
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးနှင့်အကြိတ်အနယ်အရှိဆုံးကာလအဖြစ်ကွာတားဖိုင်နယ်အဆင့်သို့ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ကစားသမားအချို့တို့ဟာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မလွဲချော်ရအောင်ကွာတားဖိုင်နယ်ပွဲစဉ်မှာအထူးသတိထားကစားဖို့လိုအပ်နေပါတယ်။
ဘာကြောင့်လဲဆိုတော့ကမ္ဘာ့ဖလားပြိုင်ပွဲမှာအဝါကတ်နှစ်ကတ်လျှင်တစ်ပွဲပယ်တဲ့စနစ်ကိုအသုံးပြုနေလို့ ဖြစ်ပါတယ်။
အဝါကတ်နှစ်ကတ်လျှင်တစ်ပွဲတဲ့စနစ်ကိုဆီမီးရောက်မှဖယ်ရှားတာဖြစ်ပါတယ်။ဒါကြောင့်လည်းဆီမီးဖိုင်နယ်မှအနီကတ်ပြခံရတဲ့ကစားသမားသာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုလွဲချော်လာပါမယ်။
အခုကွာတားဖိုင်နယ်ပွဲစဉ်တွေမှာအဝါကတ်ပြသခံရလျှင်ဆီမီးဖိုင်နယ်ကိုလွဲချော်နိုင်တဲ့ကစားသမား၁၉ဦးအထိရှိနေပါတယ်။
ယနေ့ညကွာတားပွဲကစားရမယ့်နယ်သာလန်အသင်းမှနသန်အကဲ၊မားသီးယပ်စ်ဒီလက်၊ နယ်သာလန်အသင်းမှဂွန်ဇာလိုမွန်တီရယ်နှင့်မားကို့စ်အကူညာတို့ဟာအဝါကတ်တစ်ကြိမ်ပြသခံထားရပြီးဖြစ်လို့ နောက်ထပ်အဝါကတ်ပြသခံရလျှင်ဆီမီးပွဲလွဲပါမယ်။
ဒါ့အပြင်ခရိုအေးရှားမှလူကာမိုဒရစ်၊ဒီဂျန်လော့ဗ်ရန်နှင့် ဘရာဇီးမှဘရူနိုဂူမာရေးစ်၊ဖရက်နှင့်အီဒါမီလီတာအိုတို့ ကွာတားမှအဝါကတ်ပြသခံရလျှင်ဆီမီးဖိုင်နယ်ပွဲလွဲပါမယ်။
စိတ်ဝင်စားစရာကောင်းတာကတော့အင်္ဂလန်အသင်းမှအဝါကတ်ပြသခံထားရသူမရှိပါဘူး။ပြိုင်ဘက်ပြင်သစ်မှာတော့ချူကွာမီနီနှင့်ခွန်ဒီတို့အဝါကတ်ပြသခံထားရပါတယ်။
ဒါ့အပြင်မော်ရိုကိုအသင်းမှအမ်ရာဘက်၊ဆာဘီရီ၊ရိုမိန်းဆိုက်ဆစ်တို့ အဝါကတ်ပြသခံရလျှင်ဆီမီးပွဲလွဲမှာဖြစ်ပြီးပေါ်တူဂီမှဘရူနိုဖာနန်ဒက်စ်၊ရူဘင်ဒိုင်ယက်စ်နှင့်ရူဘင်နီဗက်စ်တို့လည်းအဝါကတ်ပြသခံထားရပါတယ်။
ZawGyi
ကမာၻ႔ဖလားဆီမီးဖိုင္နယ္ကို လြဲေခ်ာ္ႏိုင္တဲ့ ကြာတားမွာ အထူးသတိထားကစားရမယ့္ ကစားသမား ၁၉ ဦးအထိ ရွိေန
ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးႏွင့္အႀကိတ္အနယ္အရွိဆုံးကာလအျဖစ္ကြာတားဖိုင္နယ္အဆင့္သို႔ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။
ဒါေပမဲ့ကစားသမားအခ်ိဳ႕တို႔ဟာကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲစဥ္မလြဲေခ်ာ္ရေအာင္ကြာတားဖိုင္နယ္ပြဲစဥ္မွာအထူးသတိထားကစားဖို႔လိုအပ္ေနပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ကမာၻ႔ဖလားၿပိဳင္ပြဲမွာအဝါကတ္ႏွစ္ကတ္လွ်င္တစ္ပြဲပယ္တဲ့စနစ္ကိုအသုံးျပဳေနလို႔ ျဖစ္ပါတယ္။
အဝါကတ္ႏွစ္ကတ္လွ်င္တစ္ပြဲတဲ့စနစ္ကိုဆီမီးေရာက္မွဖယ္ရွားတာျဖစ္ပါတယ္။ဒါေၾကာင့္လည္းဆီမီးဖိုင္နယ္မွအနီကတ္ျပခံရတဲ့ကစားသမားသာ ကမာၻ႔ဖလားဗိုလ္လုပြဲကိုလြဲေခ်ာ္လာပါမယ္။
အခုကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာအဝါကတ္ျပသခံရလွ်င္ဆီမီးဖိုင္နယ္ကိုလြဲေခ်ာ္ႏိုင္တဲ့ကစားသမား၁၉ဦးအထိရွိေနပါတယ္။
ယေန႔ညကြာတားပြဲကစားရမယ့္နယ္သာလန္အသင္းမွနသန္အကဲ၊မားသီးယပ္စ္ဒီလက္၊ နယ္သာလန္အသင္းမွဂြန္ဇာလိုမြန္တီရယ္ႏွင့္မားကို႔စ္အကူညာတို႔ဟာအဝါကတ္တစ္ႀကိမ္ျပသခံထားရၿပီးျဖစ္လို႔ ေနာက္ထပ္အဝါကတ္ျပသခံရလွ်င္ဆီမီးပြဲလြဲပါမယ္။
ဒါ့အျပင္ခ႐ိုေအးရွားမွလူကာမိုဒရစ္၊ဒီဂ်န္ေလာ့ဗ္ရန္ႏွင့္ ဘရာဇီးမွဘ႐ူႏိုဂူမာေရးစ္၊ဖရက္ႏွင့္အီဒါမီလီတာအိုတို႔ ကြာတားမွအဝါကတ္ျပသခံရလွ်င္ဆီမီးဖိုင္နယ္ပြဲလြဲပါမယ္။
စိတ္ဝင္စားစရာေကာင္းတာကေတာ့အဂၤလန္အသင္းမွအဝါကတ္ျပသခံထားရသူမရွိပါဘူး။ၿပိဳင္ဘက္ျပင္သစ္မွာေတာ့ခ်ဴကြာမီနီႏွင့္ခြန္ဒီတို႔အဝါကတ္ျပသခံထားရပါတယ္။
ဒါ့အျပင္ေမာ္႐ိုကိုအသင္းမွအမ္ရာဘက္၊ဆာဘီရီ၊႐ိုမိန္းဆိုက္ဆစ္တို႔ အဝါကတ္ျပသခံရလွ်င္ဆီမီးပြဲလြဲမွာျဖစ္ၿပီးေပၚတူဂီမွဘ႐ူႏိုဖာနန္ဒက္စ္၊႐ူဘင္ဒိုင္ယက္စ္ႏွင့္႐ူဘင္နီဗက္စ္တို႔လည္းအဝါကတ္ျပသခံထားရပါတယ္။