ကမ္ဘာ့ဖလားတတိယလုပွဲ ပွဲအစပိုင်းမှာဘဲ ကိုယ့်ဂိုးကိုယ်သွင်းမိလုနီးပါးဖြစ်ခဲ့တဲ့ မော်ရိုကိုဂိုးသမားဘိုနို

မော်ရိုကိုဂိုးသမားယာဆိန်းဘိုနိုဟာမနေ့ညတုန်းကခရိုအေးရှားနှင့်ကစားတဲ့ကမ္ဘာ့ဖလားတတိယနေရာလုပွဲတွင်ကိုယ့်ဂိုးကိုယ်သွင်းမိလုနီးပါးဖြစ်ခဲ့ပါတယ်။

မြောက်အာဖရိကအသင်းဟာဆီမီးဖိုင်နယ်တွင်ပြင်သစ်အားရှုံးနိမ့်ခဲမှုမှရုန်းကရန်မျှော်လင့်ခဲ့ပါတယ်။

ဒါပေမဲ့မော်ရိုကိုဟာပွဲအစပိုင်းမှာဘဲဆိုးရွားတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပါတယ်။

အထူးသဖြင့်ပွဲအစ၂မိနစ်မှာမော်ရိုကိုဂိုးသမားဘိုနိုဟာကိုယ့်ဂိုးကိုယ်သွင်းမိလုနီးပါးဖြစ်ခဲ့ပါတယ်။

ဂျာဝက်အယ်ယာမစ်ထံမှဘောလုံးရရှိပြီးနောက်ခရိုအေးရှားတိုက်စစ်မှူးခရာမာရစ်ရဲ့ဖိအားပေးခြင်းခံခဲ့ရပြီးနောက်ဘိုနိုဟာဘောလုံးကို ဘယ်ခြမ်းကကစားသမားဆီပေးပို့ဖို့လုပ်ခဲ့ပါတယ်။

ဒါပေမဲ့သူဟာဘောလုံးပေးပို့ရာမှချော်ထွက်ပြီးညာဂိုးထောင့်သို့ဝင်လုနီးပါးဖြစ်ပြီးမှလွဲသွားခဲ့ပါတယ်။

မော်ရိုကိုဟာကံကောင်းလို့ ကိုယ့်ဂိုးကိုယ်မသွင်းမိခဲ့ပေမဲ့လည်းချက်ချင်းပင် ပီရီဆစ်ရဲ့ခေါင်းတိုက်ချပေးမှုကနေဂျို့စ်ကိုဂဗာဂီယောကခေါင်းတိုက်ကာခရိုအေးရှားအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ယင်းဂိုးကို၂မိနစ်အကြာမှာဘဲဒါရီကမော်ရိုကိုအတွက်ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ဒါပေမဲ့ခရိုအေးရှားအတွက်တတိယရရှိစေမဲ့အနိုင်ဂိုးကိုပထမပိုင်းပြီးခါနီးမှာအော်ဆစ်ကသွင်းယူခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလားတတိယလုပြဲ ပြဲအစပိုင္းမွာဘဲ ကိုယ့္ဂိုးကိုယ္သြင္းမိလုနီးပါးျဖစ္ခဲ့တဲ့ ေမာ္႐ိုကိုဂိုးသမားဘိုႏို

ေမာ္႐ိုကိုဂိုးသမားယာဆိန္းဘိုႏိုဟာမေန႔ညတုန္းကခ႐ိုေအးရွားႏွင့္ကစားတဲ့ကမာၻ႔ဖလားတတိယေနရာလုပြဲတြင္ကိုယ့္ဂိုးကိုယ္သြင္းမိလုနီးပါးျဖစ္ခဲ့ပါတယ္။

ေျမာက္အာဖရိကအသင္းဟာဆီမီးဖိုင္နယ္တြင္ျပင္သစ္အားရႈံးနိမ့္ခဲမႈမွ႐ုန္းကရန္ေမွ်ာ္လင့္ခဲ့ပါတယ္။

ဒါေပမဲ့ေမာ္႐ိုကိုဟာပြဲအစပိုင္းမွာဘဲဆိုး႐ြားတဲ့အျဖစ္အပ်က္ေတြႀကဳံခဲ့ရပါတယ္။

အထူးသျဖင့္ပြဲအစ၂မိနစ္မွာေမာ္႐ိုကိုဂိုးသမားဘိုႏိုဟာကိုယ့္ဂိုးကိုယ္သြင္းမိလုနီးပါးျဖစ္ခဲ့ပါတယ္။

ဂ်ာဝက္အယ္ယာမစ္ထံမွေဘာလုံးရရွိၿပီးေနာက္ခ႐ိုေအးရွားတိုက္စစ္မႉးခရာမာရစ္ရဲ႕ဖိအားေပးျခင္းခံခဲ့ရၿပီးေနာက္ဘိုႏိုဟာေဘာလုံးကို ဘယ္ျခမ္းကကစားသမားဆီေပးပို႔ဖို႔လုပ္ခဲ့ပါတယ္။

ဒါေပမဲ့သူဟာေဘာလုံးေပးပို႔ရာမွေခ်ာ္ထြက္ၿပီးညာဂိုးေထာင့္သို႔ဝင္လုနီးပါးျဖစ္ၿပီးမွလြဲသြားခဲ့ပါတယ္။

ေမာ္႐ိုကိုဟာကံေကာင္းလို႔ ကိုယ့္ဂိုးကိုယ္မသြင္းမိခဲ့ေပမဲ့လည္းခ်က္ခ်င္းပင္ ပီရီဆစ္ရဲ႕ေခါင္းတိုက္ခ်ေပးမႈကေနဂ်ိဳ႕စ္ကိုဂဗာဂီေယာကေခါင္းတိုက္ကာခ႐ိုေအးရွားအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ယင္းဂိုးကို၂မိနစ္အၾကာမွာဘဲဒါရီကေမာ္႐ိုကိုအတြက္ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ခ႐ိုေအးရွားအတြက္တတိယရရွိေစမဲ့အႏိုင္ဂိုးကိုပထမပိုင္းၿပီးခါနီးမွာေအာ္ဆစ္ကသြင္းယူခဲ့ပါတယ္။