ကမ္ဘာ့ဖလားတွင် ဖျော်ဖြေရန် ငွေများစွာဖြင့် ကမ်းလှမ်းမှုကို Eminem ပယ်ချမှုကြောင့် ဒေါ်လာ ၁ သန်းနစ်နာခဲ့တဲ့ 50 Cent

50 Cent ကကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဖျော်ဖြေရန် Eminem ငြင်းပယ်လိုက်မှုကြောင့်ငွေများစွာနစ်နာခဲ့ရကြောင်းဆိုသွားပါတယ်။

၂၀၂၂ခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုအမေရိကန်၊ဂျာမေကာ၊ဂျာမနီ၊စပိန်၊ပြင်သစ်၊ကိုလံဘီယာအပါအဝင်နိုင်ငံပေါင်းများစွာတို့မှအဆိုတော်များလာရောက်ဖျော်ဖြေခဲ့ကြပါတယ်။

ကယ်ဗင်ဟားရစ်လည်းပရိသတ်ကြည့်ပွဲကိုဖျော်ဖြေခဲ့ပါတယ်။ဒါပေမဲ့ကာတာရောက်ဘောလုံးပရိသတ်များဟာဒိုဟာတွင် Eminem နှင့် 50 Cent တို့ ဖျော်ဖြေတာကိုမကြည့်ခဲ့ရပါဘူး။

 

Eminem ဟာSuper Bowl Halftime Showတွင်ဖျော်ဖြေခဲ့ရာအားကစားပရိသတ်များကိုလည်းဖျော်ဖြေနိုင်စွမ်းရှိကြောင်းပြသခဲ့ပါတယ်။

50 Cent ရဲ့ပြောကြားမှုအရကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ဖျော်ဖြေရန် သူနှင့် Eminem တို့အားဒေါ်လာ၉သန်းဖြင့်ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။

50 Cent က”Super Bowl ကြောင့် ကမ္ဘာ့ဖလားမှာဖျော်ဖြေဖို့ကမ်းလှမ်းခံခဲ့ရတယ်။သူတို့ကဒေါ်လာ၉သန်း(ပေါင်၇.၃သန်း)နဲ့ကမ်းလှမ်းတာ”လို့ဆိုသွားပါတယ်။

50 Cent ဟာကမ္ဘာ့ဖလားတွင်ဖြေဖျော်ရန် ဒေါ်လာ၁သန်းရရှိရုံဖြင့်ကျေနပ်မှာဖြစ်ပြီးကျန်ဒေါ်လာ၈သန်းကို Eminem ကိုပေးရန်အသင့်ရှိနေခဲ့ပါတယ်။ဒါပေမဲ့မည်သည့်အကြောင်းကြောင့်မှန်းမသိ Eminem ဟာကမ္ဘာ့ဖလားတွင်ဖျော်ဖြေရန်ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ Eminem ဟာပရိသတ်များရဲ့ဝေဖန်ခံရမည်ကိုစိုးရိမ်ခြင်းကြောင့်ကမ္ဘာ့ဖလားတွင်ဖျော်ဖြေရန်ငြင်းဆိုခဲ့ပုံရပါတယ်။

ကမ္ဘာ့ဖလားတွင်ဖျော်ဖြေခဲ့တဲ့ကယ်ဗင်ဟားရစ်ဟာလိင်တူချစ်သူအသိုင်းအဝိုင်းရဲ့အကြီးအကျယ်ဝေဖန်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ကမာၻ႔ဖလားတြင္ ေဖ်ာ္ေျဖရန္ ေငြမ်ားစြာျဖင့္ ကမ္းလွမ္းမႈကို Eminem ပယ္ခ်မႈေၾကာင့္ ေဒၚလာ ၁ သန္းနစ္နာခဲ့တဲ့ 50 Cent

50 Cent ကကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေဖ်ာ္ေျဖရန္ Eminem ျငင္းပယ္လိုက္မႈေၾကာင့္ေငြမ်ားစြာနစ္နာခဲ့ရေၾကာင္းဆိုသြားပါတယ္။

၂၀၂၂ခုႏွစ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုအေမရိကန္၊ဂ်ာေမကာ၊ဂ်ာမနီ၊စပိန္၊ျပင္သစ္၊ကိုလံဘီယာအပါအဝင္ႏိုင္ငံေပါင္းမ်ားစြာတို႔မွအဆိုေတာ္မ်ားလာေရာက္ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

ကယ္ဗင္ဟားရစ္လည္းပရိသတ္ၾကည့္ပြဲကိုေဖ်ာ္ေျဖခဲ့ပါတယ္။ဒါေပမဲ့ကာတာေရာက္ေဘာလုံးပရိသတ္မ်ားဟာဒိုဟာတြင္ Eminem ႏွင့္ 50 Cent တို႔ ေဖ်ာ္ေျဖတာကိုမၾကည့္ခဲ့ရပါဘူး။

Eminem ဟာSuper Bowl Halftime Showတြင္ေဖ်ာ္ေျဖခဲ့ရာအားကစားပရိသတ္မ်ားကိုလည္းေဖ်ာ္ေျဖႏိုင္စြမ္းရွိေၾကာင္းျပသခဲ့ပါတယ္။

50 Cent ရဲ႕ေျပာၾကားမႈအရကာတာကမာၻ႔ဖလားက်င္းပေရးေကာ္မတီဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ေဖ်ာ္ေျဖရန္ သူႏွင့္ Eminem တို႔အားေဒၚလာ၉သန္းျဖင့္ကမ္းလွမ္းခဲ့ေၾကာင္းသိရပါတယ္။

50 Cent က”Super Bowl ေၾကာင့္ ကမာၻ႔ဖလားမွာေဖ်ာ္ေျဖဖို႔ကမ္းလွမ္းခံခဲ့ရတယ္။သူတို႔ကေဒၚလာ၉သန္း(ေပါင္၇.၃သန္း)နဲ႔ကမ္းလွမ္းတာ”လို႔ဆိုသြားပါတယ္။

50 Cent ဟာကမာၻ႔ဖလားတြင္ေျဖေဖ်ာ္ရန္ ေဒၚလာ၁သန္းရရွိ႐ုံျဖင့္ေက်နပ္မွာျဖစ္ၿပီးက်န္ေဒၚလာ၈သန္းကို Eminem ကိုေပးရန္အသင့္ရွိေနခဲ့ပါတယ္။ဒါေပမဲ့မည္သည့္အေၾကာင္းေၾကာင့္မွန္းမသိ Eminem ဟာကမာၻ႔ဖလားတြင္ေဖ်ာ္ေျဖရန္ျငင္းဆိုခဲ့ပါတယ္။

ဒါေပမဲ့ Eminem ဟာပရိသတ္မ်ားရဲ႕ေဝဖန္ခံရမည္ကိုစိုးရိမ္ျခင္းေၾကာင့္ကမာၻ႔ဖလားတြင္ေဖ်ာ္ေျဖရန္ျငင္းဆိုခဲ့ပုံရပါတယ္။

ကမာၻ႔ဖလားတြင္ေဖ်ာ္ေျဖခဲ့တဲ့ကယ္ဗင္ဟားရစ္ဟာလိင္တူခ်စ္သူအသိုင္းအဝိုင္းရဲ႕အႀကီးအက်ယ္ေဝဖန္ျခင္းခံခဲ့ရပါတယ္။