ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျာမနီတိုက်စစ်မှူးတီမိုဝါနာလွဲချော်မည်

ဂျာမနီတိုက်စစ်မှူးတီမိုဝါနာဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်၂၀၂၃ခုနှစ်အထိအနားယူမည်ဖြစ်တာကြောင့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်လာတော့မှာဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိလိုက်ဇစ်တိုက်စစ်မှူးဟာဗုဒ္ဓဟူးနေ့တုန်းကရှက်တာဒိုးနက်စ်ကိုလိုက်ဇစ်က၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ပွဲချိန်၁၉မိနစ်မှာပင်ဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာပြီးခဲ့တဲ့နွေရာသီတွင်အသင်းဟောင်းလိုက်ဇစ်သို့တကျော့ပြန်ပြောင်းရွှေ့လာသူလည်းဖြစ်ပါတယ်။

သူဟာဂျာမနီအသင်းအတွက်၅၅ပွဲကစားကာ၂၄ဂိုးသွင်းထားသူလည်းဖြစ်ပါတယ်။

ဂျာမနီဟာနိုဝင်ဘာလ၂၃ရက်နေ့တွင်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂျပန်နှင့်ရင်ဆိုင်ရပါမယ်။

ဝါနာဟာ၂၀၁၈ကမ္ဘာ့ဖလားနှင့်ယူရို၂၀၂၀ပြိုင်ပွဲတို့ကိုဂျာမနီအသင်းနှင့်အတူယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲကို ဂ်ာမနီတိုက္စစ္မႉးတီမိုဝါနာလြဲေခ်ာ္မည္

ဂ်ာမနီတိုက္စစ္မႉးတီမိုဝါနာဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္၂၀၂၃ခုႏွစ္အထိအနားယူမည္ျဖစ္တာေၾကာင့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိလိုက္ဇစ္တိုက္စစ္မႉးဟာဗုဒၶဟူးေန႔တုန္းကရွက္တာဒိုးနက္စ္ကိုလိုက္ဇစ္က၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္တြင္ ပြဲခ်ိန္၁၉မိနစ္မွာပင္ဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။

ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာၿပီးခဲ့တဲ့ေႏြရာသီတြင္အသင္းေဟာင္းလိုက္ဇစ္သို႔တေက်ာ့ျပန္ေျပာင္းေ႐ႊ႕လာသူလည္းျဖစ္ပါတယ္။

သူဟာဂ်ာမနီအသင္းအတြက္၅၅ပြဲကစားကာ၂၄ဂိုးသြင္းထားသူလည္းျဖစ္ပါတယ္။

ဂ်ာမနီဟာႏိုဝင္ဘာလ၂၃ရက္ေန႔တြင္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဂ်ပန္ႏွင့္ရင္ဆိုင္ရပါမယ္။

ဝါနာဟာ၂၀၁၈ကမာၻ႔ဖလားႏွင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတို႔ကိုဂ်ာမနီအသင္းႏွင့္အတူယွဥ္ၿပိဳင္ခဲ့သူလည္းျဖစ္ပါတယ္။AQ