
ကင်မရွန်းဂိုးသမားအင်ဒရေအိုနာနာဟာဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကနေအိမ်သို့အပို့ခံရပြီးနောက်ကင်မရွန်းလက်ရွေးစင်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ပါတယ်။
အသက်၂၆နှစ်ရှိဂိုးသမားဟာဆွစ်ဇာလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်ပွဲထွက်ကစားပြီးနောက်နည်းပြရီဂိုဘတ်ဆောင်းနှင့်နည်းစနစ်ပိုင်းနှင့်ပတ်သက်ပြီးပြဿနာတက်ကာဆားဘီးယားနှင့်အုပ်စုဒုတိယပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။
အိုနာနာဟာရီဂိုဘတ်ဆောင်းရဲ့နည်းဗျူဟာတွင်ကစားရန်ငြင်းဆိုမှုပြုလုပ်ခဲ့တာလို့ယုံကြည်ရပြီးဒီဗစ်အက်စ်ပေဆီနှင့်အစားထိုးခံခဲ့ရပါတယ်။
အိုနာနာဟာကင်မရွန်းအတွက်တစ်ပွဲတည်းသာကစားပြီးနောက်နေအိမ်ပြန်ခဲ့ရပြီးကင်မရွန်းမှာလည်းအုပ်စုအဆင့်မှပင်ထွက်ခဲ့ရပါတယ်။
ယခုရက်သတ္တပတ်အနည်းငယ်အကြာမှာတော့အင်တာမီလန်ဂိုးသမားအိုနာနာဟာလက်ရွေးစင်ကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လာခဲ့ပြီဖြစ်ပါတယ်။
အိုနာနာဟာကင်မရွန်းအတွက်ကစားတဲ့၆နှစ်တာကာလအတွင်းတွင်၃၄ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။
ZawGyi
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ပြန်ပို့ခံရပြီးနောက် ကင်မရွန်းလက်ရွေးစင်ကစားသမားဘဝမှ အိုနာနာအနားယူ