ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက္ကဆီကိုပရိသတ်များအား Lucha Libre မျက်နှာဖုံးဝတ်ဆင်ခွင့် ကာတာပိတ်ပင်လာ

မက္ကဆီကိုပရိသတ်များဟာကာတာတွင်ကျင်းပမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင် Lucha Libre မျက်နှာဖုံးဝတ်ဆင်ခွင့်ပိတ်ပင်ခြင်းခံလာရပါတယ်။

မက္ကဆီကိုအာဏာပိုင်များကလည်း ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီက၎င်းတို့ရဲ့ဆုံးဖြတ်ချက်ကိုနိုင်ငံခြားရေးဝန်ကြီးဌာနသို့အကြောင်းကြားထားအတည်ပြုထားပါတယ်။

ဒါကြောင့်လည်းမက္ကဆီကိုပရိသတ်များအနေဖြင့် Lucha Libre မျက်နှာဖုံးကိုကမ္ဘာ့ဖလားကွင်းအတွင်းသို့ယူဆောင်ကာအသုံးပြုလာမည်ဆိုပါက ကာတာအာဏာပိုင်တို့ရဲ့အရေးယူခြင်းခံလာရပါမယ်။

မက္ကဆီကိုသံတမန်နှင့်ပြည်သူ့သံတမန်ရေးရာအမှုဆောင်ဒါရိုက်တာအယ်ဖွန်ဆိုဇီဘီကမက္ကဆီကိုပရိသတ်များအနေဖြင့်ဘောလုံးပွဲများတွင် Lucha Libre မျက်နှာဖုံးလုံးဝမအသုံးပြုကြရန်အထူးသတိပေးထားပါတယ်။

တဖက်တွင်လုံခြုံရေးဝန်ထမ်းများကလည်းကွင်းအတွင်းမျက်နှာဖုံးသယ်ဆောင်ရန်ကြိုးပမ်းလာတဲ့ပရိသတ်များထံမှ မည်သည့် Lucha Libre မျက်နှာဖုံးကိုမဆို သိမ်းဆည်းမှုပြုလုပ်ထားပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီကတော့ လုံခြုံရေးအကြောင်းပြချက်ကြောင့် Lucha Libre မျက်နှာဖုံးများကိုပိတ်ပင်ရခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေးထားပါတယ်။

ယခုကဲ့သို့ပင်မှုကဘောလုံးပွဲများအပြင်ရိုးရာပွဲများအတွက် Lucha Libre မျက်နှာဖုံးကိုဝတ်ဆင်လေ့ရှိတဲ့မက္ကဆီကိုပရိသတ်များအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။

မက္ကဆီကိုဟာလာမယ့်နိုဝင်ဘာလ၂၂ ရက်နေ့တွင်ပိုလန်နှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲကစားပြီးနောက် အာဂျင်တီးနား၊ဆော်ဒီတို့နှင့်ဆက်လက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ မကၠဆီကိုပရိသတ္မ်ားအား Lucha Libre မ်က္ႏွာဖုံးဝတ္ဆင္ခြင့္ ကာတာပိတ္ပင္လာ

မကၠဆီကိုပရိသတ္မ်ားဟာကာတာတြင္က်င္းပမယ့္ ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ Lucha Libre မ်က္ႏွာဖုံးဝတ္ဆင္ခြင့္ပိတ္ပင္ျခင္းခံလာရပါတယ္။

မကၠဆီကိုအာဏာပိုင္မ်ားကလည္း ၂၀၂၂ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးေကာ္မတီက၎တို႔ရဲ႕ဆုံးျဖတ္ခ်က္ကိုႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔အေၾကာင္းၾကားထားအတည္ျပဳထားပါတယ္။

ဒါေၾကာင့္လည္းမကၠဆီကိုပရိသတ္မ်ားအေနျဖင့္ Lucha Libre မ်က္ႏွာဖုံးကိုကမာၻ႔ဖလားကြင္းအတြင္းသို႔ယူေဆာင္ကာအသုံးျပဳလာမည္ဆိုပါက ကာတာအာဏာပိုင္တို႔ရဲ႕အေရးယူျခင္းခံလာရပါမယ္။

မကၠဆီကိုသံတမန္ႏွင့္ျပည္သူ႔သံတမန္ေရးရာအမႈေဆာင္ဒါ႐ိုက္တာအယ္ဖြန္ဆိုဇီဘီကမကၠဆီကိုပရိသတ္မ်ားအေနျဖင့္ေဘာလုံးပြဲမ်ားတြင္ Lucha Libre မ်က္ႏွာဖုံးလုံးဝမအသုံးျပဳၾကရန္အထူးသတိေပးထားပါတယ္။

တဖက္တြင္လုံၿခဳံေရးဝန္ထမ္းမ်ားကလည္းကြင္းအတြင္းမ်က္ႏွာဖုံးသယ္ေဆာင္ရန္ႀကိဳးပမ္းလာတဲ့ပရိသတ္မ်ားထံမွ မည္သည့္ Lucha Libre မ်က္ႏွာဖုံးကိုမဆို သိမ္းဆည္းမႈျပဳလုပ္ထားပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရးေကာ္မတီကေတာ့ လုံၿခဳံေရးအေၾကာင္းျပခ်က္ေၾကာင့္ Lucha Libre မ်က္ႏွာဖုံးမ်ားကိုပိတ္ပင္ရျခင္းျဖစ္ေၾကာင္း အေၾကာင္းျပခ်က္ေပးထားပါတယ္။

ယခုကဲ့သို႔ပင္မႈကေဘာလုံးပြဲမ်ားအျပင္႐ိုးရာပြဲမ်ားအတြက္ Lucha Libre မ်က္ႏွာဖုံးကိုဝတ္ဆင္ေလ့ရွိတဲ့မကၠဆီကိုပရိသတ္မ်ားအတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္ေနပါတယ္။

မကၠဆီကိုဟာလာမယ့္ႏိုဝင္ဘာလ၂၂ ရက္ေန႔တြင္ပိုလန္ႏွင့္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲကစားၿပီးေနာက္ အာဂ်င္တီးနား၊ေဆာ္ဒီတို႔ႏွင့္ဆက္လက္ရင္ဆိုင္ကစားရပါမယ္။