ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂေါက်ရိုက်ခွင့်ပိတ်ပင်ခြင်းခံလာရတဲ့ ဂါရတ်ဘေးလ်
ဂါရတ်ဘေးလ်ရဲ့ဂေါက်ရိုက်တဲ့နေ့ရက်တွေကကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာရှိလာတော့မှာမဟုတ်ပါဘူး။
ဝေးလ်နည်းပြရောဘတ်ပေ့ချ်ဟာယခင်တုန်းကနိုင်ငံတကာပွဲကာလများအတွင်းတွင်နားရက်ရရှိပါက ဂါရတ်ဘေးလ်ကိုသူဝါသနာပါတဲ့ဂေါက်ရိုက်ခွင့်ပေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ရောဘတ်ပေ့ချ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်ချိန်၇ရက်တည်းသာရရှိတဲ့အပြင်လေးရက်လျှင်တစ်ပွဲနှုန်းကစားရမှာဖြစ်တာကြောင့် ဂါရတ်ဘေးလ်ကိုဂေါက်ရိုက်ခွင့်ပိတ်ပင်မှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
ရောဘတ်ပေ့ချ်က “အရင်တုန်းကဆိုဂါရတ်၊ကိုင်ဖာမိုးဒါမှမဟုတ်အေရွန်ရမ်ဆေးရောက်လာပြီးနောက်နေ့နေ့လည်ပိုင်းဘာအစီအစဉ်မရှိရင်ဂေါက်ရိုက်ခွင့်ပေးဖို့တောင်းဆိုလာတတ်ကြတယ်။ကျွန်တော်ကလည်းအသင်းတွေ့ဆုံပွဲမရှိဘူးဆိုရင်ခွင့်ပေးခဲ့တာပါပဲ။ဒါပေမဲ့အခုဟာပြင်ဆင်ချိန်က၇ရက်ပဲရတယ်။အချိန်မလုံလောက်ဘူး။လေးရက်တိုင်းတစ်ပွဲကစားရမယ်”လို့ပြောကြားသွားပါတယ်။
ဝေးလ်ဟာ၁၉၅၈ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်လာပါမယ်။၎င်းတို့ဟာနိုဝင်ဘာလ၂၁ရက်နေ့တွင်အမေရိကန်နှင့်အဖွင့်ပွဲကစားပြီးနောက်အီရန်၊အင်္ဂလန်တို့နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ဝေးလ်နည်းပြရောဘတ်ပေ့ခ်ျဟာယခင်တုန်းကနိုင်ငံတကာပွဲကာလများအတွင်းတွင်နားရက်ရရှိပါက ဂါရတ်ဘေးလ်ကိုသူဝါသနာပါတဲ့ဂေါက်ရိုက်ခွင့်ပေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ရောဘတ်ပေ့ခ်ျဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပြင်ဆင်ချိန်၇ရက်တည်းသာရရှိတဲ့အပြင်လေးရက်လျှင်တစ်ပွဲနှုန်းကစားရမှာဖြစ်တာကြောင့် ဂါရတ်ဘေးလ်ကိုဂေါက်ရိုက်ခွင့်ပိတ်ပင်မှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။