ဖီဖာကတူနီးရှားဘောလုံးအဖွဲ့ချုပ်ရဲ့ကိစ္စရပ်များတွင်အစိုးရကဆက်လက်ဝင်ရောက်စွက်ဖက်မှုများပြုလုပ်နေမည်ဆိုပါက တူနီးရှားအသင်းကိုလာမယ့်လကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်သွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။
ဖီဖာရဲ့ဘောလုံးအဖွဲ့ချုပ်ဝင်များဟာနိုင်ငံရေးဝင်ရောက်စွက်ဖက်ခွင့်မရှိဘဲ လွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ်ရပ်တည်ရပါမယ်။
မကြာသေးမီတုန်းကတူနီးရှားလူငယ်နှင့်အားကစားဝန်ကြီးကာမယ်ဒီဂူချီက ဘောလုံးအဖွဲ့ချုပ်ကိုဖျက်သိမ်းနိုင်ကြောင်းပြောကြားလာပြီးနောက် ဖီဖာကယခုကဲ့သို့အပြင်းအထန်သတိပေးလာတာလည်းဖြစ်ပါတယ်။
တကယ်လို့များတူနီးရှားအစိုးရကတော့တူနီးရှားဘောလုံးအဖွဲ့ချုပ်ကိုဝင်ရောက်စွက်ဖက်နေမည်ဆိုပါက တူနီးရှားအသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ခံလာရဖို့သေချာနေပါတယ်။
ဒါတင်မကသေးပါဘူး။တူရကီကလပ်များနှင့်လက်ရွေးစင်အသင်းများဟာလည်းမည်သည့်နိုင်ငံတကာပြိုင်ပွဲ၊တိုက်ကြီးပြိုင်ပွဲတွင်မှဝင်ရောက်ယှဉ်ပြိုင်ခွင့်ရလာတော့မှာမဟုတ်ပါဘူး။
၂၀၀၄အာဖရိကချန်ပီယံတူနီးရှားဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု(ဃ)တွင်ပြင်သစ်၊ဒိန်းမတ်၊ဩစတြေးလျတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
တူနီးရှားဟာယခင်ကမ္ဘာ့ဖလားပြိုင်ပွဲ၅ကြိမ်တုန်းကအုပ်စုအဆင့်ကိုမကျော်ဖြတ်ခဲ့ဖူးပါဘူး။၎င်းတို့ဟာအုပ်စု(ဃ)အဖွင်ပွဲစဉ်အဖြစ်နိုဝင်ဘာလ၂၂ရက်နေ့တွင်ဒိန်းမတ်နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် ရက်သတ္တပတ်အနည်းငယ်သာလိုတော့တဲ့အချိန်တွင် အထုတ်ခံရဖို့ ရှိနေတဲ့ တူနီးရှား