ကမ္ဘာ့ဖလားတွင် ပြင်သစ်အတွက် ဘန်ဇီးမားကစားနိုင်ခဲ့ပေမဲ့ ဒက်ချမ့်က ထုတ်ပယ်ခဲ့တယ်လို့ အေးဂျင့်ဖွင့်ဟလာ

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာကာရမ်ဘန်ဇီးမားရဲ့၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်မှုနဲ့ပတ်သက်ပြီးသတင်းပေါင်းများစွာထွက်ပေါ်ခဲ့ဖူးပါတယ်။

ယခုအခါမှာတော့ဘန်ဇီးမားရဲ့အေးဂျင့်ကဘန်ဇီးမားမှာကမ္ဘာ့ဖလားရှုံးထွက်ဆင့်ပွဲစဉ်များတွင်ကစားနိုင်တဲ့အနေအထားမျိုးတွင်ရှိပေမဲ့လည်း နည်းပြဒီဒီယာဒက်ချမ့်ကအတင်းနှင်ထုတ်ခဲ့တယ်လို့ဖွင့်ချလာခဲ့ပြီဖြစ်ပါတယ်။

အသက်၃၅နှစ်ရှိကာရမ်ဘန်ဇီးမားဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်တိုက်စစ်ကိုဦးဆောင်လာမယ်လို့အားလုံးရဲ့ယုံကြည်ခြင်းခံခဲ့ရပေမဲ့လည်း ပြိုင်ပွဲမတိုင်မီဒဏ်ရာရရှိကာနုတ်ထွက်ခဲ့ရပါတယ်။

ဒါပေမဲ့ကာရမ်ဘန်ဇီးမားဟာရီးရဲလ်မက်ဒရစ်နှင့်ပူးပေါင်းချိန်တွင်ဒဏ်ရာကိုသုံးရက်တည်းသာကုသရန်လိုအပ်နေခဲ့ပြီးဗိုလ်လုပွဲတွင်ကစားရန်အသင့်ဖြစ်နေခဲ့ပါတယ်။

ဘန်ဇီးမားဟာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ရန်ပြင်သစ်သမ္မတမက်ခရွန်ရဲ့ဖိတ်ကြားခြင်းခံခဲ့ရပေမဲ့သူ့ကို ကမ္ဘာ့ဖလားလူစာရင်းမှအတင်းထွက်ခွာရန်ညွှန်ကြားခဲ့တဲ့ဒီဒီယာဒက်ချမ့်ရဲ့လုပ်ရပ်အပေါ်မကျေမနပ်ဖြစ်ကာငြင်းပယ်ခဲ့ပါတယ်။

ယခုအခါဘန်ဇီးမားအတွက်ကာလရှည်ကာအေးဂျင့်အဖြစ်အလုပ်လုပ်လာခဲ့တဲ့ကာရမ်ဒီဂျာဇီရီက ဘန်ဇီးမားမှာကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲစဉ်များတွင်ကစားနိုင်တဲ့အနေအထားတွင်ရှိပေမဲ့နည်းပြဒက်ချမ့်ကပိတ်ပင်ခဲ့ကြောင်းဖွင့်ချလာပါတယ်။

ဒီဂျာဇီရီက”ကျွန်တော်ဟာဘန်ဇီးမားရရှိနေတဲ့ဒဏ်ရာကိုအထူးစပါယ်ရှယ်သုံးဦးဆီကအကြံဉာဏ်ရယူတဲ့အချိန်မှာ၁၆သင်းရှံးထွက်အဆင့်မှာအနည်းဆုံးအရန်ခုံမှာထိုင်နိုင်မယ်လို့ပြောကြားခဲ့ကြပါတယ်။ဘာလို့မြန်မြန်ဆန်ဆန်ထွက်ခွာဖို့ပြောရတာလဲ”လို့ပြောကြားသွားပါတယ်။

ဘန်ဇီးမားနှင့်ဒက်ချမ့်တို့ဟာကာတာကမ္ဘာ့ဖလားမတိုင်မီကတည်းကပြဿနာရှိခဲ့ဖူးပါတယ်။ဘန်ဇီးမားဟာကစားဖော်မက်သရူးဗယ်ဘူနာကိုကိုယ်တိုင်ရိုက်ဗီဒီယိုခွေဖြင့်ငွေညှစ်မှုတွင်ပါဝင်ပတ်သက်မှုကြောင့်ပြင်သစ်အသင်းတွင်ရွေးချယ်ခြင်းငြင်းပယ်လာခဲ့ပါတယ်။

၂၀၂၁ခုနှစ်၊နိုဝင်ဘာလမှာတရားရုံးကဘန်ဇီးမားကိုဆိုင်းငံ့ပြစ်ဒဏ်တစ်နှစ်နှင့်ဒဏ်ငွေပေါင်၆၃၀၀၀ချမှတ်ခဲ့ပါတယ်။ယင်းမတိုင်မီလအနည်းငယ်အလိုတွင်ဒက်ချမ့်ဟာဘန်ဇီးမားကိုပြင်သစ်အသင်းမှာပြန်လည်ရွေးချယ်လာခဲ့ပါတယ်။

ဘန်ဇီးမားဟာကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးတွင်လက်ရွေးစင်ကစားသမားဘဝမှအနားယူခဲ့ပေမဲ့လည်းပြင်သစ်နည်းပြသစ်အဖြစ်ဇီဒန်းခန့်အပ်ခြင်းခံရပါက ပြင်သစ်အတွက်ပြန်ကစားသွားရန်အသင့်ရှိနေကြောင်းသိရပါတယ်။

ZawGyi

ကမာၻ႔ဖလားတြင္ ျပင္သစ္အတြက္ ဘန္ဇီးမားကစားႏိုင္ခဲ့ေပမဲ့ ဒက္ခ်မ့္က ထုတ္ပယ္ခဲ့တယ္လို႔ ေအးဂ်င့္ဖြင့္ဟလာ

ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြအတြင္းမွာကာရမ္ဘန္ဇီးမားရဲ႕၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲလြဲေခ်ာ္မႈနဲ႔ပတ္သက္ၿပီးသတင္းေပါင္းမ်ားစြာထြက္ေပၚခဲ့ဖူးပါတယ္။

ယခုအခါမွာေတာ့ဘန္ဇီးမားရဲ႕ေအးဂ်င့္ကဘန္ဇီးမားမွာကမာၻ႔ဖလားရႈံးထြက္ဆင့္ပြဲစဥ္မ်ားတြင္ကစားႏိုင္တဲ့အေနအထားမ်ိဳးတြင္ရွိေပမဲ့လည္း နည္းျပဒီဒီယာဒက္ခ်မ့္ကအတင္းႏွင္ထုတ္ခဲ့တယ္လို႔ဖြင့္ခ်လာခဲ့ၿပီျဖစ္ပါတယ္။

အသက္၃၅ႏွစ္ရွိကာရမ္ဘန္ဇီးမားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျပင္သစ္တိုက္စစ္ကိုဦးေဆာင္လာမယ္လို႔အားလုံးရဲ႕ယုံၾကည္ျခင္းခံခဲ့ရေပမဲ့လည္း ၿပိဳင္ပြဲမတိုင္မီဒဏ္ရာရရွိကာႏုတ္ထြက္ခဲ့ရပါတယ္။

ဒါေပမဲ့ကာရမ္ဘန္ဇီးမားဟာရီးရဲလ္မက္ဒရစ္ႏွင့္ပူးေပါင္းခ်ိန္တြင္ဒဏ္ရာကိုသုံးရက္တည္းသာကုသရန္လိုအပ္ေနခဲ့ၿပီးဗိုလ္လုပြဲတြင္ကစားရန္အသင့္ျဖစ္ေနခဲ့ပါတယ္။

ဘန္ဇီးမားဟာကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ရန္ျပင္သစ္သမၼတမက္ခ႐ြန္ရဲ႕ဖိတ္ၾကားျခင္းခံခဲ့ရေပမဲ့သူ႔ကို ကမာၻ႔ဖလားလူစာရင္းမွအတင္းထြက္ခြာရန္ၫႊန္ၾကားခဲ့တဲ့ဒီဒီယာဒက္ခ်မ့္ရဲ႕လုပ္ရပ္အေပၚမေက်မနပ္ျဖစ္ကာျငင္းပယ္ခဲ့ပါတယ္။

ယခုအခါဘန္ဇီးမားအတြက္ကာလရွည္ကာေအးဂ်င့္အျဖစ္အလုပ္လုပ္လာခဲ့တဲ့ကာရမ္ဒီဂ်ာဇီရီက ဘန္ဇီးမားမွာကမာၻ႔ဖလားရႈံးထြက္အဆင့္ပြဲစဥ္မ်ားတြင္ကစားႏိုင္တဲ့အေနအထားတြင္ရွိေပမဲ့နည္းျပဒက္ခ်မ့္ကပိတ္ပင္ခဲ့ေၾကာင္းဖြင့္ခ်လာပါတယ္။

ဒီဂ်ာဇီရီက”ကြၽန္ေတာ္ဟာဘန္ဇီးမားရရွိေနတဲ့ဒဏ္ရာကိုအထူးစပါယ္ရွယ္သုံးဦးဆီကအႀကံဉာဏ္ရယူတဲ့အခ်ိန္မွာ၁၆သင္းရွံးထြက္အဆင့္မွာအနည္းဆုံးအရန္ခုံမွာထိုင္ႏိုင္မယ္လို႔ေျပာၾကားခဲ့ၾကပါတယ္။ဘာလို႔ျမန္ျမန္ဆန္ဆန္ထြက္ခြာဖို႔ေျပာရတာလဲ”လို႔ေျပာၾကားသြားပါတယ္။

ဘန္ဇီးမားႏွင့္ဒက္ခ်မ့္တို႔ဟာကာတာကမာၻ႔ဖလားမတိုင္မီကတည္းကျပႆနာရွိခဲ့ဖူးပါတယ္။ဘန္ဇီးမားဟာကစားေဖာ္မက္သ႐ူးဗယ္ဘူနာကိုကိုယ္တိုင္႐ိုက္ဗီဒီယိုေခြျဖင့္ေငြညႇစ္မႈတြင္ပါဝင္ပတ္သက္မႈေၾကာင့္ျပင္သစ္အသင္းတြင္ေ႐ြးခ်ယ္ျခင္းျငင္းပယ္လာခဲ့ပါတယ္။

၂၀၂၁ခုႏွစ္၊ႏိုဝင္ဘာလမွာတရား႐ုံးကဘန္ဇီးမားကိုဆိုင္းငံ့ျပစ္ဒဏ္တစ္ႏွစ္ႏွင့္ဒဏ္ေငြေပါင္၆၃၀၀၀ခ်မွတ္ခဲ့ပါတယ္။ယင္းမတိုင္မီလအနည္းငယ္အလိုတြင္ဒက္ခ်မ့္ဟာဘန္ဇီးမားကိုျပင္သစ္အသင္းမွာျပန္လည္ေ႐ြးခ်ယ္လာခဲ့ပါတယ္။

ဘန္ဇီးမားဟာကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးတြင္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူခဲ့ေပမဲ့လည္းျပင္သစ္နည္းျပသစ္အျဖစ္ဇီဒန္းခန႔္အပ္ျခင္းခံရပါက ျပင္သစ္အတြက္ျပန္ကစားသြားရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။