ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တိုနှံ့နှံ့ဝတ်စုံဝတ်ဆင်တဲ့ အမျိုးသမီးပရိသတ်များ ဒဏ်ရိုက်ခြင်း(သို့)ထောင်ချခြင်းခံရမည်

အမျိုးသမီးဘောလုံးပရိသတ်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့ရောက်ရှိနေစဉ်အတွင်းပုခုံးဖော်ထားတဲ့အင်္ကျီဝတ်ဆင်ခြင်း၊ချက်ဖော်အင်္ကျီဝတ်ဆင်ခြင်းပြုလုပ်ပါက ဒဏ်ငွေတင်မကထောင်ဒဏ်ကျခံရမယ့်အရေးနှင့်ပါကြုံတွေ့လာရနိုင်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကမွတ်စလင်နိုင်ငံတွင်ပထမဆုံးကျင်းပတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်ပြီးတစ်ကမ္ဘာလုံးမှမတူကွဲပြားတဲ့ယဉ်ကျေးမှုနိုင်ငံမှရောက်လာမဲ့ပရိသတ်များအနေဖြင့်တင်းကြပ်လှတဲ့ဥပဒေနှင့်ရင်ဆိုင်ကြုံတွေ့လာရမှာလည်းဖြစ်ပါတယ်။

ကာတာနိုင်ငံရဲ့အပူချိန်မှာ၅၀ဒီဂရီအထိရှိလာနိုင်ပေမဲ့လည်းပရိသတ်များအနေဖြင့်အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ဆင်ရန်အထူးသတိပြုရပါမယ်။

အထူးသဖြင့်အမျိုးသမီးပရိသတ်များအနေဖြင့်ပုခုံးပေါ်၊ချက်ပေါ်အဝတ်အစားများဝတ်ဆင်နိုင်မှာမဟုတ်တဲ့အပြင်ဘောင်းဘီတို၊တိုနှံ့နှံ့စကပ်တို့ကိုလည်းဝတ်ဆင်နိုင်မှာမဟုတ်ပါဘူး။

ကာတာရဲ့စည်းမျဉ်းအရအများသူငါသွားလာရာနေရာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းကိုမြင်ရတဲ့အဝတ်အစားဝတ်ဆင်ပါကဖမ်းဆီးခြင်းခံရပါမယ်။

ဒါကြောင့်လည်းဖီဖာကအမျိုးသမီးပရိသတ်များအနေဖြင့်အဝတ်အစားဝတ်ဆင်ရာတွင်အထူးသတိထားရန်သတိပြုရပါမယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ တိုႏွံ႔ႏွံ႔ဝတ္စုံဝတ္ဆင္တဲ့ အမ်ိဳးသမီးပရိသတ္မ်ား ဒဏ္႐ိုက္ျခင္း(သို႔)ေထာင္ခ်ျခင္းခံရမည္

အမ်ိဳးသမီးေဘာလုံးပရိသတ္မ်ားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲသို႔ေရာက္ရွိေနစဥ္အတြင္းပုခုံးေဖာ္ထားတဲ့အက်ႌဝတ္ဆင္ျခင္း၊ခ်က္ေဖာ္အက်ႌဝတ္ဆင္ျခင္းျပဳလုပ္ပါက ဒဏ္ေငြတင္မကေထာင္ဒဏ္က်ခံရမယ့္အေရးႏွင့္ပါႀကဳံေတြ႕လာရႏိုင္ပါတယ္။

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကမြတ္စလင္ႏိုင္ငံတြင္ပထမဆုံးက်င္းပတဲ့ကမာၻ႔ဖလားၿပိဳင္ပြဲျဖစ္လာမွာျဖစ္ၿပီးတစ္ကမာၻလုံးမွမတူကြဲျပားတဲ့ယဥ္ေက်းမႈႏိုင္ငံမွေရာက္လာမဲ့ပရိသတ္မ်ားအေနျဖင့္တင္းၾကပ္လွတဲ့ဥပေဒႏွင့္ရင္ဆိုင္ႀကဳံေတြ႕လာရမွာလည္းျဖစ္ပါတယ္။

ကာတာႏိုင္ငံရဲ႕အပူခ်ိန္မွာ၅၀ဒီဂရီအထိရွိလာႏိုင္ေပမဲ့လည္းပရိသတ္မ်ားအေနျဖင့္အဝတ္အစားကိုလုံလုံၿခဳံၿခဳံဝတ္ဆင္ရန္အထူးသတိျပဳရပါမယ္။

အထူးသျဖင့္အမ်ိဳးသမီးပရိသတ္မ်ားအေနျဖင့္ပုခုံးေပၚ၊ခ်က္ေပၚအဝတ္အစားမ်ားဝတ္ဆင္ႏိုင္မွာမဟုတ္တဲ့အျပင္ေဘာင္းဘီတို၊တိုႏွံ႔ႏွံ႔စကပ္တို႔ကိုလည္းဝတ္ဆင္ႏိုင္မွာမဟုတ္ပါဘူး။

ကာတာရဲ႕စည္းမ်ဥ္းအရအမ်ားသူငါသြားလာရာေနရာတြင္ ခႏၶာကိုယ္အစိတ္အပိုင္းကိုျမင္ရတဲ့အဝတ္အစားဝတ္ဆင္ပါကဖမ္းဆီးျခင္းခံရပါမယ္။

ဒါေၾကာင့္လည္းဖီဖာကအမ်ိဳးသမီးပရိသတ္မ်ားအေနျဖင့္အဝတ္အစားဝတ္ဆင္ရာတြင္အထူးသတိထားရန္သတိျပဳရပါမယ္။