ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မျက်နှာဖုံးစွပ်ပြီး ကစားလာမယ့် တောင်ကိုရီးယားစတားဆန်ဟောင်မင်း

ဆန်ဟောင်မင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်အထူးဖန်တီးထားတဲ့မျက်နှာစွပ်ပြီးကစားလာမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိစပါးစ်စတားဟာမာဆေးလ်နှင့်ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင်မျက်ခုံးရိုးအက်ဒဏ်ရာရရှိခဲ့ပါတယ်။

သူဟာယင်းမျက်ခုံးရိုးအက်ဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပေမဲ့လည်းတောင်ကိုရီးယားရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာပါဝင်လာခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာဒိုဟာတွင်တောင်ကိုရီးယားအသင်းဖော်များနှင့်အတူ လေ့ကျင့်ခန်းစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။သူဟာအထူးဖန်တီးထားတဲ့မျက်နှာဖုံးစွပ်ကာလေ့ကျင့်ခန်းဆင်းနေတာလည်းဖြစ်ပါတယ်။

သူဟာနိုဝင်ဘာလ၂၄ရက်နေ့တွင်ဥရုဂွေးနှင့်ရင်ဆိုင်ကစားရမယ့်အုပ်စုအဖွင့်ပွဲအမီကြံ့ခိုင်မှုပြည့်ဝလာဖို့ရှိနေပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ မ်က္ႏွာဖုံးစြပ္ၿပီး ကစားလာမယ့္ ေတာင္ကိုရီးယားစတားဆန္ေဟာင္မင္း

ဆန္ေဟာင္မင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္အထူးဖန္တီးထားတဲ့မ်က္ႏွာစြပ္ၿပီးကစားလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၀ႏွစ္ရွိစပါးစ္စတားဟာမာေဆးလ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲတြင္မ်က္ခုံး႐ိုးအက္ဒဏ္ရာရရွိခဲ့ပါတယ္။

သူဟာယင္းမ်က္ခုံး႐ိုးအက္ဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရေပမဲ့လည္းေတာင္ကိုရီးယားရဲ႕ကမာၻ႔ဖလားလူစာရင္းမွာပါဝင္လာခဲ့ပါတယ္။

ေတာင္ကိုရီးယားအသင္းေခါင္းေဆာင္ဟာဒိုဟာတြင္ေတာင္ကိုရီးယားအသင္းေဖာ္မ်ားႏွင့္အတူ ေလ့က်င့္ခန္းစတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။သူဟာအထူးဖန္တီးထားတဲ့မ်က္ႏွာဖုံးစြပ္ကာေလ့က်င့္ခန္းဆင္းေနတာလည္းျဖစ္ပါတယ္။

သူဟာႏိုဝင္ဘာလ၂၄ရက္ေန႔တြင္ဥ႐ုေဂြးႏွင့္ရင္ဆိုင္ကစားရမယ့္အုပ္စုအဖြင့္ပြဲအမီႀကံ့ခိုင္မႈျပည့္ဝလာဖို႔ရွိေနပါတယ္။