
မန်စီးတီးနည်းပြဂွါဒီယိုလာကအင်္ဂလန်လက်ရွေးစင်ညာနောက်ခံလိူကိုင်လီဝေါလ်ကားမှာကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာမှပြန်လည်ကြံ့ခိုင်မှုပြည့်ဝလာမလားအတိအကျမပြောနိုင်ကြောင်းပြောကြားလာပါတယ်။
အသက်၃၂နှစ်ရှိဝေါလ်ကားဟာပြီးခဲ့တဲ့အပတ်တုန်းကအီတီဟတ်တွင်ယူနိုက်တက်ကို၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပွဲချိန်၄၁မိနစ်မှာဒဏ်ရာရရှိကာလူစားလဲလှယ်ခဲ့ရပါတယ်။
လက်ရှိအချိန်တွင်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်ခြောက်ပတ်ခန့်သာလိုတော့ရာအင်္ဂလန်အတွက်ပွဲ၇၀ကစားထားတဲ့ဝေါလ်ကားမှာပြိုင်ပွဲအမီကြံ့ခိုင်လာပါ့မလားမေးခွန်းထုတ်စရာရှိနေပါတယ်။
ဂွါဒီယိုလာက “ဘယ်လောက်တာရှည်မလဲကျွန်တော်မသိပါဘူး။ဆရာဝန်တွေနဲ့စကားပြောရဦးမယ်။ကယ်ဗင်(ဖီးလစ်)လိုပဲပြန်ကစားလာနိုင်ဖို့မျှော်လင့်နေပါတယ်။ကမ္ဘာ့ဖလားကကစားသမားတွေအတွက်အရေးပါမှန်းသိပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့ဘယ်လောက်နားရမလဲမသိပါဘူး”လို့ပြောကြားသွားပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုနိုဝင်ဘာလ၂၀ရက်နေ့တွင်စတင်သွားမှာဖြစ်ပြီး အင်္ဂလန်မှာနိုဝင်ဘာလ၂၁ရက်နေ့တွင်အီရန်နှင့်အဖွင့်ပွဲကစားရပါမယ်။
ဆောက်ဂိတ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အင်္ဂလန်အသင်းသား၂၆ဦးရွေးချယ်သွားရပါမယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ႏိုင္တဲ့ အေနအထားႀကဳံေနတဲ့ အဂၤလန္စတားေဝါလ္ကား
မန္စီးတီးနည္းျပဂြါဒီယိုလာကအဂၤလန္လက္ေ႐ြးစင္ညာေနာက္ခံလိူကိုင္လီေဝါလ္ကားမွာကမာၻ႔ဖလားၿပိဳင္ပြဲအမီ ဒဏ္ရာမွျပန္လည္ႀကံ့ခိုင္မႈျပည့္ဝလာမလားအတိအက်မေျပာႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။
အသက္၃၂ႏွစ္ရွိေဝါလ္ကားဟာၿပီးခဲ့တဲ့အပတ္တုန္းကအီတီဟတ္တြင္ယူႏိုက္တက္ကို၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပြဲခ်ိန္၄၁မိနစ္မွာဒဏ္ရာရရွိကာလူစားလဲလွယ္ခဲ့ရပါတယ္။
လက္ရွိအခ်ိန္တြင္ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္ေျခာက္ပတ္ခန႔္သာလိုေတာ့ရာအဂၤလန္အတြက္ပြဲ၇၀ကစားထားတဲ့ေဝါလ္ကားမွာၿပိဳင္ပြဲအမီႀကံ့ခိုင္လာပါ့မလားေမးခြန္းထုတ္စရာရွိေနပါတယ္။
ဂြါဒီယိုလာက “ဘယ္ေလာက္တာရွည္မလဲကြၽန္ေတာ္မသိပါဘူး။ဆရာဝန္ေတြနဲ႔စကားေျပာရဦးမယ္။ကယ္ဗင္(ဖီးလစ္)လိုပဲျပန္ကစားလာႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။ကမာၻ႔ဖလားကကစားသမားေတြအတြက္အေရးပါမွန္းသိပါတယ္။ဒါေပမဲ့အခုအခ်ိန္မွာေတာ့ဘယ္ေလာက္နားရမလဲမသိပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုႏိုဝင္ဘာလ၂၀ရက္ေန႔တြင္စတင္သြားမွာျဖစ္ၿပီး အဂၤလန္မွာႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အီရန္ႏွင့္အဖြင့္ပြဲကစားရပါမယ္။
ေဆာက္ဂိတ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အဂၤလန္အသင္းသား၂၆ဦးေ႐ြးခ်ယ္သြားရပါမယ္။