
ဟယ်ရီကိန်းဟာသူ့ရဲ့ကမ္ဘာ့ဖလားပင်နယ်တီအိပ်မက်ဆိုးကိုမေ့ဖျောက်နိုင်ရန်အတွက်တစ်ပတ်ကြာအနားယူသွားပါမယ်။
ဒါ့အပြင်စပါးစ်နည်းပြအန်တိုနီယိုကွန်တီဟာဟယ်ရီကိန်းအသင်းနှင့်ပြန်လည်ပူးပေါင်းလာချိန်တွင်စိတ်ပိုင်းဆိုင်ရာအနေအထားနှင့်ပတ်သက်ပြီးဆွေးနွေးတိုင်ပင်မှုလည်းပြုလုပ်သွားပါမယ်။
အသက်၂၉နှစ်ရှိဟယ်ရီကိန်းဟာပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်အင်္ဂလန်ရဲ့အရေးပါတဲ့ပင်နယ်တီဂိုးကိုလွဲချော်ခဲ့ပါတယ်။
ဟယ်ရီကိန်းနှင့်အင်္ဂလန်အသင်းသားတို့ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကဗြိတိန်သို့ပြန်လည်ရောက်ရှိလာပါတယ်။
စပါးစ်ဟာဟယ်ရီကိန်းနှင့်ကစားဖော်အဲရစ်ဒိုင်ယာတို့ကို တစ်ပတ်ကြာအနားယူခွင့်ပေးထားပြီးလာမယ့်ဇန်နဝါရီလ၁၉ရက်နေ့တွင်မှအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခွင့်ပေးထားပါတယ်။
ယင်းသို့ပြန်လည်ပူးပေါင်းလာချိန်တွင်မှဟယ်ရီကိန်းရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုစပါးစ်နည်းပြကွန်တီကဆန်းစစ်မှုပြုလုပ်သွားပါမယ်။
ZawGyi
ကမ္ဘာ့ဖလားတွင် အသည်းကွဲလာတဲ့ ဟယ်ရီကိန်းကို စပါးစ်နည်းပြကွန်တီ တစ်ပတ်အနားပေး