
အင်္ဂလန်နည်းပြဟောင်းဆမ်အလာဒွိုက်ကဂါရတ်ဆောက်ဂိတ်မှာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အသင်းကိုချန်ပီယံဖြစ်အောင်လုပ်ဆောင်လာနိုင်ပါကလည်းအင်္ဂလန်နည်းပြရာထူးမှနုတ်ထွက်လာမည်ဖြစ်ကြောင်းဟောကိန်းထုတ်လာပါတယ်။
ဘော်လ်တန်နှင့်ဝက်စ်ဟမ်းနည်းပြဟောင်းကဆောက်ဂိတ်မှာကမ္ဘာ့ဖလားပြိုင်ပွဲတွင်မည်သည့်ရလဒ်မျိုးရရှိလာပါစေ ကမ္ဘာ့ဖလားအပြီးမှနုတ်ထွက်လာမယ်လို့ဆိုလာတာဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာလွန်ခဲ့တဲ့လအနည်းငယ်ခန့်တုန်းကမှအင်္ဂလန်အသင်းကိုယူရို၂၀၂၄ပြိုင်ပွဲအထိကိုင်တွယ်မဲ့စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ဆမ်အလာဒွိုက်က “ကမ္ဘာ့ဖလားမရခဲ့ရင်တော့ဆောက်ဂိတ်ဟာအင်္ဂလန်မန်နေဂျာရာထူးကနေနုတ်ထွက်ပါလိမ့်မယ်။တကယ်လို့ရခဲ့တယ်ဆိုရင်လည်းအမြင့်မားဆုံးအနေအထားမျိုးနဲ့ထွက်ခွာလာပါလိမ့်မယ်။ချန်ပီယံဖြစ်ခဲ့တယ်ဆိုရင်တော့ထွက်ခွာဖို့အကောင်းဆုံးပေါ့ဗျာ”လို့ပြောကြားသွားပါတယ်။
ဆမ်အလာဒွိုက်ဟာ၂၀၁၆ခုနှစ်တုန်းကအင်္ဂလန်အသင်းနည်းပြအဖြစ်တာဝန်ယူခဲ့ဖူးပေမဲ့၆၇ရက်အကြာ တစ်ပွဲတည်းသာကိုင်တွယ်ရပြီးချိန်တွင်နုတ်ထွက်သွားခဲ့ရပါတယ်။
ဆမ်အလာဒွိုက်ဟာအသွင်ယူထားတဲ့သတင်းထောက်အား Third-Party Player Ownership စည်းမျဉ်းချိုးဖောက်မှုနှင့်ပတ်သက်ပြီးပြောဆိုခဲ့မှုကြောင့်နုတ်ထွက်လိုက်ရတာလည်းဖြစ်ပါတယ်။
အင်္ဂလန်ဟာတနင်္လာနေ့တွင်ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ်အီရန်နှင့်ရင်ဆိုင်ရမှာဖြစ်ပြီးယင်းပွဲအပြီးတွင်အမေရိကန်၊ဝေးလ်တို့နှင့်အုပ်စုပွဲကစားသွားရမှာဖြစ်ပြီး၁၆သင်းရှုံးထွက်အဆင့်သို့အုပ်စုဗိုလ်အဖြစ်တက်ရောက်ရန်အခြေအနေကောင်းနေပါတယ်။
ZawGyi
ကမာၻ႔ဖလားတြင္ မည္သည့္ရလဒ္ရရွိလာပါေစ အဂၤလန္နည္းျပရာထူးမွ ေဆာက္ဂိတ္ထြက္ခြာမည္
အဂၤလန္နည္းျပေဟာင္းဆမ္အလာဒြိဳက္ကဂါရတ္ေဆာက္ဂိတ္မွာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဂၤလန္အသင္းကိုခ်န္ပီယံျဖစ္ေအာင္လုပ္ေဆာင္လာႏိုင္ပါကလည္းအဂၤလန္နည္းျပရာထူးမွႏုတ္ထြက္လာမည္ျဖစ္ေၾကာင္းေဟာကိန္းထုတ္လာပါတယ္။
ေဘာ္လ္တန္ႏွင့္ဝက္စ္ဟမ္းနည္းျပေဟာင္းကေဆာက္ဂိတ္မွာကမာၻ႔ဖလားၿပိဳင္ပြဲတြင္မည္သည့္ရလဒ္မ်ိဳးရရွိလာပါေစ ကမာၻ႔ဖလားအၿပီးမွႏုတ္ထြက္လာမယ္လို႔ဆိုလာတာျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာလြန္ခဲ့တဲ့လအနည္းငယ္ခန႔္တုန္းကမွအဂၤလန္အသင္းကိုယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိကိုင္တြယ္မဲ့စာခ်ဳပ္ခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ဆမ္အလာဒြိဳက္က “ကမာၻ႔ဖလားမရခဲ့ရင္ေတာ့ေဆာက္ဂိတ္ဟာအဂၤလန္မန္ေနဂ်ာရာထူးကေနႏုတ္ထြက္ပါလိမ့္မယ္။တကယ္လို႔ရခဲ့တယ္ဆိုရင္လည္းအျမင့္မားဆုံးအေနအထားမ်ိဳးနဲ႔ထြက္ခြာလာပါလိမ့္မယ္။ခ်န္ပီယံျဖစ္ခဲ့တယ္ဆိုရင္ေတာ့ထြက္ခြာဖို႔အေကာင္းဆုံးေပါ့ဗ်ာ”လို႔ေျပာၾကားသြားပါတယ္။
ဆမ္အလာဒြိဳက္ဟာ၂၀၁၆ခုႏွစ္တုန္းကအဂၤလန္အသင္းနည္းျပအျဖစ္တာဝန္ယူခဲ့ဖူးေပမဲ့၆၇ရက္အၾကာ တစ္ပြဲတည္းသာကိုင္တြယ္ရၿပီးခ်ိန္တြင္ႏုတ္ထြက္သြားခဲ့ရပါတယ္။
ဆမ္အလာဒြိဳက္ဟာအသြင္ယူထားတဲ့သတင္းေထာက္အား Third-Party Player Ownership စည္းမ်ဥ္းခ်ိဳးေဖာက္မႈႏွင့္ပတ္သက္ၿပီးေျပာဆိုခဲ့မႈေၾကာင့္ႏုတ္ထြက္လိုက္ရတာလည္းျဖစ္ပါတယ္။
အဂၤလန္ဟာတနလၤာေန႔တြင္ကမာၻ႔ဖလားအဖြင့္ပြဲအျဖစ္အီရန္ႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးယင္းပြဲအၿပီးတြင္အေမရိကန္၊ေဝးလ္တို႔ႏွင့္အုပ္စုပြဲကစားသြားရမွာျဖစ္ၿပီး၁၆သင္းရႈံးထြက္အဆင့္သို႔အုပ္စုဗိုလ္အျဖစ္တက္ေရာက္ရန္အေျခအေနေကာင္းေနပါတယ္။