
၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကြီးကြပ်နေတဲ့ဒိုင်လူကြီးအားလုံးဟာ ဒေါ်လာ၅၈၀၀တန်အားကစားသုံး Hublot နာရီကိုဝတ်ဆင်အသုံးပြုနေကြပါတယ်။
ဒိုင်လူကြီးပေါင်း၁၂၉ဦးတို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲ၆၄ပွဲကိုကြီးကြပ်သွားမှာဖြစ်ပါတယ်။ဒိုင်လူကြီး၁၂၉ဦးတွင်ကွင်းလယ်ဒိုင်၃၆ဦး၊လက်ထောက်ဒိုင်၆၉ဦးနှင့်VARဒိုင်၂၄ဦးပါဝင်ပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ထူးခြားတာကတော့အမျိုးသမီးဒိုင်၆ဦးအထိပါဝင်တာဖြစ်ပြီးပြင်သစ်ဒိုင်စတီဖာနီဖရက်ပတ်ဟာအမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကိုကြီးကြပ်တဲ့ပထမဆုံးအမျိုးသမီးဒိုင်ဖြစ်လာပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဒိုင်လူကြီးတစ်ဦးချင်းစီဟာ Hublot Big Bang E FIFA World Cup Qatar 2022 နာရီတစ်လုံးစီရရှိကာအသုံးပြုနေပါတယ်။
ဆွစ်ဇာလန်နာရီကုမ္ပဏီ Hublot ကို၁၉၈၀ခုနှစ်တုန်းကတည်ထောင်တာဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်ဆက်နာရီများထုတ်လုပ်ပေးလာခဲ့တာပါ။
ဒိုင်လူကြီးများကိုပေးထားတဲ့နာရီကစမတ်နာရီဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုနှင့်ကျန်းမာရေးအချက်အလက်များကိုပြသတဲ့ App များလည်းပါဝင်သလို ဒိုင်လူကြီးများအတွက်လိုအပ်တဲ့နည်းပညာပိုင်းအထောက်အပံ့ရနိုင်မဲ့စနစ်များနှင့်လည်းချိတ်ဆက်ပေးနိုင်ပါတယ်။
Hublot ဟာHublot Big Bang E FIFA World Cup Qatar 2022ကိုနာရီအလုံးရေ၁၀၀၀တည်းသာအထူးသီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ေဒၚလာ ၅၈၀၀တန္ Hublot နာရီကို ဒိုင္လူႀကီး ၁၂၉ ဦး အသုံးျပဳေန
၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ႀကီးၾကပ္ေနတဲ့ဒိုင္လူႀကီးအားလုံးဟာ ေဒၚလာ၅၈၀၀တန္အားကစားသုံး Hublot နာရီကိုဝတ္ဆင္အသုံးျပဳေနၾကပါတယ္။
ဒိုင္လူႀကီးေပါင္း၁၂၉ဦးတို႔ဟာကမာၻ႔ဖလားၿပိဳင္ပြဲ၆၄ပြဲကိုႀကီးၾကပ္သြားမွာျဖစ္ပါတယ္။ဒိုင္လူႀကီး၁၂၉ဦးတြင္ကြင္းလယ္ဒိုင္၃၆ဦး၊လက္ေထာက္ဒိုင္၆၉ဦးႏွင့္VARဒိုင္၂၄ဦးပါဝင္ပါတယ္။
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ထူးျခားတာကေတာ့အမ်ိဳးသမီးဒိုင္၆ဦးအထိပါဝင္တာျဖစ္ၿပီးျပင္သစ္ဒိုင္စတီဖာနီဖရက္ပတ္ဟာအမ်ိဳးသားကမာၻ႔ဖလားၿပိဳင္ပြဲကိုႀကီးၾကပ္တဲ့ပထမဆုံးအမ်ိဳးသမီးဒိုင္ျဖစ္လာပါတယ္။
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ဒိုင္လူႀကီးတစ္ဦးခ်င္းစီဟာ Hublot Big Bang E FIFA World Cup Qatar 2022 နာရီတစ္လုံးစီရရွိကာအသုံးျပဳေနပါတယ္။
ဆြစ္ဇာလန္နာရီကုမၸဏီ Hublot ကို၁၉၈၀ခုႏွစ္တုန္းကတည္ေထာင္တာျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲေလးႀကိမ္ဆက္နာရီမ်ားထုတ္လုပ္ေပးလာခဲ့တာပါ။
ဒိုင္လူႀကီးမ်ားကိုေပးထားတဲ့နာရီကစမတ္နာရီျဖစ္ၿပီး ကိုယ္လက္လႈပ္ရွားမႈႏွင့္က်န္းမာေရးအခ်က္အလက္မ်ားကိုျပသတဲ့ App မ်ားလည္းပါဝင္သလို ဒိုင္လူႀကီးမ်ားအတြက္လိုအပ္တဲ့နည္းပညာပိုင္းအေထာက္အပံ့ရႏိုင္မဲ့စနစ္မ်ားႏွင့္လည္းခ်ိတ္ဆက္ေပးႏိုင္ပါတယ္။
Hublot ဟာHublot Big Bang E FIFA World Cup Qatar 2022ကိုနာရီအလုံးေရ၁၀၀၀တည္းသာအထူးသီးသန႔္ထုတ္လုပ္ထားတာျဖစ္ပါတယ္။