုံးျဖတ္ခ်က္ကိုစိတ္ပ်က္လ်က္ရွိကာပရိသတ္မ်ားကလည္းပြဲျပန္ကစားေစရန္ေတာင္းဆိုေနပါတယ္။

ေမာ္႐ိုကိုေဘာလုံးအဖြဲ႕ခ်ဳပ္ဟာသီယိုဟာနန္ဒက္ဇ္ကဆိုဖီယာနီဘူဖယ္ကိုဧရိယာအတြင္းျပစ္ဒဏ္က်ဴးလြန္မႈအတြက္စိတ္ပ်က္ေနပါတယ္။ေမာ္႐ိုကိုဟာပင္နယ္တီမရရွိ႐ုံသာမကဘူဖယ္ကိုပါ ရာမို႔စ္ကအဝါကတ္ျပခဲ့ပါတယ္။ ဒါ့အျပင္စတန္းဒက္လီဂါေတာင္ပံကစားသမားအမယ္လာကိုဧရိယာအတြင္းျပစ္ဒဏ္က်ဴးလြန္မႈအတြက္ပင္နယ္တီမေပးခဲ့မႈအေပၚစိတ္ပ်က္ေနပါတယ္။

ေမာ္႐ိုကိုဟာဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္အျပင္ယင္းျဖစ္ရပ္မ်ားကို VAR ကစစ္ေဆးၾကည့္ရႈခဲ့ျခင္းမရွိမႈအေပၚမွာလည္းေဒါသထြက္ေနပါတယ္။

ဒါေၾကာင့္လည္းေမာ္႐ိုကိုပရိသတ္မ်ားကယင္းပြဲကိုျပန္လည္ကစားေစရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

ပရိသတ္တစ္ဦးက “ေမာ္႐ိုကိုနဲ႔ျပင္သစ္ပြဲျပန္ကစားေစဖို႔ေတာင္းဆိုပါတယ္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ျပင္သစ္ကစားသမားတစ္ဦးကဘူဖယ္ကိုဧရိယာအတြင္းျပစ္ဒဏ္က်ဴးလြန္တယ္။ဒါကိုပင္နယ္တီမေပးတဲ့အျပင္အဝါကတ္ေတာင္ျပခဲ့ေသးတယ္”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း”ကြၽန္ေတာ္တို႔အသင္းအတြက္လုံးဝမမွ်တဘူး။ေမာ္႐ိုကိုတစ္ႏိုင္ငံလုံးစိတ္မေကာင္းျဖစ္ေနတယ္”လို႔ဆိုသြားပါတယ္။