ကမ္ဘာ့ဖလားတွင် ဂါနာအတွက် ကစားလာမှာမဟုတ်တဲ့ အင်္ဂလန်ယူ-၂၁ ဂိုးသွင်းစံချိန်ရှင် အက်ဒီနကီတာ

အာဆင်နယ်စတားအက်ဒီနကီတာဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂါနာအတွက်ပါဝင်ကစားလာမှာမဟုတ်ကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိအက်ဒီနကီတာဟာအင်္ဂလန်ယူ-၂၁အသင်းအတွက်၁၇ပွဲကစားထားရာမှာ၁၆ဂိုးသွင်းယူပြီးအင်္ဂလန်ယူ-၂၁သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးထားသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့အက်ဒီနကီတာဟာဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းတွင်တစ်ကြိမ်မျှ ရွေးချယ်ခြင်းခံထားရဖူးခြင်းမရှိပါဘူး။

ဒါကြောင့်လည်းသူဟာလာမယ့်နိုင်ငံပြောင်းပြီးဂါနာအတွက်ကစားလာမယ်လို့သတင်းထွက်ပေါ်လာခဲ့သူလည်းဖြစ်ပါတယ်။

ဂါနာဟာဘရိုက်တန်ရဲ့တာရစ်လမ်တေးကို ၎င်းတို့အတွက်ကစားပေးရန်ဖျောင်းဖျထားနိုင်ပြီးဖြစ်သလို ချဲလ်ဆီးစတားကယ်လမ်ဟတ်ဆင်အိုဒွိုင်းကိုလည်းကြိုးစားနေပါတယ်။

ဂါနာဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများဟာကမ္ဘာ့လားတွင်အက်ဒီနကီတာကိုရွေးချယ်လိုနေပါတယ်။ဒါပေမဲ့အက်ဒီနကီတာကတော့ ဂါနာအတွက် မကစားသေးဘဲ အင်္ဂလန်အသင်းအတွက်ကစားရန်အခွင့်အရေးရရှိလာနိုင်မှုအပေါ်စောင့်ဆိုင်းရန်ဆုံးဖြတ်လာပြီဖြစ်ပါတယ်။

အက်ဒီနကီတာဟာပြီးခဲ့တဲ့ဇွန်လတုန်းကမှအာဆင်နယ်နှင့်နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။သူဟာယခုရာသီတွင်အာဆင်နယ်အတွက်၁၃ပွဲကစားကာ၂ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi

ကမာၻ႔ဖလားတြင္ ဂါနာအတြက္ ကစားလာမွာမဟုတ္တဲ့ အဂၤလန္ယူ-၂၁ ဂိုးသြင္းစံခ်ိန္ရွင္ အက္ဒီနကီတာ

အာဆင္နယ္စတားအက္ဒီနကီတာဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဂါနာအတြက္ပါဝင္ကစားလာမွာမဟုတ္ေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိအက္ဒီနကီတာဟာအဂၤလန္ယူ-၂၁အသင္းအတြက္၁၇ပြဲကစားထားရာမွာ၁၆ဂိုးသြင္းယူၿပီးအဂၤလန္ယူ-၂၁သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးထားသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့အက္ဒီနကီတာဟာဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းတြင္တစ္ႀကိမ္မွ် ေ႐ြးခ်ယ္ျခင္းခံထားရဖူးျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းသူဟာလာမယ့္ႏိုင္ငံေျပာင္းၿပီးဂါနာအတြက္ကစားလာမယ္လို႔သတင္းထြက္ေပၚလာခဲ့သူလည္းျဖစ္ပါတယ္။

ဂါနာဟာဘ႐ိုက္တန္ရဲ႕တာရစ္လမ္ေတးကို ၎တို႔အတြက္ကစားေပးရန္ေဖ်ာင္းဖ်ထားႏိုင္ၿပီးျဖစ္သလို ခ်ဲလ္ဆီးစတားကယ္လမ္ဟတ္ဆင္အိုဒြိဳင္းကိုလည္းႀကိဳးစားေနပါတယ္။

ဂါနာေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားဟာကမာၻ႔လားတြင္အက္ဒီနကီတာကိုေ႐ြးခ်ယ္လိုေနပါတယ္။ဒါေပမဲ့အက္ဒီနကီတာကေတာ့ ဂါနာအတြက္ မကစားေသးဘဲ အဂၤလန္အသင္းအတြက္ကစားရန္အခြင့္အေရးရရွိလာႏိုင္မႈအေပၚေစာင့္ဆိုင္းရန္ဆုံးျဖတ္လာၿပီျဖစ္ပါတယ္။

အက္ဒီနကီတာဟာၿပီးခဲ့တဲ့ဇြန္လတုန္းကမွအာဆင္နယ္ႏွင့္ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူျဖစ္ပါတယ္။သူဟာယခုရာသီတြင္အာဆင္နယ္အတြက္၁၃ပြဲကစားကာ၂ဂိုးသြင္းထားႏိုင္ပါတယ္။