ကမ္ဘာ့ဖလားနိုင်ပွဲတွင် ကစားသမားဖော်များနှင့်အတူ အောင်ပွဲမခံဘဲ ဥမင်လှိုဏ်ခေါင်းအတွင်း စောစောစီးစီးဆင်းသွားခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ဆွစ်ဇာလန်ကိုအနိုင်ရရှိတဲ့ပွဲအပြီးတွင်ကစားဖော်များနှင့်အတူကွင်းအတွင်းအောင်ပွဲခံခြင်း၊ပရိသတ်များကိုနှုတ်ဆက်ခြင်းမပြုလုပ်ဘဲဥမင်လှိုဏ်ခေါင်းအတွင်းသို့စောစောစီးစီးဆင်းသွားခဲ့ပါတယ်။

ပေါ်တူဂီဟာဆွစ်ဇာလန်ကို၆-၁ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ပြီးကွာတားဖိုင်နယ်တွင်မော်ရိုကိုနှင့်ရင်ဆိုင်ကစားရပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆွစ်ဇာလန်နှင့်ပွဲတွင်တောင်ကိုရီးယားနှင့်ပွဲစဉ်တွင်လူစားလဲခံရမှုအပေါ်ဒေါသထွက်ခဲ့မှုအတွက်အရန်ခုံမှာထိုင်ခဲ့ရပါတယ်။

ဆန်းတို့စ်ဟာအသင်းခေါင်းဆောင်ရဲ့လုပ်ရပ်အပေါ်မပျော်မရွှင်ဖြစ်နေပြီးဂွန်ကာလိုရာမို့စ်ကိုပေါ်တူဂီအတွက်ပထမဆုံးပွဲထွက်ကစားခွင့်ပေးခဲ့ပါတယ်။

အသက်၂၁နှစ်ရှိဘင်ဖီကာစတားဟာသူ့အပေါ်နည်းပြရဲ့ယုံကြည်မှုကိုချက်ချင်းပေးဆပ်ပြီးကာတာကမ္ဘာ့ဖလားရဲ့ပထမဆုံးဟက်ထရစ်ကိုသွင်းယူနိုင်ခဲ့ပါတယ်။

စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲပြီးရင်၁၇မိနစ်အလိုတွင်ပေါ်တူဂီက၅-၁ဂိုးဖြင့်အနိုင်ရရှိချိန်တွင်မှလူစားဝင်ရောက်ကစားခဲ့ရပါတယ်။

သူဟာဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်းလူကျွံနေတာကြောင့်ဂိုးမရရှိခဲ့ပါဘူး။

ပွဲပြီးချိန်မှာတော့သူဟာကွင်းထဲမှာကြာကြာမနေဘဲဥမင်လှိုဏ်ခေါင်းသို့ပထမဆုံးဆင်းတဲ့ပေါ်တူဂီကစားသမားအဖြစ် ဆင်းသွားခဲ့ပါတယ်။

သူဟာအဝတ်အစားလဲခန်းသို့မသွားမီပေါ်တူဂီပရိသတ်များကိုနှုတ်ဆက်ခဲ့ပါသေးတယ်။ယင်းအချိန်တွင်ပေါ်တူဂီကစားသမားများကတော့ကွင်းအတွင်းတွင်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ပွဲအပြီးတွင်ပေါ်တူဂီနည်းပြဆန်းတို့စ်ကတော့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပြဿနာရှိနေမှုကြောင့်အရန်ခုံသို့ပို့ခြင်းမဟုတ်ကြောင်းဆိုသွားပါတယ်။

ဆန်းတို့စ်က “ခရစ္စတီယာနိုနဲ့ရာမို့စ်တို့ကကွဲပြားတဲ့ကစားသမားတွေပါ။အသင်းခေါင်းဆောင်နဲ့ဘာပြဿနာမျှမရှိပါဘူး။ခရစ္စတီယာနိုကိုအသက်၁၉နှစ်အရွယ်ကတည်းကသိလာခဲ့တာပါ။ကျွန်တော်တို့အကြားမှာအရမ်းကောင်းတဲ့ဆက်ဆံရေးရှိတယ်။ရော်နယ်ဒိုနဲ့ကျွန်တော့်အကြားမှာလူသားနဲ့ကိုယ်ရေးကိုယ်တာ၊ နည်းပြနဲ့ကစားသမားနဲ့ပတ်သက်ပြီးဘယ်တုန်းကမှပြဿနာမရှိခဲ့ဖူးပါဘူး။ခရစ္စတီယာနိုကစံနမူနာယူစရာအသင်းခေါင်းဆောင်ပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကမာၻ႔ဖလားႏိုင္ပြဲတြင္ ကစားသမားေဖာ္မ်ားႏွင့္အတူ ေအာင္ပြဲမခံဘဲ ဥမင္လႈိဏ္ေခါင္းအတြင္း ေစာေစာစီးစီးဆင္းသြားခဲ့တဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ဆြစ္ဇာလန္ကိုအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္ကစားေဖာ္မ်ားႏွင့္အတူကြင္းအတြင္းေအာင္ပြဲခံျခင္း၊ပရိသတ္မ်ားကိုႏႈတ္ဆက္ျခင္းမျပဳလုပ္ဘဲဥမင္လႈိဏ္ေခါင္းအတြင္းသို႔ေစာေစာစီးစီးဆင္းသြားခဲ့ပါတယ္။

ေပၚတူဂီဟာဆြစ္ဇာလန္ကို၆-၁ဂိုးျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္သို႔တက္ေရာက္သြားခဲ့ၿပီးကြာတားဖိုင္နယ္တြင္ေမာ္႐ိုကိုႏွင့္ရင္ဆိုင္ကစားရပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆြစ္ဇာလန္ႏွင့္ပြဲတြင္ေတာင္ကိုရီးယားႏွင့္ပြဲစဥ္တြင္လူစားလဲခံရမႈအေပၚေဒါသထြက္ခဲ့မႈအတြက္အရန္ခုံမွာထိုင္ခဲ့ရပါတယ္။

ဆန္းတို႔စ္ဟာအသင္းေခါင္းေဆာင္ရဲ႕လုပ္ရပ္အေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးဂြန္ကာလိုရာမို႔စ္ကိုေပၚတူဂီအတြက္ပထမဆုံးပြဲထြက္ကစားခြင့္ေပးခဲ့ပါတယ္။

အသက္၂၁ႏွစ္ရွိဘင္ဖီကာစတားဟာသူ႔အေပၚနည္းျပရဲ႕ယုံၾကည္မႈကိုခ်က္ခ်င္းေပးဆပ္ၿပီးကာတာကမာၻ႔ဖလားရဲ႕ပထမဆုံးဟက္ထရစ္ကိုသြင္းယူႏိုင္ခဲ့ပါတယ္။

စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲၿပီးရင္၁၇မိနစ္အလိုတြင္ေပၚတူဂီက၅-၁ဂိုးျဖင့္အႏိုင္ရရွိခ်ိန္တြင္မွလူစားဝင္ေရာက္ကစားခဲ့ရပါတယ္။

သူဟာဂိုးသြင္းႏိုင္ခဲ့ေပမဲ့လည္းလူကြၽံေနတာေၾကာင့္ဂိုးမရရွိခဲ့ပါဘူး။

ပြဲၿပီးခ်ိန္မွာေတာ့သူဟာကြင္းထဲမွာၾကာၾကာမေနဘဲဥမင္လႈိဏ္ေခါင္းသို႔ပထမဆုံးဆင္းတဲ့ေပၚတူဂီကစားသမားအျဖစ္ ဆင္းသြားခဲ့ပါတယ္။

သူဟာအဝတ္အစားလဲခန္းသို႔မသြားမီေပၚတူဂီပရိသတ္မ်ားကိုႏႈတ္ဆက္ခဲ့ပါေသးတယ္။ယင္းအခ်ိန္တြင္ေပၚတူဂီကစားသမားမ်ားကေတာ့ကြင္းအတြင္းတြင္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ပြဲအၿပီးတြင္ေပၚတူဂီနည္းျပဆန္းတို႔စ္ကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ျပႆနာရွိေနမႈေၾကာင့္အရန္ခုံသို႔ပို႔ျခင္းမဟုတ္ေၾကာင္းဆိုသြားပါတယ္။

ဆန္းတို႔စ္က “ခရစၥတီယာႏိုနဲ႔ရာမို႔စ္တို႔ကကြဲျပားတဲ့ကစားသမားေတြပါ။အသင္းေခါင္းေဆာင္နဲ႔ဘာျပႆနာမွ်မရွိပါဘူး။ခရစၥတီယာႏိုကိုအသက္၁၉ႏွစ္အ႐ြယ္ကတည္းကသိလာခဲ့တာပါ။ကြၽန္ေတာ္တို႔အၾကားမွာအရမ္းေကာင္းတဲ့ဆက္ဆံေရးရွိတယ္။ေရာ္နယ္ဒိုနဲ႔ကြၽန္ေတာ့္အၾကားမွာလူသားနဲ႔ကိုယ္ေရးကိုယ္တာ၊ နည္းျပနဲ႔ကစားသမားနဲ႔ပတ္သက္ၿပီးဘယ္တုန္းကမွျပႆနာမရွိခဲ့ဖူးပါဘူး။ခရစၥတီယာႏိုကစံနမူနာယူစရာအသင္းေခါင္းေဆာင္ပါ”လို႔ေျပာၾကားသြားပါတယ္။