
ဆာဒေယိုမာနေးဟာခြေထောက်ဒဏ်ရာကြောင့်ဆီနီဂေါရဲ့ကမ္ဘာ့ဖလားအစောပိုင်းပွဲစဉ်များကိုလွဲချော်လာတော့မှာဖြစ်ကြောင်းဆီနီဂေါဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကအတည်ပြုလာပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်သမားဟာပြီးခဲ့တဲ့အပတ်တုန်းကဘောလုံးပွဲတစ်ပွဲတွင်ဒဏ်ရာရရှိခဲ့ပေမဲ့လည်းဆီနီဂေါရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ရွေးချယ်ခြင်းခံထားရပါတယ်။
ဘိုင်ယန်မြူးနစ်ကအသက်၃၀နှစ်ရှိမာနေးမှာညာဖက်အရိုးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်းဆိုထားပြီးဆီနီဂေါနည်းပြဆစ်စီကခွဲစိတ်ရန်မလိုအပ်ကြောင်းဆိုထားပါတယ်။
အနောက်အာဖရိကအသင်းဟာတနင်္လာနေ့တွင်နယ်သာလန်နှင့်အုပ်စုအဖွင့်ပွဲကစားပြီးနောက်ကာတာ(နိုဝင်ဘာ၂၅)၊အီကွေဒေါ(နိုဝင်ဘာ၂၉)တို့ရင်ဆိုင်ကစားရပါမယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ဝင်အက်ဒူလာယီဆောက “ပထမပွဲတွေမှာဆာဒေယိုမာနေးမပါဘဲကစားရပါမယ်။ဘယ်သူမှာဒါမျိုးမဖြစ်စေချင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကြုံလာရပြီဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့မာနေးမပါဝင်မှုအတွက်အရမ်းညည်းတွားနေလို့မရဘူး”လို့ဆိုသွားပါတယ်။
မာနေးဟာဖေဖော်ဝါရီလတုန်းကဆီနီဂေါကပထမဆုံးအာဖရိကဖလားချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သလိုကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လည်းကူညီခဲ့သူဖြစ်ပါတယ်။
ZawGyi
ကမ္ဘာ့ဖလားပထမပွဲများကို မာနေး မကစားနိုင်မှုအတွက် ညည်းတွားမနေကြရန် ဆီနီဂေါသတိပေးခံရ