ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ပွဲတည်း အပိုင်အခွင့်အရေးအများဆုံးဖြုန်းတီးသူ ဖြစ်လာတဲ့ လူကာကူ

ရိုမဲလူလူကာကူဟာမနေ့ညတုန်းကခရိုအေးရှားနှင့်ဂိုးမရှိသရေကျကာ ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရတဲ့ပွဲမှာဘယ်ကစားသမားမျှမလိုချင်တဲ့မှတ်တမ်းဆိုးတစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်။

ရောဘတ်တိုမာတီနက်ဇ်ရဲ့ဘယ်လ်ဂျီယံဟာအုပ်စုအဖွင့်ပွဲတွင်ကနေဒါကို၁-၀ဂိုးဖြင့်အနိုင်ရခဲ့ပေမဲ့မော်ရိုကိုအား၂-၀ဂိုးဖြင့်မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့်လည်းဘယ်လ်ဂျီယံအနေဖြင့်ခရိုအေးရှားနှင့်ပွဲတွင်အနိုင်ရရှိမှသာလျှင်နောက်တဆင့်သို့တက်နိုင်ပါမယ်။

ပထမပိုင်းတွင်ခရိုအေးရှားဟာပင်နယ်တီရရှိခဲ့ပေမဲ့လည်းVAR ကအငြင်းပွားဖွယ်လူကျွံဘောအဖြစ်သတ်မှတ်ခဲ့လို့မရရှိခဲ့ပါဘူး။

လူကာကူဟာပထမပိုင်းအပြီးတွင်လူစားဝင်ရောက်လာပြီးနောက်ဘယ်လ်ဂျီယံအတွက်အနိုင်ဂိုးရရှိစေမဲ့အပိုင်အခွင့်အရေး အနည်းဆုံး၄ကြိမ်အထိရရှိခဲ့ပါတယ်။

ဒါပေမဲ့ဘယ်လ်ဂျီယံသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့လူကာကူဟာရရှိတဲ့အခွင့်အရေးများကိုဖြုန်းတီးခဲ့ပြီးကန်ချက်တစ်ကြိမ်မှာလည်းတိုင်ထိသွားလို့ကံဆိုးခဲ့ရပါတယ်။

လူကာကူဟာခရိုအေးရှားနှင့်ပွဲတွင်၄၅မိနစ်ကစားခဲ့ရာမှာအပိုင်အခွင့်အရေး၄ကြိမ်အထိဖြုန်းတီးပစ်ခဲ့မှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တစ်ပွဲတည်းအပိုင်အခွင့်အရေးဖြုန်းတီးမှုအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ တစ္ပြဲတည္း အပိုင္အခြင့္အေရးအမ်ားဆုံးျဖဳန္းတီးသူ ျဖစ္လာတဲ့ လူကာကူ

႐ိုမဲလူလူကာကူဟာမေန႔ညတုန္းကခ႐ိုေအးရွားႏွင့္ဂိုးမရွိသေရက်ကာ ဘယ္လ္ဂ်ီယံအသင္း ကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရတဲ့ပြဲမွာဘယ္ကစားသမားမွ်မလိုခ်င္တဲ့မွတ္တမ္းဆိုးတစ္ခုကိုပိုင္ဆိုင္ခဲ့ပါတယ္။

ေရာဘတ္တိုမာတီနက္ဇ္ရဲ႕ဘယ္လ္ဂ်ီယံဟာအုပ္စုအဖြင့္ပြဲတြင္ကေနဒါကို၁-၀ဂိုးျဖင့္အႏိုင္ရခဲ့ေပမဲ့ေမာ္႐ိုကိုအား၂-၀ဂိုးျဖင့္မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဘယ္လ္ဂ်ီယံအေနျဖင့္ခ႐ိုေအးရွားႏွင့္ပြဲတြင္အႏိုင္ရရွိမွသာလွ်င္ေနာက္တဆင့္သို႔တက္ႏိုင္ပါမယ္။

ပထမပိုင္းတြင္ခ႐ိုေအးရွားဟာပင္နယ္တီရရွိခဲ့ေပမဲ့လည္းVAR ကအျငင္းပြားဖြယ္လူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့လို႔မရရွိခဲ့ပါဘူး။

လူကာကူဟာပထမပိုင္းအၿပီးတြင္လူစားဝင္ေရာက္လာၿပီးေနာက္ဘယ္လ္ဂ်ီယံအတြက္အႏိုင္ဂိုးရရွိေစမဲ့အပိုင္အခြင့္အေရး အနည္းဆုံး၄ႀကိမ္အထိရရွိခဲ့ပါတယ္။

ဒါေပမဲ့ဘယ္လ္ဂ်ီယံသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့လူကာကူဟာရရွိတဲ့အခြင့္အေရးမ်ားကိုျဖဳန္းတီးခဲ့ၿပီးကန္ခ်က္တစ္ႀကိမ္မွာလည္းတိုင္ထိသြားလို႔ကံဆိုးခဲ့ရပါတယ္။

လူကာကူဟာခ႐ိုေအးရွားႏွင့္ပြဲတြင္၄၅မိနစ္ကစားခဲ့ရာမွာအပိုင္အခြင့္အေရး၄ႀကိမ္အထိျဖဳန္းတီးပစ္ခဲ့မႈႏွင့္အတူ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္တစ္ပြဲတည္းအပိုင္အခြင့္အေရးျဖဳန္းတီးမႈအမ်ားဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။