ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှ ဘန်ဇီးမား အနားယူလာ

Ballon d’Or ဆုရှင်ကာရမ်ဘန်ဇီးမားဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲရှုံးပွဲအပြီး တစ်ရက်အကြာမှာပင်ပြင်သစ်လက်ရွေးစင်ကစားသမားဘဝမှအနားယူလာခဲ့ပါတယ်။

၂၀၂၂ ရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်ခဲ့ပေမဲ့လည်းဒဏ်ရာကြောင့်လွဲချော်ခဲ့ရပါတယ်။

နောက်ပိုင်းထွက်ပေါ်ခဲ့တဲ့သတင်းအရဘန်ဇီးမားဟာပြင်သစ်နှင့်အာဂျင်တီးနားတို့ရဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်ရောက်ကြည့်ရှုရန်ပြင်သစ်သမ္မတမက်ခရွန်ရဲ့ဖိတ်ကြားမှုရရှိခဲ့ပေမဲ့ပယ်ချခဲ့ကြောင်းသိရပါတယ်။

ယင်းနောက်ပြင်သစ်ဟာတနင်္ဂနွေနေ့ကဗိုလ်လုပွဲမှာတော့ပွဲချိန်အတွင်း၃ဂိုးစီသရေကျပြီးနောက်ပင်နယ်တီအဆုံးအဖြတ်တွင်အာဂျင်တီးနားကိုရှုံးနိမ့်သွားပါတော့တယ်။

ဘန်ဇီးမားဟာဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တစ်စက္ကန့်မျှပင်မကစားခဲ့ရပေမဲ့လည်း လက်ရွေးစင်ကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဘန်ဇီးမားဟာ၂၀၁၄ကမ္ဘာ့ဖလားတုန်းကပြင်သစ်အတွက်ဂိုးအများဆုံးသွင်းယူခဲ့သူအဖြစ်ရပ်တည်ခဲ့ဖူးပါတယ်။ဒါပေမဲ့သူဟာပြင်သစ်ကစားဖော်ဗယ်ဘူနာကိုကိုယ်တိုင်ရိုက်ဗီဒီယိုတိတ်ခွေငွေညှစ်မှုတွင်ပါဝင်ပတ်သက်မှုကြောင့်၂၀၁၈ကမ္ဘာ့ဖလားလူစာရင်းမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပြီး၄ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့၁၆သင်းရှုံးထွက်အဆင့်မှပင်ထွက်ခဲ့ရပါတယ်။

အသက်၃၅နှစ်ရှိကစားသမားဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အဓိကနေရာမှာပါဝင်ကစားလာမယ်လို့ယူဆခဲ့ရပေမဲ့ဒဏ်ရာကြောင့်လွဲချော်ခဲ့ရပါတယ်။

သူဟာ၂၀၂၁-၂၂ရာသီတုန်းကရီးရဲလ်မက်ဒရစ်အတွက်၄၆ပွဲတွင်၄၄ဂိုးသွင်းယူကာချန်ပီယံလိဂ်နှင့်လာလီဂါဖလားရရှိအောင်အဓိကနေရာမှစွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာကမ္ဘာ့ဖလားပြိုင်ပွဲမကျင်းပမီရက်အနည်းငယ်အလိုတွင်လေ့ကျင့်ခန်းအစီအစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိကာသုံးပတ်ကြာနားရမည်ဖြစ်၍ ပြင်သစ်အသင်းမှနုတ်ထွက်ခဲ့ရပါတယ်။

ပြင်သစ်ဟာသူ့နေရာတွင်အစားထိုးကစားသမားမခေါ်ယူမှုနဲ့အတူ ဗိုလ်လုပွဲတွင်ဘန်ဇီးမားပါဝင်နိုင်သေးတယ်လို့သတင်းထွက်ခဲ့ပါသေးတယ်။

ယခုအခါမှာတော့ဘန်ဇီးမားဟာပြင်သစ်လက်ရွေးစင်ကစားသမားဘဝကနေအနားယူလာခဲ့ပြီဖြစ်ပါတယ်။သူဟာပြင်သစ်အတွက်၉၇ပွဲကစားခဲ့ရာမှာ၃၇ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွ ဘန္ဇီးမား အနားယူလာ

Ballon d’Or ဆုရွင္ကာရမ္ဘန္ဇီးမားဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲရႈံးပြဲအၿပီး တစ္ရက္အၾကာမွာပင္ျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူလာခဲ့ပါတယ္။

၂၀၂၂ ရဲ႕ကမာၻ႔အေကာင္းဆုံးကစားသမားဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ခဲ့ေပမဲ့လည္းဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ရပါတယ္။

ေနာက္ပိုင္းထြက္ေပၚခဲ့တဲ့သတင္းအရဘန္ဇီးမားဟာျပင္သစ္ႏွင့္အာဂ်င္တီးနားတို႔ရဲ႕ကမာၻ႔ဖလားဗိုလ္လုပြဲကိုတက္ေရာက္ၾကည့္ရႈရန္ျပင္သစ္သမၼတမက္ခ႐ြန္ရဲ႕ဖိတ္ၾကားမႈရရွိခဲ့ေပမဲ့ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

ယင္းေနာက္ျပင္သစ္ဟာတနဂၤေႏြေန႔ကဗိုလ္လုပြဲမွာေတာ့ပြဲခ်ိန္အတြင္း၃ဂိုးစီသေရက်ၿပီးေနာက္ပင္နယ္တီအဆုံးအျဖတ္တြင္အာဂ်င္တီးနားကိုရႈံးနိမ့္သြားပါေတာ့တယ္။

ဘန္ဇီးမားဟာဒဏ္ရာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္တစ္စကၠန႔္မွ်ပင္မကစားခဲ့ရေပမဲ့လည္း လက္ေ႐ြးစင္ကစားသမားဘဝမွအနားယူရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဘန္ဇီးမားဟာ၂၀၁၄ကမာၻ႔ဖလားတုန္းကျပင္သစ္အတြက္ဂိုးအမ်ားဆုံးသြင္းယူခဲ့သူအျဖစ္ရပ္တည္ခဲ့ဖူးပါတယ္။ဒါေပမဲ့သူဟာျပင္သစ္ကစားေဖာ္ဗယ္ဘူနာကိုကိုယ္တိုင္႐ိုက္ဗီဒီယိုတိတ္ေခြေငြညႇစ္မႈတြင္ပါဝင္ပတ္သက္မႈေၾကာင့္၂၀၁၈ကမာၻ႔ဖလားလူစာရင္းမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီး၄ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့၁၆သင္းရႈံးထြက္အဆင့္မွပင္ထြက္ခဲ့ရပါတယ္။

အသက္၃၅ႏွစ္ရွိကစားသမားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အဓိကေနရာမွာပါဝင္ကစားလာမယ္လို႔ယူဆခဲ့ရေပမဲ့ဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ရပါတယ္။

သူဟာ၂၀၂၁-၂၂ရာသီတုန္းကရီးရဲလ္မက္ဒရစ္အတြက္၄၆ပြဲတြင္၄၄ဂိုးသြင္းယူကာခ်န္ပီယံလိဂ္ႏွင့္လာလီဂါဖလားရရွိေအာင္အဓိကေနရာမွစြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

သူဟာကမာၻ႔ဖလားၿပိဳင္ပြဲမက်င္းပမီရက္အနည္းငယ္အလိုတြင္ေလ့က်င့္ခန္းအစီအစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိကာသုံးပတ္ၾကာနားရမည္ျဖစ္၍ ျပင္သစ္အသင္းမွႏုတ္ထြက္ခဲ့ရပါတယ္။

ျပင္သစ္ဟာသူ႔ေနရာတြင္အစားထိုးကစားသမားမေခၚယူမႈနဲ႔အတူ ဗိုလ္လုပြဲတြင္ဘန္ဇီးမားပါဝင္ႏိုင္ေသးတယ္လို႔သတင္းထြက္ခဲ့ပါေသးတယ္။

ယခုအခါမွာေတာ့ဘန္ဇီးမားဟာျပင္သစ္လက္ေ႐ြးစင္ကစားသမားဘဝကေနအနားယူလာခဲ့ၿပီျဖစ္ပါတယ္။သူဟာျပင္သစ္အတြက္၉၇ပြဲကစားခဲ့ရာမွာ၃၇ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။