
အစ္စဘယ်ဂူလတ်ဟာချစ်သူဂျာမနီဂိုးသမားကီဗင်ထရက်ပ်ရဲ့ကမ္ဘာ့ဖလားနာကျင်မှုဖြေဖျောက်နိုင်ရေးအတွက်အားလပ်ရက်အပန်းဖြေခရီးအတူထွက်ကာအကူအညီပေးနေပါတယ်။
အသက်၃၈နှစ်ရှိဘရာဇီးမော်ဒယ်ဟာ Victoria’s Secret အတွက်မော်ဒယ်လုပ်နေသူဖြစ်ပြီးကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းဂျာမနီရဲ့အုပ်စုပွဲသုံးပွဲလုံးကိုတက်ရောက်အားပေးခဲ့သူလည်းဖြစ်ပါတယ်။
အသက်၃၂နှစ်ထရက်ပ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်နူအာရဲ့နံပါတ်နှစ်ဂိုးသမားအဖြစ်သာကစားရမှုနဲ့အတူ အုပ်စုပွဲတစ်ပွဲမျှမကစားခဲ့ရပါဘူး။ဂျာမနီဟာလည်းကမ္ဘာ့ဖလားအုပ်စုအဆင့်မှပင်ထွက်ခဲ့ရပါတယ်။
အစ္စဘယ်နှင့်ထရက်ပ်တို့ဟာ၂၀၁၅ခုနှစ်ကတည်းကချစ်ကြိုက်လာခဲ့ကြတာဖြစ်ပြီးစေ့စပ်ထားကြပြီးသူများလည်းဖြစ်ပါတယ်။
၎င်းတို့ဟာကမ္ဘာ့ဖလားအပြီးတွင်စိန့်ဘရက်သို့သွားရောက်ကာအပန်းဖြေခရီးထွက်နေပါတယ်။
ထရက်ပ်ရဲ့ဖရန့်ဖတ်ဟာဇန်နဝါရီလ၂၁ရက်နေ့မှာမှပထမဆုံးပွဲကစားရမှာဖြစ်လို့ ၎င်းတို့အနေဖြင့်အချိန်ယူပြီးအနားယူနိုင်ပါမယ်။
ZawGyi
ကမ္ဘာ့ဖလားနာကျင်မှုကို ကီဗင်ထရက်ပ်ဖြေဖျောက်နိုင်ရေး အကူအညီပေးနေတဲ့ မော်ဒယ်အစ္စဘယ်ဂူလတ်