ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားနှင့် အရေးပါတဲ့ပွဲမတိုင်မီ ချစ်သူ/ဇနီးနှင့် တစ်ညအတူနေခွင့်ရလာတဲ့ ဘယ်လ်ဂျီယံစတားများ

ဘယ်လ်ဂျီယံရဲ့ကမ္ဘာ့ဖလားစတားများဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ချစ်သူ/ဇနီးတို့နှင့်အတူနေခွင့်ရရှိလာကြပါတယ်။

ဘယ်လ်ဂျီယံဟာလာမယ့်လကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းရဲ့တည်းခိုးရာဟိုတယ်သို့ မိသားစုဝင်များကိုအလည်အပတ်လာရောက်ခွင့်ပေးလာမှာလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ဟာနိုဝင်ဘာလ၂၇ရက်နေ့ မော်ရိုကိုနှင့်အုပ်စုပွဲကစားပြီးချိန်တွင် ကစားသမားများရဲ့ချစ်သူ/မိသားစုဝင်များကို အသင်းတည်းခိုရာဟိုတယ်သို့ တစ်ညတာလာရောက်နေထိုင်ခွင့်ပေးလာမှာ လည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံစတားများဟာမော်ရိုကိုနှင့်ပွဲအပြီးတွင်ရက်အနည်းငယ်နားခွင့်ရရှိလာမှာဖြစ်ပြီး ဒီဇင်ဘာလ၁ ရက်နေ့တွင်အုပ်စုနောက်ဆုံးပွဲအဖြစ်ခရိုအေးရှားနှင့်အရေးပါတဲ့ပွဲကစားရပါမယ်။

ဘယ်လ်ဂျီယံနည်းပြရောဘတ်တိုမာတီနက်ဇ်ဟာယခင်နည်းပြမာ့ခ်ဝီလ်မော့ကဲ့သို့မဟုတ်ဘဲ ကစားသမားများကို ပြိုင်ပွဲကာလအတွင်းတွင် ချစ်သူ/ဇနီးသည်နှင့်တစ်ညတာအတူနေခွင့်ပေးလာတာလည်းဖြစ်ပါတယ်။

မာတီနက်ဇ်ဟာလာမယ့်နိုဝင်ဘာလ၁၁ရက်နေ့တွင်ဘယ်လ်ဂျီယံရဲ့၂၆ဦးစာရင်းကိုကြေညာလာပါမယ်။

ဘယ်လ်ဂျီယံဟာကာတာသို့ရောက်ရှိနေစဉ်အတွင်းတွင် Hilton Salwa Beach Resort တွင်တည်းခိုလာပါမယ်။

ဘယ်လ်ဂျီယံဟာစတားများရဲ့ချစ်သူ/ဇနီးကိုအသင်းတည်းခိုရာဟိုတယ်သို့ အလည်လာခွင့်ပေးလာပေမဲ့ ၎င်းတို့ရဲ့ကာတာခရီးစဉ်ကိုတော့စီစဉ်ပေးထားခြင်းမရှိပါဘူး။

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာလူ့အခွင့်အရေးချိုးဖောက်များရှိတဲ့ ကာတာအတွက်အကျိုးအမြတ်မရှိလာစေရေးအတွက် ကစားသမားများရဲ့မိသားစုဝင်များအတွက်ကမ္ဘာ့ဖလားခရီးစဉ်ကိုစီစဉ်ပေးခြင်းမရှိပါဘူး။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခ႐ိုေအးရွားႏွင့္ အေရးပါတဲ့ပြဲမတိုင္မီ ခ်စ္သူ/ဇနီးႏွင့္ တစ္ညအတူေနခြင့္ရလာတဲ့ ဘယ္လ္ဂ်ီယံစတားမ်ား

ဘယ္လ္ဂ်ီယံရဲ႕ကမာၻ႔ဖလားစတားမ်ားဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ ခ်စ္သူ/ဇနီးတို႔ႏွင့္အတူေနခြင့္ရရွိလာၾကပါတယ္။

ဘယ္လ္ဂ်ီယံဟာလာမယ့္လကမာၻ႔ဖလားၿပိဳင္ပြဲတြင္ အသင္းရဲ႕တည္းခိုးရာဟိုတယ္သို႔ မိသားစုဝင္မ်ားကိုအလည္အပတ္လာေရာက္ခြင့္ေပးလာမွာလည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံေဘာလုံးအဖြဲ႕ခ်ဳပ္ဟာႏိုဝင္ဘာလ၂၇ရက္ေန႔ ေမာ္႐ိုကိုႏွင့္အုပ္စုပြဲကစားၿပီးခ်ိန္တြင္ ကစားသမားမ်ားရဲ႕ခ်စ္သူ/မိသားစုဝင္မ်ားကို အသင္းတည္းခိုရာဟိုတယ္သို႔ တစ္ညတာလာေရာက္ေနထိုင္ခြင့္ေပးလာမွာ လည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံစတားမ်ားဟာေမာ္႐ိုကိုႏွင့္ပြဲအၿပီးတြင္ရက္အနည္းငယ္နားခြင့္ရရွိလာမွာျဖစ္ၿပီး ဒီဇင္ဘာလ၁ ရက္ေန႔တြင္အုပ္စုေနာက္ဆုံးပြဲအျဖစ္ခ႐ိုေအးရွားႏွင့္အေရးပါတဲ့ပြဲကစားရပါမယ္။

ဘယ္လ္ဂ်ီယံနည္းျပေရာဘတ္တိုမာတီနက္ဇ္ဟာယခင္နည္းျပမာ့ခ္ဝီလ္ေမာ့ကဲ့သို႔မဟုတ္ဘဲ ကစားသမားမ်ားကို ၿပိဳင္ပြဲကာလအတြင္းတြင္ ခ်စ္သူ/ဇနီးသည္ႏွင့္တစ္ညတာအတူေနခြင့္ေပးလာတာလည္းျဖစ္ပါတယ္။

မာတီနက္ဇ္ဟာလာမယ့္ႏိုဝင္ဘာလ၁၁ရက္ေန႔တြင္ဘယ္လ္ဂ်ီယံရဲ႕၂၆ဦးစာရင္းကိုေၾကညာလာပါမယ္။

ဘယ္လ္ဂ်ီယံဟာကာတာသို႔ေရာက္ရွိေနစဥ္အတြင္းတြင္ Hilton Salwa Beach Resort တြင္တည္းခိုလာပါမယ္။

ဘယ္လ္ဂ်ီယံဟာစတားမ်ားရဲ႕ခ်စ္သူ/ဇနီးကိုအသင္းတည္းခိုရာဟိုတယ္သို႔ အလည္လာခြင့္ေပးလာေပမဲ့ ၎တို႔ရဲ႕ကာတာခရီးစဥ္ကိုေတာ့စီစဥ္ေပးထားျခင္းမရွိပါဘူး။

ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလူ႔အခြင့္အေရးခ်ိဳးေဖာက္မ်ားရွိတဲ့ ကာတာအတြက္အက်ိဳးအျမတ္မရွိလာေစေရးအတြက္ ကစားသမားမ်ားရဲ႕မိသားစုဝင္မ်ားအတြက္ကမာၻ႔ဖလားခရီးစဥ္ကိုစီစဥ္ေပးျခင္းမရွိပါဘူး။