ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် ၂၀၂၂ ခုနှစ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် မက်ဆီရွေးချယ်ခံရ၊ ထိပ်ဆုံး ၅၀ စာရင်းတွင်ပင် ရော်နယ်ဒို မပါဝင်

လီယွန်နယ်မက်ဆီဟာ၂၀၂၂ခုနှစ်ရဲ့အကောင်းဆုံးကစားသမားအဖြစ်မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ပြိုင်ဘက်ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ထိပ်ဆုံး၅၀စာရင်းတောင်မဝင်ပါဘူး။

အသက်၃၅နှစ်ရှိအာဂျင်တီးနားဂန္ထဝင်ဟာလီဂူး၁ဖလား၊ကမ္ဘာ့ဖလားတို့ဆွတ်ခူးခဲ့တဲ့အပြင်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်လည်းရွေးချယ်ခံရကာကြီးကျယ်ခမ်းနားလှတဲ့နှစ်တစ်နှစ်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုကတော့၂၀၂၂ခုနှစ်မှာအဆိုးတကာ့အဆိုးဆုံးနှစ်ကြုံခဲ့ပါတယ်။

သူဟာအဲရစ်တန်ဟက်ရဲ့အရန်ခုံသို့ပို့ခြင်းခံခဲ့ရသလို ကလပ်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရကာဆော်ဒီကလပ် Al Nassr သို့ပြောင်းခဲ့ရပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းရှုံးထွက်ပွဲနှစ်ပွဲတွင်အရန်ခုံသို့အပို့ခံခဲ့ရပါတယ်။

သူဟာ Al Nassr အတွက်နှစ်ပွဲကစားထားရာမှာတစ်ဂိုးမျှမသွင်းယူနိုင်တဲ့အပြင်ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ရှုံးပွဲအပြီးမှာပြိုင်ဘက်ပရိသတ်များရဲ့’မက်ဆီ၊မက်ဆီ၊မက်ဆီ’လို့သံပြိုင်အော်ဟစ်လှောင်ပြောင်ခြင်းနှင့်ကြုံခဲ့ရပါတယ်။

မက်ဆီက၂၀၂၂ရဲ့အကောင်းဆုံးကစားသမားနံပါတ်တစ်နေရာကိုရယူသွားပြီးပြင်သစ်စတားကိုင်လီယန်ဘက်ပေးကနံပါတ်၂နှင့်ကာရမ်ဘန်ဇီးမားကနံပါတ်၃နေရာကိုရယူသွားပါတယ်။

ဘန်ဇီးမားဟာ၂၀၂၂ခုနှစ်တွင်ချန်ပီယံလိဂ်ဖလား၊လာလီဂါဖလားဆွတ်ခူးနိုင်တဲ့အပြင် Ballon d’Or လည်းဆွတ်ခူးခဲ့ပေမဲ့ဘက်ပေးရဲ့အောက်နံပါတ်သုံးနေရာမှာသာရပ်တည်ခဲ့တာပါ။

မန်စီးတီးတွင်အံ့မခန်းဂိုးသွင်းနေတဲ့အာလင်းဟာလန်းကနံပါတ်၄၊လူကာမိုဒရစ်ကနံပါတ်၅နှင့်ကီဗင်ဒီဘရိုင်းကနံပါတ်၆နေရာမှာရပ်တည်နေပါတယ်။

ရောဘတ်လီဝန်ဒေါ့စကီး၊ဗီနီရှပ်စ်ဂျူနီယာ၊သီဘောက်ကော့တွိုက်စ်နှင့်မိုဟာမက်ဆာလက်တို့လည်းထိပ်ဆုံး၁၀ဦးစာရင်းမှာပါဝင်ခဲ့ကြပါတယ်။

ထိပ်ဆုံး၁၀ဦးအပြင်ဘက်တွင်ဆာဒေယိုမာနေးက၁၁ နေရာမှာရပ်တည်ပြီးဦးဆောင်နေကာနေမာကတော့အဆင့်၁၂နေရာမှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းကနံပါတ်၁၃၊ဂျူ့ဘယ်လင်ဂမ်ကနံပါတ်၁၄၊ကက်စ်မီရိုကနံပါတ်၁၅နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကတော့နံပါတ်၅၁နေရာမှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလားဆြတ္ခူးၿပီးေနာက္ ၂၀၂၂ ခုႏွစ္ရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ မက္ဆီေ႐ြးခ်ယ္ခံရ၊ ထိပ္ဆုံး ၅၀ စာရင္းတြင္ပင္ ေရာ္နယ္ဒို မပါဝင္

လီယြန္နယ္မက္ဆီဟာ၂၀၂၂ခုႏွစ္ရဲ႕အေကာင္းဆုံးကစားသမားအျဖစ္မဲေပးေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ဒါေပမဲ့ၿပိဳင္ဘက္ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ ထိပ္ဆုံး၅၀စာရင္းေတာင္မဝင္ပါဘူး။

အသက္၃၅ႏွစ္ရွိအာဂ်င္တီးနားဂႏၴဝင္ဟာလီဂူး၁ဖလား၊ကမာၻ႔ဖလားတို႔ဆြတ္ခူးခဲ့တဲ့အျပင္ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားအျဖစ္လည္းေ႐ြးခ်ယ္ခံရကာႀကီးက်ယ္ခမ္းနားလွတဲ့ႏွစ္တစ္ႏွစ္ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့၂၀၂၂ခုႏွစ္မွာအဆိုးတကာ့အဆိုးဆုံးႏွစ္ႀကဳံခဲ့ပါတယ္။

သူဟာအဲရစ္တန္ဟက္ရဲ႕အရန္ခုံသို႔ပို႔ျခင္းခံခဲ့ရသလို ကလပ္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရကာေဆာ္ဒီကလပ္ Al Nassr သို႔ေျပာင္းခဲ့ရပါတယ္။သူဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းရႈံးထြက္ပြဲႏွစ္ပြဲတြင္အရန္ခုံသို႔အပို႔ခံခဲ့ရပါတယ္။

သူဟာ Al Nassr အတြက္ႏွစ္ပြဲကစားထားရာမွာတစ္ဂိုးမွ်မသြင္းယူႏိုင္တဲ့အျပင္ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္ရႈံးပြဲအၿပီးမွာၿပိဳင္ဘက္ပရိသတ္မ်ားရဲ႕’မက္ဆီ၊မက္ဆီ၊မက္ဆီ’လို႔သံၿပိဳင္ေအာ္ဟစ္ေလွာင္ေျပာင္ျခင္းႏွင့္ႀကဳံခဲ့ရပါတယ္။

မက္ဆီက၂၀၂၂ရဲ႕အေကာင္းဆုံးကစားသမားနံပါတ္တစ္ေနရာကိုရယူသြားၿပီးျပင္သစ္စတားကိုင္လီယန္ဘက္ေပးကနံပါတ္၂ႏွင့္ကာရမ္ဘန္ဇီးမားကနံပါတ္၃ေနရာကိုရယူသြားပါတယ္။

ဘန္ဇီးမားဟာ၂၀၂၂ခုႏွစ္တြင္ခ်န္ပီယံလိဂ္ဖလား၊လာလီဂါဖလားဆြတ္ခူးႏိုင္တဲ့အျပင္ Ballon d’Or လည္းဆြတ္ခူးခဲ့ေပမဲ့ဘက္ေပးရဲ႕ေအာက္နံပါတ္သုံးေနရာမွာသာရပ္တည္ခဲ့တာပါ။

မန္စီးတီးတြင္အံ့မခန္းဂိုးသြင္းေနတဲ့အာလင္းဟာလန္းကနံပါတ္၄၊လူကာမိုဒရစ္ကနံပါတ္၅ႏွင့္ကီဗင္ဒီဘ႐ိုင္းကနံပါတ္၆ေနရာမွာရပ္တည္ေနပါတယ္။

ေရာဘတ္လီဝန္ေဒါ့စကီး၊ဗီနီရွပ္စ္ဂ်ဴနီယာ၊သီေဘာက္ေကာ့တြိဳက္စ္ႏွင့္မိုဟာမက္ဆာလက္တို႔လည္းထိပ္ဆုံး၁၀ဦးစာရင္းမွာပါဝင္ခဲ့ၾကပါတယ္။

ထိပ္ဆုံး၁၀ဦးအျပင္ဘက္တြင္ဆာေဒယိုမာေနးက၁၁ ေနရာမွာရပ္တည္ၿပီးဦးေဆာင္ေနကာေနမာကေတာ့အဆင့္၁၂ေနရာမွာဘဲရပ္တည္ႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းကနံပါတ္၁၃၊ဂ်ဴ႕ဘယ္လင္ဂမ္ကနံပါတ္၁၄၊ကက္စ္မီ႐ိုကနံပါတ္၁၅ေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့နံပါတ္၅၁ေနရာမွာဘဲရပ္တည္ႏိုင္ခဲ့ပါတယ္။