
ဒိန်းမတ်ဟာဖီဖာမှနုတ်ထွက်ရေးအတွက်အခြားဥရောပဘောလုံးအဖွဲ့ချုပ်ဝင်များနှင့်ဆွေးနွေးမှုများပြုလုပ်ရန်စီစဉ်နေပါတယ်။
ဒိန်းမတ်၊အင်္ဂလန်၊ဂျာမနီ၊ဝေးလ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊နယ်သာလန်တို့နှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ရန်စီစဉ်ထားခဲ့ပေမဲ့လည်းအသင်းခေါင်းဆောင်များမှာကွင်းသို့ခြေမချမီမှာပင် အဝါကတ်ပြသခံရခြင်း(သို့မဟုတ်)ပွဲပယ်ခံရခြင်းကြုံရနိုင်တာကြောင့်နောက်ဆုတ်ခဲ့ရပါတယ်။
ယခုအခါဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂျက်စ်ပါမိုလ်လာကအင်္ဂလန်အပါအဝင်ဥရောပဘောလုံးအဖွဲ့ချုပ်ဝင်၅၅နိုင်ငံတို့နှင့်အတူ ဖီဖာထံမှ နုတ်ထွက်ရေးအတွက်ဆွေးနွေးလာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။
ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာ One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပါက နိုင်ငံအသင်း ၇ သင်း အသင်းခေါင်းဆောင်တို့အားအားကစားဆိုင်ရာပြစ်ဒဏ်ချမှတ်လာမယ်လို့ဖီဖာကခြိမ်းခြောက်လာမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေတာလည်းဖြစ်ပါတယ်။
တဖက်တွင်ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာဖီဖာဥက္ကဌအဖြစ်ပြန်လည်ရွေးချယ်ခံရမယ့်ဂျီယန်နီအင်ဖန်တီနိုကိုလည်းမထောက်ခံတဲ့အဖွဲ့ချုပ်ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာဖီဖာက One Love အသင်းခေါင်းဆောင်လက်ပတ်ပိတ်ပင်မှုအားဂျပန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမတိုင်မီအသင်းလိုက်ဓာတ်ပုံရိုက်ကူးရာတွင်ပါးစပ်ကိုလက်ဖြင့်ပိတ်ပြီးဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင်ဂျာမနီနိုင်ငံရေးသမားနန်စီဖေဆာဟာOne Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပြီးဖီဖာဥက္ကဌအင်ဖန်တီနိုနှင့်အတူဂျာမနီနှင့်ဂျပန်ပွဲကိုကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင်ဒိန်းမတ်ဝန်ကြီးချုပ်ဟယ်လီသော်နင်းရှမစ်မှာလည်းဒိန်းမတ်နှင့်တူနီးရှားပွဲစဉ်တွင်သက်တန့်ရောင်ပါ အပြာရောင်ဝတ်စုံဝတ်ဆင်ကြည့်ရှုခဲ့ပါသေးတယ်။
ဘယ်လ်ဂျီယံအသင်းမှာလည်းဖီဖာရဲ့သက်တန့်ရောင်နှင့် One Love ပိတ်ပင်မှုကြောင့် Love ဆိုတဲ့စာသားပါအဝေးကွင်းဝတ်စုံကိုပြောင်းလဲခဲ့ရတဲ့အပြင်ပွဲမတိုင်မီဝတ်စုံကိုလည်းပြောင်းလဲမှုပြုလုပ်ခဲ့ရပါတယ်။
ZawGyi
ကမာၻ႔ဖလားတြင္ ျပႆနာတက္လာၿပီးေနာက္ ဖီဖာမွ ႏုတ္ထြက္ရန္ အဂၤလန္ႏွင့္ ေဆြးေႏြးလာမယ့္ ဒိန္းမတ္
ဒိန္းမတ္ဟာဖီဖာမွႏုတ္ထြက္ေရးအတြက္အျခားဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ဝင္မ်ားႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ရန္စီစဥ္ေနပါတယ္။
ဒိန္းမတ္၊အဂၤလန္၊ဂ်ာမနီ၊ေဝးလ္၊ဘယ္လ္ဂ်ီယံ၊ဆြစ္ဇာလန္၊နယ္သာလန္တို႔ႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ရန္စီစဥ္ထားခဲ့ေပမဲ့လည္းအသင္းေခါင္းေဆာင္မ်ားမွာကြင္းသို႔ေျခမခ်မီမွာပင္ အဝါကတ္ျပသခံရျခင္း(သို႔မဟုတ္)ပြဲပယ္ခံရျခင္းႀကဳံရႏိုင္တာေၾကာင့္ေနာက္ဆုတ္ခဲ့ရပါတယ္။
ယခုအခါဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဂ်က္စ္ပါမိုလ္လာကအဂၤလန္အပါအဝင္ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ဝင္၅၅ႏိုင္ငံတို႔ႏွင့္အတူ ဖီဖာထံမွ ႏုတ္ထြက္ေရးအတြက္ေဆြးေႏြးလာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။
ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ပါက ႏိုင္ငံအသင္း ၇ သင္း အသင္းေခါင္းေဆာင္တို႔အားအားကစားဆိုင္ရာျပစ္ဒဏ္ခ်မွတ္လာမယ္လို႔ဖီဖာကၿခိမ္းေျခာက္လာမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနတာလည္းျဖစ္ပါတယ္။
တဖက္တြင္ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဖီဖာဥကၠဌအျဖစ္ျပန္လည္ေ႐ြးခ်ယ္ခံရမယ့္ဂ်ီယန္နီအင္ဖန္တီႏိုကိုလည္းမေထာက္ခံတဲ့အဖြဲ႕ခ်ဳပ္ျဖစ္ပါတယ္။
ဂ်ာမနီအသင္းဟာဖီဖာက One Love အသင္းေခါင္းေဆာင္လက္ပတ္ပိတ္ပင္မႈအားဂ်ပန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမတိုင္မီအသင္းလိုက္ဓာတ္ပုံ႐ိုက္ကူးရာတြင္ပါးစပ္ကိုလက္ျဖင့္ပိတ္ၿပီးဆႏၵထုတ္ေဖာ္မႈျပဳလုပ္ခဲ့ၾကပါတယ္။
ဒါ့အျပင္ဂ်ာမနီႏိုင္ငံေရးသမားနန္စီေဖဆာဟာOne Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ၿပီးဖီဖာဥကၠဌအင္ဖန္တီႏိုႏွင့္အတူဂ်ာမနီႏွင့္ဂ်ပန္ပြဲကိုၾကည့္ရႈခဲ့ပါတယ္။
ဒါ့အျပင္ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ဟယ္လီေသာ္နင္းရွမစ္မွာလည္းဒိန္းမတ္ႏွင့္တူနီးရွားပြဲစဥ္တြင္သက္တန႔္ေရာင္ပါ အျပာေရာင္ဝတ္စုံဝတ္ဆင္ၾကည့္ရႈခဲ့ပါေသးတယ္။
ဘယ္လ္ဂ်ီယံအသင္းမွာလည္းဖီဖာရဲ႕သက္တန႔္ေရာင္ႏွင့္ One Love ပိတ္ပင္မႈေၾကာင့္ Love ဆိုတဲ့စာသားပါအေဝးကြင္းဝတ္စုံကိုေျပာင္းလဲခဲ့ရတဲ့အျပင္ပြဲမတိုင္မီဝတ္စုံကိုလည္းေျပာင္းလဲမႈျပဳလုပ္ခဲ့ရပါတယ္။