ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နေတဲ့ ဒိုင်လူကြီးတွေ ငွေဘယ်လောက်ရရှိသလဲ?

ဒိုင်လူကြီးတွေဟာတခါတလေကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလူအာရုံအစိုက်ခံရတဲ့သူတွေဖြစ်နေလေ့ရှိပါတယ်။အခုကျင်းပနေဆဲကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင်လည်းဒိုင်လူကြီးတချို့မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်သလိုအချို့ဒိုင်လူကြီးတွေလည်းလူမုန်းခံနေရပါတယ်။

အထူးသဖြင့်ပရိသတ်တွေဟာကွင်းလယ်ကလူကိုမုန်းကြပါတယ်။ဒါပေမဲ့ဒိုင်လူကြီးတွေကကမ္ဘာ့ဖလားပွဲမှာအရေးပါတဲ့သူဆိုတာကိုတော့ငြင်းလို့မရပါဘူး။

သူတို့ရဲ့ဆုံးဖြတ်ချက်တစ်ခုကပွဲအဖြေကိုဘယ်အချိန်မှာမဆိုပြောင်းလဲနိုင်ပါတယ်။တဖက်မှာဒိုင်လူကြီးတစ်ယောက်အတွက်ကမ္ဘာ့ဖလားပြိုင်ပွဲမှာကြီးကြပ်ရတာဖိအားအလွန်များပြားလွန်းလှပါတယ်။

အခုကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်နေပါတယ်။ဒါပေမဲ့ဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီးပရိသတ်တွေမသိတာကတော့ ဒိုင်တွေဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာတာဝန်ထမ်းဆောင်ရလို့ ငွေဘယ်လောက်ရသလဲဆိုတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာတာဝန်ထမ်းဆောင်တဲ့ဒိုင်လူကြီးတွေ ငွေဘယ်လောက်ရသလဲ?

AS ရဲ့ဖော်ပြချက်အရဒိုင်လူကြီးများဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာတာဝန်ထမ်းဆောင်ခွင့်ရမှုအတွက်လုပ်အားခကောင်းမွန်ရရှိကြပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းမှတ်တမ်းအရဖီဖာဟာဒိုင်လူကြီးကိုအခြေခံလုပ်အားခအဖြစ်ဒေါ်လာ၇၀၀၀၀ပေးကြောင်းသိရပါတယ်။ဒါပေမဲ့ဒိုင်လူကြီးများဟာကမ္ဘာ့ဖလားရှုံးထွက်အဆင့်များကိုလည်းဆက်လက်ကိုင်တွယ်ခွင့်ရရှိပါကပိုမိုအကျိုးခံစားခွင့်ရရှိလာပါတယ်။

ဒါပေမဲ့လက်ထောက်ဒိုင်လူကြီးများမှာလည်းပါဝင်တာဝန်ထမ်းဆောင်ရမှုအတွက်ဒေါ်လာ၂၅၀၀၀ရရှိကြပါတယ်။

ဒါကြောင့်လည်းကမ္ဘာ့ဖလားပြိုင်ပွဲတွင်တာဝန်ထမ်းဆောင်ရတဲ့ဒိုင်လူကြီးများရရှိတဲ့လုပ်အားခကချန်ပီယံလိဂ်တွင်တာဝန်ထမ်းဆောင်မှုမှရရှိတဲ့ပမာဏထက်အနည်းဆုံးသုံးဆမြင့်မားနေပါတယ်။

ဒါ့အပြင်ဒိုင်လူကြီးများဟာအုပ်စုအဆင့်ပွဲများကိုကိုင်တွယ်ခွင့်ရရှိပါကဒေါ်လာ၃၀၀၀ရရှိကြပါတယ်။ရှုံးထွက်အဆင့်ပွဲစဉ်များကိုကိုင်တွယ်ခွင့်ရရှိပါကဒေါ်လာ၁၀၀၀၀အထိရရှိလာနိုင်ပါသေးတယ်။

ဒိုင်လူကြီးတစ်ဦးအနေဖြင့်ဗိုလ်လုပွဲအပါအဝင်အဆင့်တိုင်းတွင်တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဆိုပါကဒေါ်လာ၃၀၀၀၀၀အထိရရှိလာနိုင်ပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ တာဝန္ထမ္းေဆာင္ေနတဲ့ ဒိုင္လူႀကီးေတြ ေငြဘယ္ေလာက္ရရွိသလဲ?

ဒိုင္လူႀကီးေတြဟာတခါတေလကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာလူအာ႐ုံအစိုက္ခံရတဲ့သူေတြျဖစ္ေနေလ့ရွိပါတယ္။အခုက်င္းပေနဆဲကမာၻ႔ဖလားၿပိဳင္ပြဲမွာဆိုရင္လည္းဒိုင္လူႀကီးတခ်ိဳ႕မွန္မွန္ကန္ကန္ဆုံးျဖတ္ႏိုင္သလိုအခ်ိဳ႕ဒိုင္လူႀကီးေတြလည္းလူမုန္းခံေနရပါတယ္။

အထူးသျဖင့္ပရိသတ္ေတြဟာကြင္းလယ္ကလူကိုမုန္းၾကပါတယ္။ဒါေပမဲ့ဒိုင္လူႀကီးေတြကကမာၻ႔ဖလားပြဲမွာအေရးပါတဲ့သူဆိုတာကိုေတာ့ျငင္းလို႔မရပါဘူး။

သူတို႔ရဲ႕ဆုံးျဖတ္ခ်က္တစ္ခုကပြဲအေျဖကိုဘယ္အခ်ိန္မွာမဆိုေျပာင္းလဲႏိုင္ပါတယ္။တဖက္မွာဒိုင္လူႀကီးတစ္ေယာက္အတြက္ကမာၻ႔ဖလားၿပိဳင္ပြဲမွာႀကီးၾကပ္ရတာဖိအားအလြန္မ်ားျပားလြန္းလွပါတယ္။

အခုကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာဒိုင္လူႀကီးေတြနဲ႔ပတ္သက္ၿပီး ေဝဖန္သံေတြ ထြက္ေနပါတယ္။ဒါေပမဲ့ဒိုင္လူႀကီးေတြနဲ႔ပတ္သက္ၿပီးပရိသတ္ေတြမသိတာကေတာ့ ဒိုင္ေတြဟာကမာၻ႔ဖလားၿပိဳင္ပြဲမွာတာဝန္ထမ္းေဆာင္ရလို႔ ေငြဘယ္ေလာက္ရသလဲဆိုတာပါ။

ကမာၻ႔ဖလားၿပိဳင္ပြဲမွာတာဝန္ထမ္းေဆာင္တဲ့ဒိုင္လူႀကီးေတြ ေငြဘယ္ေလာက္ရသလဲ?

AS ရဲ႕ေဖာ္ျပခ်က္အရဒိုင္လူႀကီးမ်ားဟာကမာၻ႔ဖလားၿပိဳင္ပြဲမွာတာဝန္ထမ္းေဆာင္ခြင့္ရမႈအတြက္လုပ္အားခေကာင္းမြန္ရရွိၾကပါတယ္။

ၿပီးခဲ့တဲ့၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းမွတ္တမ္းအရဖီဖာဟာဒိုင္လူႀကီးကိုအေျခခံလုပ္အားခအျဖစ္ေဒၚလာ၇၀၀၀၀ေပးေၾကာင္းသိရပါတယ္။ဒါေပမဲ့ဒိုင္လူႀကီးမ်ားဟာကမာၻ႔ဖလားရႈံးထြက္အဆင့္မ်ားကိုလည္းဆက္လက္ကိုင္တြယ္ခြင့္ရရွိပါကပိုမိုအက်ိဳးခံစားခြင့္ရရွိလာပါတယ္။

ဒါေပမဲ့လက္ေထာက္ဒိုင္လူႀကီးမ်ားမွာလည္းပါဝင္တာဝန္ထမ္းေဆာင္ရမႈအတြက္ေဒၚလာ၂၅၀၀၀ရရွိၾကပါတယ္။

ဒါေၾကာင့္လည္းကမာၻ႔ဖလားၿပိဳင္ပြဲတြင္တာဝန္ထမ္းေဆာင္ရတဲ့ဒိုင္လူႀကီးမ်ားရရွိတဲ့လုပ္အားခကခ်န္ပီယံလိဂ္တြင္တာဝန္ထမ္းေဆာင္မႈမွရရွိတဲ့ပမာဏထက္အနည္းဆုံးသုံးဆျမင့္မားေနပါတယ္။

ဒါ့အျပင္ဒိုင္လူႀကီးမ်ားဟာအုပ္စုအဆင့္ပြဲမ်ားကိုကိုင္တြယ္ခြင့္ရရွိပါကေဒၚလာ၃၀၀၀ရရွိၾကပါတယ္။ရႈံးထြက္အဆင့္ပြဲစဥ္မ်ားကိုကိုင္တြယ္ခြင့္ရရွိပါကေဒၚလာ၁၀၀၀၀အထိရရွိလာႏိုင္ပါေသးတယ္။

ဒိုင္လူႀကီးတစ္ဦးအေနျဖင့္ဗိုလ္လုပြဲအပါအဝင္အဆင့္တိုင္းတြင္တာဝန္ထမ္းေဆာင္ခြင့္ရရွိမည္ဆိုပါကေဒၚလာ၃၀၀၀၀၀အထိရရွိလာႏိုင္ပါတယ္။