
ကာတာလုပ်ငန်းရှင်တစ်ဦးက Miss Croatia ဟောင်းမှာကမ္ဘာ့ဖလားပြိုင်ပွဲကွင်းအတွင်းလမ်းလျှောက်နေစဉ်ဘာကြောင့်ဒေသခံကာတာနိုင်ငံသားများတို့ရဲ့ဓာတ်ပုံဝိုင်းရိုက်ခြင်းခံနေရသလဲဆိုတာဖွင့်ဟလာပါတယ်။
အိုင်ဗန်နာခနိုးလ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ခရိုအေးရှားကိုကိုယ်တိုင်အားပေးလျက်ရှိပြီး ကမ္ဘာ့ဖလားပွဲစဉ်များအတွင်းတွင်ကာတာအမျိုးသားတို့ရဲ့ဓာတ်ပုံဝိုင်းရိုက်ခြင်းခံခဲ့ရပါတယ်။
ခနိုးလ်ဟာခရိုအေးရှားရဲ့အနီရောင်နှင့်အဖြူရောင်အလံတို့ဖြင့်ဖန်တီးထားတဲ့ဘီကီနီအပေါ်ပိုင်းကိုဝတ်ဆင်ထားမှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆွဲဆောင်မှုအရှိဆုံးပရိသတ်အဖြစ်တင်စားခြင်းခံနေရသူလည်းဖြစ်ပါတယ်။
အသက်၃၀နှစ်ရှိခရိုအေးရှားမယ်ဟောင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းသူမရဲ့ဓာတ်ပုံများကိုFollower တစ်သန်းကျော်ရှိသူမရဲ့အင်စတာဂရမ်အကောင့်တွင်တင်နေပါတယ်။
အထူးသဖြင့်ကာတာဒေသခံများဟာကမ္ဘာ့ဖလားပွဲများအတွင်းတွင်အံ့ဩစရာကောင်းလောက်အောင်ပင်ခနိုးလ်ကိုဓာတ်ပုံဝိုင်းရိုက်ကူးနေခဲ့ကြတာတွေ့ရပါတယ်။
ဒါပေမဲ့ယင်းနှင့်ပတ်သက်ပြီးကာတာစီးပွားရေးလုပ်ငန်းရှင်မိုဟာမက်အယ်ဂျီဖိုင်ရီက “သူမကိုသဘောကျလို့ဓာတ်ပုံရိုက်နေကြတာမဟုတ်ပါဘူး။သူတို့ဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့မပေါ့တပေါ်အဝတ်အစားကိုသဘောမကျလို့ဓာတ်ပုံမှတ်တမ်းတင်ထားကြတာပါ။အဲဒီဓာတ်ပုံတွေကိုပြပြီးဒေသခံကာတာအာဏာပိုင်ကိုသတင်းတင်ပြအတည်ပြုနိုင်မယ်လေ”လို့ပြောကြားသွားပါတယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခ႐ိုေအးရွားမယ္ေဟာင္းကို ကာတာပရိသတ္ေတြ ဘာေၾကာင့္ ဓာတ္ပုံဝိုင္း႐ိုက္ေနရသလဲ?
ကာတာလုပ္ငန္းရွင္တစ္ဦးက Miss Croatia ေဟာင္းမွာကမာၻ႔ဖလားၿပိဳင္ပြဲကြင္းအတြင္းလမ္းေလွ်ာက္ေနစဥ္ဘာေၾကာင့္ေဒသခံကာတာႏိုင္ငံသားမ်ားတို႔ရဲ႕ဓာတ္ပုံဝိုင္း႐ိုက္ျခင္းခံေနရသလဲဆိုတာဖြင့္ဟလာပါတယ္။
အိုင္ဗန္နာခႏိုးလ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ခ႐ိုေအးရွားကိုကိုယ္တိုင္အားေပးလ်က္ရွိၿပီး ကမာၻ႔ဖလားပြဲစဥ္မ်ားအတြင္းတြင္ကာတာအမ်ိဳးသားတို႔ရဲ႕ဓာတ္ပုံဝိုင္း႐ိုက္ျခင္းခံခဲ့ရပါတယ္။
ခႏိုးလ္ဟာခ႐ိုေအးရွားရဲ႕အနီေရာင္ႏွင့္အျဖဴေရာင္အလံတို႔ျဖင့္ဖန္တီးထားတဲ့ဘီကီနီအေပၚပိုင္းကိုဝတ္ဆင္ထားမႈႏွင့္အတူ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ဆြဲေဆာင္မႈအရွိဆုံးပရိသတ္အျဖစ္တင္စားျခင္းခံေနရသူလည္းျဖစ္ပါတယ္။
အသက္၃၀ႏွစ္ရွိခ႐ိုေအးရွားမယ္ေဟာင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းသူမရဲ႕ဓာတ္ပုံမ်ားကိုFollower တစ္သန္းေက်ာ္ရွိသူမရဲ႕အင္စတာဂရမ္အေကာင့္တြင္တင္ေနပါတယ္။
အထူးသျဖင့္ကာတာေဒသခံမ်ားဟာကမာၻ႔ဖလားပြဲမ်ားအတြင္းတြင္အံ့ဩစရာေကာင္းေလာက္ေအာင္ပင္ခႏိုးလ္ကိုဓာတ္ပုံဝိုင္း႐ိုက္ကူးေနခဲ့ၾကတာေတြ႕ရပါတယ္။
ဒါေပမဲ့ယင္းႏွင့္ပတ္သက္ၿပီးကာတာစီးပြားေရးလုပ္ငန္းရွင္မိုဟာမက္အယ္ဂ်ီဖိုင္ရီက “သူမကိုသေဘာက်လို႔ဓာတ္ပုံ႐ိုက္ေနၾကတာမဟုတ္ပါဘူး။သူတို႔ဟာကြၽန္ေတာ္တို႔ရဲ႕ယဥ္ေက်းမႈနဲ႔မကိုက္ညီတဲ့မေပါ့တေပၚအဝတ္အစားကိုသေဘာမက်လို႔ဓာတ္ပုံမွတ္တမ္းတင္ထားၾကတာပါ။အဲဒီဓာတ္ပုံေတြကိုျပၿပီးေဒသခံကာတာအာဏာပိုင္ကိုသတင္းတင္ျပအတည္ျပဳႏိုင္မယ္ေလ”လို႔ေျပာၾကားသြားပါတယ္။