
OnlyFans မော်ဒယ်တစ်ဦးဟာမက္ကာဆီကိုအသင်းသာကမ္ဘာ့ဖလားဆွတ်ခူးနိုင်လျှင်မက္ကဆီကိုဂိုးသမားဂူလာမိုအိုချိုအာအတွက်ဘယ်တော့မှမမေ့နိုင်မဲ့ညတစ်ညပိုင်ဆိုင်ရစေမယ်လို့ကတိပြုလာခဲ့ပါတယ်။
တက်တူးပညာရှင်အဖြစ်မှOnlyFansမော်ဒယ်အဖြစ်ပြောင်းလဲအလုပ်လုပ်လာတဲ့ဝန်ဒါအက်စ်ပီနိုဆာဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်မက္ကဆီကိုဂိုးသမားအတွက် နောက်ထပ်တွန်းအားတစ်ခုဖြစ်လာစေရန်အတွက်ယခုကဲ့သို့ကမ်းလှမ်းမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
မက္ကဆီကိုဟာ၁၉၈၆ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။
မက္ကဆီကိုရဲ့OnlyFansမော်ဒယ်များဖြစ်ကြတဲ့ဒါနီလာချာဗက်ဇ်နှင့်ဂျက်စီကာဆိုဒီတို့ဟာလည်းမက္ကဆီကိုအသင်းသာကမ္ဘာ့ဖလားဆွတ်ခူးနိုင်လျှင် မက္ကဆီစတားများဖြစ်တဲ့ဟာဗေးရင်းလိုဇာနိုနှင့်အယ်ဗာရိုဖီဒယ်ဂိုတို့အား ရာသက်ပန်အခမဲ့subscriptionပေးသွားမယ်လို့ကမ်းလှမ်းထားကြပြီးဖြစ်ပါတယ်။
ယခုအခါအင်စတာဂရမ်တွင်followers ၁.၁သန်းအထိရရှိထားတဲ့ဝန်ဒါကလည်း “တကယ်လို့ကျွန်မတို့သာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ရှင့်ကိုအပျော်ဆုံးဖြစ်လာအောင်လုပ်ပေးသွားမယ်”လို့အိုချိုအာကိုကတိပြုလာပါတယ်။
အိုချိုအာဟာ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင်မက္ကဆီကိုအတွက်အထူးလက်စွမ်းပြခဲ့သူဖြစ်ပါတယ်။
အသက်၃၇နှစ်ရှိဂိုးသမားဟာ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘရာဇီးနှင့်ဂိုးမရှိသရေကျအောင်စွမ်းဆောင်နိုင်ခဲ့ကာပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့ပါတယ်။သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းဂျာမနီကိုအနိုင်ရတဲ့ပွဲတွင်၉ကြိမ်တိတိလက်စွမ်းပြကာကွယ်ခဲ့သူဖြစ်ပါတယ်။
သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လေးပွဲတည်းသာကစားခဲ့ရပေမဲ့၂၅ကြိမ်ကာကွယ်ဟာပြိုင်ပွဲတစ်ခုလုံးတွင်ကာကွယ်မှုအများဆုံးဒုတိယဂိုးသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
မက္ကဆီကိုဟာမနေ့ညတုန်းကပိုလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားခဲ့ရာမှာဂိုးမရှိသရေကစားနိုင်ခဲ့ပါတယ်။
ZawGyi
ကမ္ဘာ့ဖလားဆွတ်ခူးနိုင်လျှင် မက္ကဆီကိုသူရဲကောင်းအိုချိုအာကို မမေ့နိုင်စရာ ညတစ်ညပိုင်ဆိုင်ရစေမယ်လို့ ကတိပြုလာတဲ့ မော်ဒယ်