ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ပြီးနောက် ၂၀၃၆ အိုလံပစ်ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ကျင်းပရန် ကာတာဆန္ဒရှိနေ

ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ပြီးနောက်အိုလံပစ်ပြိုင်ပွဲကိုလည်းအိမ်ရှင်အဖြစ်ကျင်းပရေးလျှောက်ထားရန်စီစဉ်နေပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံဟာကျင်းပနေဆဲကမ္ဘာ့ဖလားပြိုင်ပွဲကိုအောင်မြင်စွာကျင်းပထားနိုင်မှုနှင့်အတူ၂၀၃၆အိုလံပစ်ပြိုင်ပွဲကိုလည်းအိမ်ရှင်အဖြစ်လက်ခံကျင်းပရေးလျှောက်ထားရန်စဉ်းစားနေပါတယ်။

လက်ရှိအချိန်တွင်နိုင်ငံတကာအိုလံပစ်ကော်မတီက၂၀၃၆အိုလံပစ်ပြိုင်ပွဲအိမ်ရှင်အဖြစ်လျှောက်ထားမှုအတွက်ဘယ်အချိန်အထိနောက်ဆုံးလက်ခံမယ်ဆိုတာမသတ်မှတ်ရသေးပါဘူး။

တကယ်လို့များကာတာသာ၂၀၃၆အိုလံပစ်ပြိုင်ပွဲကိုကျင်းပခွင့်ရရှိပါက အိုလံပစ်ပြိုင်ပွဲကိုလက်ခံကျင်းပခွင့်ရရှိတဲ့ပထမဆုံးမွတ်စလင်နိုင်ငံဖြစ်လာပါမယ်။

ဒါကြောင့်လည်းကာတာအာဏာပိုင်များဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်၂၀၃၆အိုလံပစ်ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရေးတွန်းအားပေးလုပ်ဆောင်လာဖို့ရှိပါတယ်။

လာမယ့်၂၀၂၄အိုလံပစ်ပြိုင်ပွဲကိုပဲရစ်ကလည်းကောင်း၊၂၀၂၈အိုလံပစ်ပြိုင်ပွဲကိုလော့စ်အိန်ဂျယ်လိစ်ကလည်းကောင်း၊၂၀၃၆အိုလံပစ်ပြိုင်ပွဲကိုဘရစ်ဘိန်းကလည်းကောင်းအိမ်ရှင်အဖြစ်ကျင်းပခွင့်ရထားပါတယ်။

ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုအောင်မြင်စွာကျင်းပနေပေမဲ့လည်း LGBT+ အသိုင်းအဝိုင်းကိုကန့်သတ်မှု၊လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကြောင့်ဝေဖန်မှုများခံနေရပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲကို ေအာင္ျမင္စြာက်င္းပႏိုင္ၿပီးေနာက္ ၂၀၃၆ အိုလံပစ္ၿပိဳင္ပြဲကိုလည္း အိမ္ရွင္အျဖစ္ က်င္းပရန္ ကာတာဆႏၵရွိေန

ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲကိုေအာင္ျမင္စြာက်င္းပႏိုင္ၿပီးေနာက္အိုလံပစ္ၿပိဳင္ပြဲကိုလည္းအိမ္ရွင္အျဖစ္က်င္းပေရးေလွ်ာက္ထားရန္စီစဥ္ေနပါတယ္။

အေရွ႕အလယ္ပိုင္းႏိုင္ငံဟာက်င္းပေနဆဲကမာၻ႔ဖလားၿပိဳင္ပြဲကိုေအာင္ျမင္စြာက်င္းပထားႏိုင္မႈႏွင့္အတူ၂၀၃၆အိုလံပစ္ၿပိဳင္ပြဲကိုလည္းအိမ္ရွင္အျဖစ္လက္ခံက်င္းပေရးေလွ်ာက္ထားရန္စဥ္းစားေနပါတယ္။

လက္ရွိအခ်ိန္တြင္ႏိုင္ငံတကာအိုလံပစ္ေကာ္မတီက၂၀၃၆အိုလံပစ္ၿပိဳင္ပြဲအိမ္ရွင္အျဖစ္ေလွ်ာက္ထားမႈအတြက္ဘယ္အခ်ိန္အထိေနာက္ဆုံးလက္ခံမယ္ဆိုတာမသတ္မွတ္ရေသးပါဘူး။

တကယ္လို႔မ်ားကာတာသာ၂၀၃၆အိုလံပစ္ၿပိဳင္ပြဲကိုက်င္းပခြင့္ရရွိပါက အိုလံပစ္ၿပိဳင္ပြဲကိုလက္ခံက်င္းပခြင့္ရရွိတဲ့ပထမဆုံးမြတ္စလင္ႏိုင္ငံျဖစ္လာပါမယ္။

ဒါေၾကာင့္လည္းကာတာအာဏာပိုင္မ်ားဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္၂၀၃၆အိုလံပစ္ၿပိဳင္ပြဲကိုအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိေရးတြန္းအားေပးလုပ္ေဆာင္လာဖို႔ရွိပါတယ္။

လာမယ့္၂၀၂၄အိုလံပစ္ၿပိဳင္ပြဲကိုပဲရစ္ကလည္းေကာင္း၊၂၀၂၈အိုလံပစ္ၿပိဳင္ပြဲကိုေလာ့စ္အိန္ဂ်ယ္လိစ္ကလည္းေကာင္း၊၂၀၃၆အိုလံပစ္ၿပိဳင္ပြဲကိုဘရစ္ဘိန္းကလည္းေကာင္းအိမ္ရွင္အျဖစ္က်င္းပခြင့္ရထားပါတယ္။

ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲကိုေအာင္ျမင္စြာက်င္းပေနေပမဲ့လည္း LGBT+ အသိုင္းအဝိုင္းကိုကန႔္သတ္မႈ၊လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမွတ္တမ္းမ်ားေၾကာင့္ေဝဖန္မႈမ်ားခံေနရပါတယ္။