ကမ္ဘာ့ဖလားနာကျင်မှုကို ချစ်သူနဲ့အတူ အဲလ်ပ်တောင်ခရီးဖြင့်ဆေးကြောနေတဲ့ ချဲလ်ဆီးစတားဂယ်လာဂါ

ချဲလ်ဆီးစတားကော်နာဂယ်လာဂါဟာကမ္ဘာ့ဖလားနာကျင်မှုများကိုချစ်သူအိမ်းမေနှင့်အတူအဲလ်ပ်တောင်သို့ခရီးထွက်ပြီးဆေးကြောနေပါတယ်။

အသက်၂၂နှစ်ရှိဂယ်လာဂါဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်းရဲ့၂၆ဦးစာရင်းတွင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

သူဟာကွာတားဖိုင်နယ်အဆင့်သို့ရောက်တဲ့အထိအင်္ဂလန်အသင်းရဲ့ပွဲ၅ပွဲလုံးတွင်တစ်ပွဲမျှပါဝင်ကစားခွင့်မရခဲ့ပါဘူး။

အင်္ဂလန်ဟာကမ္ဘာ့ဖလားအုပ်စုအတွင်းတွင်၂ပွဲနိုင်၊၁ပွဲသရေကျပြီး၁၆သင်းရှုံးထွက်အဆင့်တွင်ဆီနီဂေါကို၃-၀ဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။

ဒါပေမဲ့အင်္ဂလန်ဟာပြီးခဲ့တဲ့အပတ်မှာတော့ပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှထွက်ခဲ့ရပါတယ်။

ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းသားတို့ဟာတနင်္ဂနွေနေ့တုန်းကဗြိတိန်သို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဂယ်လာဂါဟာချက်ချင်းပင်ချစ်သူကိုခေါ်ဆောင်ပြီးခရီးထွက်ခဲ့ပါတယ်။

အလယ်တန်းကစားသမားဟာအသက်၂၃နှစ်ရှိချစ်သူအိမ်းမေနှင့်အတူအဲလ်ပ်တောင်တန်းများခရီးစဉ်အတွင်းတွင်ဟယ်လီကော်ပတာအတူစီးခဲ့သလိုခဲ့တာတွေ့ရပါတယ်။

ဂယ်လာဂါဟာချဲလ်ဆီးအသင်းနှင့်ပြန်လည်ပူးပေါင်းရခြင်းမရှိမီအချိန်ကိုအကျိုးရှိရှိအသုံးချကာချစ်သူနှင့်အတူခရီးထွက်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာကမ္ဘာ့ဖလားအလွန်ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ်ဒီဇင်ဘာလ၂၇ရက်နေ့မှာဘုန်းမောက်ကိုဧည့်ခံကစားရပါမယ်။

ZawGyi









