
ပိုလန်ဂိုးသမားဘာလိုမီဒရာဂိုစကီးဟာ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန်ရက်ပိုင်းသာလိုတော့တဲ့အချိန်တွင်ဒဏ်ရာဆိုးဆိုးရွားရွားကာလွဲချော်လာတော့မှာဖြစ်ပါတယ်။
ဒရာဂိုစကီးဟာစီးရီးအေကလပ်စပီဇီယာရဲ့ဗီရိုနာနှင့်ကစားတဲ့ပွဲစဉ်တွင်ပွဲချိန်၃၈မိနစ်မှာဘောလုံးရှင်းထုတ်ရန်ကြိုးပမ်းစဉ်ဗီရိုနာရဲ့ကီဗင်လာဆာဂနာနှင့်ထိခိုက်မိခဲ့ပါတယ်။
ဒရာဂိုစကီးဟာခြေကျင်းဝတ်ဒဏ်ရာဆိုးဆိုးရွားရွားရရှိခဲ့ပါတယ်။ပိုလန်ဂိုးသမားဟာဒဏ်ရာကြောင့်ကွင်းအတွင်းနာကျင်ကာငိုနေခဲ့ပြီးကစားဖော်များကနှစ်သိမ့်ပေးခဲ့ကြပါတယ်။
ဂျူဗင်တပ်ရဲ့ဆက်ဇက်နီကပိုလန်ရဲ့ဦးစားပေးဂိုးသမားဖြစ်ပေမဲ့လည်းဒရာဂိုစကီးဟာလည်းယခုရာသီတွင်စပီဇီယာနှင့်အတူလက်စွမ်းပြနိုင်မှုနဲ့အတူပိုလန်ရဲ့နံပါတ်တစ်ဂိုးသမားနေရာကိုရယူနိုင်တဲ့အနေအထားမျိုးမှာရှိနေသူဖြစ်ပါတယ်။
ဒရာဂိုစကီးဒဏ်ရာရရှိနေချိန်တွင်စပီဇာယာ၁-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပေမဲ့လည်းအန်ဇိုလာရဲ့နှစ်ဂိုးကြောင့်၂-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ပိုလန်ဟာကမ္ဘာ့ဖလားအုပ်စု(ဂ)တွင်မက္ကဆီကို၊ဆော်ဒီ၊အာဂျင်တီးနားတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
မက်ဆီရဲ့အာဂျင်တီးနားကအုပ်စုဗိုလ်ဖြစ်ရန်ရေပန်းစားနေပေမဲ့လည်း လီဝန်ဒေါ့စကီးနဲ့ဇီလင်းစကီးတို့ရှိနေတဲ့ပိုလန်ကလည်းအုပ်စုဒုတိယအဖြစ်၁၆သင်းအဆင့်သို့တက်ရောက်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲစတင္ရန္ ရက္ပိုင္းအလိုတြင္ ဒဏ္ရာျပင္းထန္စြာရရွိၿပီး လြဲေခ်ာ္လာေတာ့မယ့္ ပိုလန္ဂိုးသမား
ပိုလန္ဂိုးသမားဘာလိုမီဒရာဂိုစကီးဟာ၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲစတင္ရန္ရက္ပိုင္းသာလိုေတာ့တဲ့အခ်ိန္တြင္ဒဏ္ရာဆိုးဆိုး႐ြား႐ြားကာလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။
ဒရာဂိုစကီးဟာစီးရီးေအကလပ္စပီဇီယာရဲ႕ဗီ႐ိုနာႏွင့္ကစားတဲ့ပြဲစဥ္တြင္ပြဲခ်ိန္၃၈မိနစ္မွာေဘာလုံးရွင္းထုတ္ရန္ႀကိဳးပမ္းစဥ္ဗီ႐ိုနာရဲ႕ကီဗင္လာဆာဂနာႏွင့္ထိခိုက္မိခဲ့ပါတယ္။
ဒရာဂိုစကီးဟာေျခက်င္းဝတ္ဒဏ္ရာဆိုးဆိုး႐ြား႐ြားရရွိခဲ့ပါတယ္။ပိုလန္ဂိုးသမားဟာဒဏ္ရာေၾကာင့္ကြင္းအတြင္းနာက်င္ကာငိုေနခဲ့ၿပီးကစားေဖာ္မ်ားကႏွစ္သိမ့္ေပးခဲ့ၾကပါတယ္။
ဂ်ဴဗင္တပ္ရဲ႕ဆက္ဇက္နီကပိုလန္ရဲ႕ဦးစားေပးဂိုးသမားျဖစ္ေပမဲ့လည္းဒရာဂိုစကီးဟာလည္းယခုရာသီတြင္စပီဇီယာႏွင့္အတူလက္စြမ္းျပႏိုင္မႈနဲ႔အတူပိုလန္ရဲ႕နံပါတ္တစ္ဂိုးသမားေနရာကိုရယူႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနသူျဖစ္ပါတယ္။
ဒရာဂိုစကီးဒဏ္ရာရရွိေနခ်ိန္တြင္စပီဇာယာ၁-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ေပမဲ့လည္းအန္ဇိုလာရဲ႕ႏွစ္ဂိုးေၾကာင့္၂-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ပိုလန္ဟာကမာၻ႔ဖလားအုပ္စု(ဂ)တြင္မကၠဆီကို၊ေဆာ္ဒီ၊အာဂ်င္တီးနားတို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။
မက္ဆီရဲ႕အာဂ်င္တီးနားကအုပ္စုဗိုလ္ျဖစ္ရန္ေရပန္းစားေနေပမဲ့လည္း လီဝန္ေဒါ့စကီးနဲ႔ဇီလင္းစကီးတို႔ရွိေနတဲ့ပိုလန္ကလည္းအုပ္စုဒုတိယအျဖစ္၁၆သင္းအဆင့္သို႔တက္ေရာက္ႏိုင္တဲ့အေျခအေနမွာရွိေနပါတယ္။