ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရန် သေချာသွားခဲ့ပြီဖြစ်တဲ့ ချဲလ်ဆီးနှင့်ပြင်သစ်စတားအန်ဂိုလိုကန်တီ

ပြင်သစ်နှင့်ချဲလ်ဆီးစတားအန်ဂိုလိုကန်တီဟာတံကောက်ကြောဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးနောက်ကာတာတွင်ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်လာတော့မှာဖြစ်ပါတယ်။

အသက်၃၁နှစ်ရှိပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာဩဂုတ်လ၁၄ရက်နေ့တုန်းကစပါးစ်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့ပါတယ်။

အန်ဂိုလိုကန်တီဟာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပေမဲ့လည်းဒဏ်ရာထပ်မံရရှိခဲ့ပါတယ်။ယင်းနောက်သူဟာဒဏ်ရာကိုအထူးကုများနှင့်ပြသခဲ့ပြီးနောက်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။

ချဲလ်ဆီးရဲ့ထုတ်ပြန်ကြေညာချက်အရအန်ဂိုလိုကန်တီမှာဒဏ်ရာကြောင့်အနည်းဆုံး၄လကြာအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။

ဒါကြောင့် သူဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ရန်သေချာနေပြီးဖေဖော်ဝါရီလတွင်မှပြန်လည်ကစားလာနိုင်ပါမယ်။

အန်ဂိုလိုကန်တီရဲ့ချဲလ်ဆီးကစားဖော်ရီစီဂျိမ်းစ်မှာလည်းယခုလအစောပိုင်းတုန်းကမီလန်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်ဒူးဒဏ်ရာရရှိပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်ရန်သေချာသလောက်ရှိနေပါတယ်။ဒါ့အပြင်လီဗာပူးစတားဂျိုတာမှာလည်းခြေသလုံးဒဏ်ရာကြောင့်ကာလရှည်အနားယူရမည်ဖြစ်၍ကမ္ဘာ့ဖလားပြိုင်ပွဲလွဲပါမယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ရန္ ေသခ်ာသြားခဲ့ၿပီျဖစ္တဲ့ ခ်ဲလ္ဆီးႏွင့္ျပင္သစ္စတားအန္ဂိုလိုကန္တီ

ျပင္သစ္ႏွင့္ခ်ဲလ္ဆီးစတားအန္ဂိုလိုကန္တီဟာတံေကာက္ေၾကာဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးေနာက္ကာတာတြင္က်င္းပမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။

အသက္၃၁ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာဩဂုတ္လ၁၄ရက္ေန႔တုန္းကစပါးစ္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲတြင္ ဒဏ္ရာရရွိခဲ့ပါတယ္။

အန္ဂိုလိုကန္တီဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ေပမဲ့လည္းဒဏ္ရာထပ္မံရရွိခဲ့ပါတယ္။ယင္းေနာက္သူဟာဒဏ္ရာကိုအထူးကုမ်ားႏွင့္ျပသခဲ့ၿပီးေနာက္ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးရဲ႕ထုတ္ျပန္ေၾကညာခ်က္အရအန္ဂိုလိုကန္တီမွာဒဏ္ရာေၾကာင့္အနည္းဆုံး၄လၾကာအနားယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဒါေၾကာင့္ သူဟာလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ရန္ေသခ်ာေနၿပီးေဖေဖာ္ဝါရီလတြင္မွျပန္လည္ကစားလာႏိုင္ပါမယ္။

အန္ဂိုလိုကန္တီရဲ႕ခ်ဲလ္ဆီးကစားေဖာ္ရီစီဂ်ိမ္းစ္မွာလည္းယခုလအေစာပိုင္းတုန္းကမီလန္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဒူးဒဏ္ရာရရွိၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲလြဲေခ်ာ္ရန္ေသခ်ာသေလာက္ရွိေနပါတယ္။ဒါ့အျပင္လီဗာပူးစတားဂ်ိဳတာမွာလည္းေျခသလုံးဒဏ္ရာေၾကာင့္ကာလရွည္အနားယူရမည္ျဖစ္၍ကမာၻ႔ဖလားၿပိဳင္ပြဲလြဲပါမယ္။