ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးတစ်ဂိုးသွင်းတိုင်း တစ်ပုံအခမဲ့ပြသလာမယ့် မော်ဒယ်
OnlyFans မော်ဒယ်တစ်ဦးကကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘရာဇီးအသင်းတစ်ဂိုးသွင်းတိုင်းအခမဲ့မိမွေးဖမွေးတိုင်းပုံတစ်ပုံပြသလာမှာဖြစ်ကြောင်းကတိပြုလာပါတယ်။
အသက်၂၄နှစ်ရှိဒိုင်ယာနီတိုမာဇိုနီဟာဗစ်ကိုကပ်ဘေးမတိုင်မီOnlyFans သို့ဝင်ရောက်ခဲ့တာဖြစ်ပြီးအခြားအလုပ်တွေထက်ပိုမိုဝင်ငွေကောင်းမွန်စွာရရှိနေသူလည်းဖြစ်ပါတယ်။
Newsflash နှင့်အင်တာဗျူးတွင်သူမက “၁၈နှစ်အောက်မကြည့်ရဟာတွေလုပ်နေတယ်။OnlyFans မှာရောပဲ။ဒီလောကထဲကအခြားပလက်ဖောင်းတွေမှာလည်းအလုပ်လုပ်တယ်။ကိုဗစ်မတိုင်ခင်အဲဒီလောကမှာလုပ်နေတဲ့ကျွန်မသူငယ်ချင်းအချို့ကအဲဒီမှာလုပ်ဖို့ပြောကြတယ်။နောက်တော့ကျွန်မလည်းရောင်းဖို့ဆုံးဖြတ်ခဲ့တယ်။ကိုဗစ်နဲ့ဆိုရှယ်ကန့်သတ်မှုကအွန်လိုင်းကိုပိုသုံးလာစေတယ်။ကျွန်မအရင်တုန်းကကုမ္ပဏီတစ်ခုက HR ဌာနမှာအလုပ်လုပ်ခဲ့တယ်။တရားရုံးကိစ္စကြောင့်အလုပ်ထုတ်ခံရတယ်။အဲဒီနောက်မှာတော့ဒီမှာပဲရာနှုန်းပြည့်အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်သူမက “တယ်လီဂရမ်မှာကျွန်မရဲ့Followers တွေနဲ့အနီးကပ်ဆက်သွယ်နိုင်ဖို့ဂရုဖွဲ့ထားတယ်။အဲဒီဂရုကငွေပေးစရာမလိုဘူး။အဲဒီဂရုကနေ ကျွန်မရဲ့ဓာတ်ပုံနဲ့ဗီဒီယိုအမြည်းတွေပေးတယ်။စကားတွေလည်းပြောကတယ်။လူတိုင်းကိုစကားပြန်တယ်။အဲဒီမှာလူတွေဟာဘောလုံးပွဲနဲ့ပတ်သက်ပြီးသိပ်စိတ်မဝင်စားကြတော့တာတွေ့ရတယ်။ဒီတော့ကိုယ့်နိုင်ငံအသင်းကိုလူတိုင်းအားပေးဖို့လုပ်နိုင်မဲ့နည်းလမ်းရှာတယ်။နောက်တော့စိတ်ကူးတစ်ခုရလိုက်တယ်ပေါ့”လို့ပြောကြားသွားပါတယ်။
ဘရာဇီးဟာကမ္ဘာ့ဖလားအုပ်စုပွဲနှစ်ပွဲကစားထားရာတွင် နှစ်ပွဲလုံးအနိုင်ရရှိထားပြီးသုံးဂိုးသွင်းထားပြီးဖြစ်ပါတယ်။သူမဟာလည်းသူမရဲ့ပရိသတ်များကို အခမဲ့ဓာတ်ပုံသုံးပုံပေးပို့ထားပြီးလည်းဖြစ်ပါတယ်။
ZawGyi