
ဒေးဗစ်ဒီဂီယာဟာစပိန်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဏာမ ၅၅ဦးလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။
အသက်၃၁နှစ်ရှိယူနိုက်တက်ဂိုးသမားဟာယခုရာသီတွင်လည်းယူနိုက်တက်ရဲ့နံပါတ်တစ်ဂိုးသမားအဖြစ် ပြိုင်ပွဲအရပ်ရပ်တွင်၁၆ပွဲကစားထားပါတယ်။ဒါပေမဲ့သူဟာစပိန်အသင်းကိုလူးဝစ်အန်းနရစ်ကိုင်တွယ်ပြီးကတည်းကစပိန်အသင်းမှာရွေးချယ်ခံရရန်ရုန်းကန်လာခဲ့ရပါတယ်။
သူဟာမတ်လတုန်းကလည်းအယ်ဘေးနီးယား၊အိုက်စလန်တို့နှင့်ရင်ဆိုင်ရမယ့်စပိန်အသင်း ၂၃ဦးလူစာရင်းတွင်ချန်လှပ်ခံခဲ့ရပါသေးတယ်။
လူးဝစ်အန်းနရစ်ဟာဒေးဗစ်ဒီဂီယာကိုချန်လှပ်ပြီးဘောလုံးပေးပို့မှုအရည်အသွေးပိုမိုကောင်းမွန်တဲ့ဘရန့်ဖို့ဒ်ဂိုးသမားဒေးဗစ်ရာယာကိုပထမဆုံးအကြိမ်အဖြစ်ရွေးချယ်သွားခဲ့ပါတယ်။
ဒါ့အပြင်ဒေးဗစ်ဒီဂီယာမှာလူးဝစ်အန်းနရစ်ရဲ့ကစားဟန်နှင့်လည်းအံဝင်ခြင်းမရှိကြောင်းလည်းဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။
လူးဝစ်အန်းနရစ်ဟာသူ့ဂိုးသမားများအား ကစားကွက်တည်ဆောက်ရာတွင် ပါဝင်စေချင်သလို ရှေ့တန်းသို့ပေးပို့ရာတွင်လည်းတိကျတဲ့ဘောလုံးပေးပို့မှုပြုလုပ်စေလိုပါတယ်။
အန်းနရစ်ဟာကမ္ဘာ့ဖလားအတွက်စပိန်ပဏာမလူစာရင်းတွင်ဂိုး၅ဦးရွေးချယ်မှုပြုလုပ်ရာတွင်ဒေးဗစ်ရာယာ(ဘရန့်ဖို့ဒ်)၊အူနိုင်းဆီမွန်(ဘီလ်ဘာအို)၊ရောဘတ်ဆန်းချက်ဇ်(ဘရိုက်တန်)၊ကီပါ(ချဲလ်ဆီး)နှင့်ဒေးဗစ်ဆိုရီယာ(ဂီတာဖေး)တို့ပါဝင်နေပါတယ်။
ဒေးဗစ်ဒီဂီယာဟာ၂၀၂၀ခုနှစ်တုန်းကယူကရိန်းကိုရှုံးနိမ့်တဲ့ပွဲစဉ်တွင်အမှားပြုလုပ်ကာဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင်စပိန်အသင်းပွဲထွက်ကစားခွင့်ဆုံးရှုံးလာခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ စပိန္ ပဏာမကစားသမား ၅၅ ဦးစာရင္းတြင္ ဒီဂီယာ ခ်န္လွပ္ခံရ
ေဒးဗစ္ဒီဂီယာဟာစပိန္အသင္းရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ပဏာမ ၅၅ဦးလူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။
အသက္၃၁ႏွစ္ရွိယူႏိုက္တက္ဂိုးသမားဟာယခုရာသီတြင္လည္းယူႏိုက္တက္ရဲ႕နံပါတ္တစ္ဂိုးသမားအျဖစ္ ၿပိဳင္ပြဲအရပ္ရပ္တြင္၁၆ပြဲကစားထားပါတယ္။ဒါေပမဲ့သူဟာစပိန္အသင္းကိုလူးဝစ္အန္းနရစ္ကိုင္တြယ္ၿပီးကတည္းကစပိန္အသင္းမွာေ႐ြးခ်ယ္ခံရရန္႐ုန္းကန္လာခဲ့ရပါတယ္။
သူဟာမတ္လတုန္းကလည္းအယ္ေဘးနီးယား၊အိုက္စလန္တို႔ႏွင့္ရင္ဆိုင္ရမယ့္စပိန္အသင္း ၂၃ဦးလူစာရင္းတြင္ခ်န္လွပ္ခံခဲ့ရပါေသးတယ္။
လူးဝစ္အန္းနရစ္ဟာေဒးဗစ္ဒီဂီယာကိုခ်န္လွပ္ၿပီးေဘာလုံးေပးပို႔မႈအရည္အေသြးပိုမိုေကာင္းမြန္တဲ့ဘရန႔္ဖို႔ဒ္ဂိုးသမားေဒးဗစ္ရာယာကိုပထမဆုံးအႀကိမ္အျဖစ္ေ႐ြးခ်ယ္သြားခဲ့ပါတယ္။
ဒါ့အျပင္ေဒးဗစ္ဒီဂီယာမွာလူးဝစ္အန္းနရစ္ရဲ႕ကစားဟန္ႏွင့္လည္းအံဝင္ျခင္းမရွိေၾကာင္းလည္းေဝဖန္ခံခဲ့ရသူျဖစ္ပါတယ္။
လူးဝစ္အန္းနရစ္ဟာသူ႔ဂိုးသမားမ်ားအား ကစားကြက္တည္ေဆာက္ရာတြင္ ပါဝင္ေစခ်င္သလို ေရွ႕တန္းသို႔ေပးပို႔ရာတြင္လည္းတိက်တဲ့ေဘာလုံးေပးပို႔မႈျပဳလုပ္ေစလိုပါတယ္။
အန္းနရစ္ဟာကမာၻ႔ဖလားအတြက္စပိန္ပဏာမလူစာရင္းတြင္ဂိုး၅ဦးေ႐ြးခ်ယ္မႈျပဳလုပ္ရာတြင္ေဒးဗစ္ရာယာ(ဘရန႔္ဖို႔ဒ္)၊အူႏိုင္းဆီမြန္(ဘီလ္ဘာအို)၊ေရာဘတ္ဆန္းခ်က္ဇ္(ဘ႐ိုက္တန္)၊ကီပါ(ခ်ဲလ္ဆီး)ႏွင့္ေဒးဗစ္ဆိုရီယာ(ဂီတာေဖး)တို႔ပါဝင္ေနပါတယ္။
ေဒးဗစ္ဒီဂီယာဟာ၂၀၂၀ခုႏွစ္တုန္းကယူကရိန္းကိုရႈံးနိမ့္တဲ့ပြဲစဥ္တြင္အမွားျပဳလုပ္ကာဂိုးေပးလိုက္ရၿပီးေနာက္ပိုင္းတြင္စပိန္အသင္းပြဲထြက္ကစားခြင့္ဆုံးရႈံးလာခဲ့သူလည္းျဖစ္ပါတယ္။