
ဘရာဇီးအသင်းခေါင်းဆောင်တီယာဂိုဆေးလ်ဗားကပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုတွင်ဒဏ်ရာပြဿနာကြုံခဲ့ရတဲ့နေမာရဲ့အကောင်းဆုံးခြေစွမ်းကိုကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်မြင်တွေ့လာရမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။
နေမာဟာကျောဒဏ်ရာပြဿနာကြောင့်၂၀၁၄ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲကိုလွဲချော်ခဲ့သလို၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းကြံ့ခိုင်မှုပြည့်ဝရန်ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမဲ့သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲသို့ကြံ့ခိုင်မှုအပြည့်ဖြင့်ရောက်လာသလိုယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပွဲ၂၀ကစားရာတွင်၁၅ဂိုးသွင်းယူပြီးအကောင်းဆုံးခြေစွမ်းဖြင့်ရောက်လာပါတယ်။
ဆေးလ်ဗားက “နေမာဟာအကောင်းဆုံးပုံစံနဲ့ဒီပြိုင်ပွဲသို့ရောက်လာတာပါ။သူဟာကွဲပြားတဲ့ပုံစံမျိုးနဲ့ပြင်ဆင်လာခဲ့တယ်။၂၀၁၄တုန်းကသူအကောင်းဆုံးကစားနိုင်ပေမဲ့ဒဏ်ရာကြုံခဲ့ရတယ်။၂၀၁၈ကျတော့ဒဏ်ရာအပြင်းအထန်ရပြီးသိပ်မကစားနိုင်ခဲ့တော့ကွဲပြားတဲ့ပုံစံနဲ့ရောက်လာခဲ့တယ်။အခုတော့သူဟာကွဲပြားတဲ့ပြင်ဆင်မှုမျိုးရှိနေပါတယ်။ဒဏ်ရာမရှိဘူး။ဘာမှစိုးရိမ်စရာမရှိဘူး။ပိုကောင်းတဲ့နေမာကိုမြင်ရပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
ဘရာဇီးဟာယနေ့တွင်ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ်ဆားဘီးယားနှင့်ရင်ဆိုင်ကစားရပါမယ်။
ဘရာဇီးမီဒီယာတို့ကဘရာဇီးဟာဆားဘီးယားနှင့်ပွဲတွင်တိုက်စစ်အသားပေး၄-၁-၄-၁ကစားကွက်ဖြင့်ပွဲထွက်လာမယ်လို့ဖော်ပြနေကြပါတယ်။
ဆားဘီးယားတွင်လည်းဒဏ်ရာမှပြန်လည်ကောင်းမွန်လာတဲ့ မီထရိုဗစ်၊ဗလာဟိုဗစ်တို့နှင့်ပွဲထွက်လာပါမယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ပိုေကာင္းတဲ့ ေနမာကို ျမင္ေတြ႕ရမည္ဟု တီယာဂိုေဆးလ္ဗားကတိျပဳ
ဘရာဇီးအသင္းေခါင္းေဆာင္တီယာဂိုေဆးလ္ဗားကၿပီးခဲ့တဲ့ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုတြင္ဒဏ္ရာျပႆနာႀကဳံခဲ့ရတဲ့ေနမာရဲ႕အေကာင္းဆုံးေျခစြမ္းကိုကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျမင္ေတြ႕လာရမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။
ေနမာဟာေက်ာဒဏ္ရာျပႆနာေၾကာင့္၂၀၁၄ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲကိုလြဲေခ်ာ္ခဲ့သလို၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းႀကံ့ခိုင္မႈျပည့္ဝရန္႐ုန္းကန္ခဲ့ရပါတယ္။
ဒါေပမဲ့သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲသို႔ႀကံ့ခိုင္မႈအျပည့္ျဖင့္ေရာက္လာသလိုယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ပြဲ၂၀ကစားရာတြင္၁၅ဂိုးသြင္းယူၿပီးအေကာင္းဆုံးေျခစြမ္းျဖင့္ေရာက္လာပါတယ္။
ေဆးလ္ဗားက “ေနမာဟာအေကာင္းဆုံးပုံစံနဲ႔ဒီၿပိဳင္ပြဲသို႔ေရာက္လာတာပါ။သူဟာကြဲျပားတဲ့ပုံစံမ်ိဳးနဲ႔ျပင္ဆင္လာခဲ့တယ္။၂၀၁၄တုန္းကသူအေကာင္းဆုံးကစားႏိုင္ေပမဲ့ဒဏ္ရာႀကဳံခဲ့ရတယ္။၂၀၁၈က်ေတာ့ဒဏ္ရာအျပင္းအထန္ရၿပီးသိပ္မကစားႏိုင္ခဲ့ေတာ့ကြဲျပားတဲ့ပုံစံနဲ႔ေရာက္လာခဲ့တယ္။အခုေတာ့သူဟာကြဲျပားတဲ့ျပင္ဆင္မႈမ်ိဳးရွိေနပါတယ္။ဒဏ္ရာမရွိဘူး။ဘာမွစိုးရိမ္စရာမရွိဘူး။ပိုေကာင္းတဲ့ေနမာကိုျမင္ရပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။
ဘရာဇီးဟာယေန႔တြင္ကမာၻ႔ဖလားအဖြင့္ပြဲစဥ္အျဖစ္ဆားဘီးယားႏွင့္ရင္ဆိုင္ကစားရပါမယ္။
ဘရာဇီးမီဒီယာတို႔ကဘရာဇီးဟာဆားဘီးယားႏွင့္ပြဲတြင္တိုက္စစ္အသားေပး၄-၁-၄-၁ကစားကြက္ျဖင့္ပြဲထြက္လာမယ္လို႔ေဖာ္ျပေနၾကပါတယ္။
ဆားဘီးယားတြင္လည္းဒဏ္ရာမွျပန္လည္ေကာင္းမြန္လာတဲ့ မီထ႐ိုဗစ္၊ဗလာဟိုဗစ္တို႔ႏွင့္ပြဲထြက္လာပါမယ္။