ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပင်နယ်တီလွဲခဲ့ပြီးနောက် ဘရန့်ဖို့ဒ်ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရတဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာမနေ့ညတုန်းကဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင်ဘရန့်ဖို့ဒ်ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

စပါးစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ်မနေ့ညတုန်းကအနောက်လန်ဒန်သို့သွားရောက်ကာဘရန့်ဖို့ဒ်နှင့်ရင်ဆိုင်ကစားရပါတယ်။

ဟယ်ရီကိန်းဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်ပင်နယ်တီလွဲချော်ကာထွက်ခဲ့ရပြီးနောက်ပထမဆုံးကစားလာတဲ့ပွဲလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားပင်နယ်တီပွဲတွင်ချေပဂိုးသွင်းနိုင်မဲ့ဒုတိယပင်နယ်တီကိုမိုးပေါ်ထောင်ကန်ခဲ့သူလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်အတွက်ပြန်ကစားချိန်မှာအပြည့်အဝအာရုံစိုက်နိုင်ရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမဲ့ဘရန့်ဖို့ဒ်ပရိသတ်များကဟယ်ရီကိန်းရဲ့ပင်နယ်တီလွဲချော်ခဲ့မှုကိုမမေ့နိုင်သေးဘဲ “ကိုယ့်နိုင်ငံကို နိမ့်ကျအောင် လုပ်တယ်”ဆိုပြီးသံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။

ဟယ်ရီကိန်းဟာဘရန့်ဖို့ဒ်ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံရပေမဲ့လည်း ၂ ဂိုးစီသရေကျတဲ့ယင်းပွဲစဉ်တွင်ခေါင်းတိုက်ကာပထမချေပဂိုးသွင်းယူခဲ့ပါတယ်။

ဟယ်ရီကိန်းဟာဘရန့်ဖို့ဒ်နှင့်ပွဲမှဂိုးကြောင့်ပရီးမီးယားလိဂ်သမိုင်းတွင်ဘောက်ဆင်ဒေးဂိုး၁၀ဂိုးဖြင့်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။သူဟာဘောက်ဆင်ဒေးပွဲ၇ပွဲကစားထားရာမှာ၁၀ဂိုးသွင်းထားနိုင်တာလည်းဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ပင္နယ္တီလြဲခဲ့ၿပီးေနာက္ ဘရန႔္ဖို႔ဒ္ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရတဲ့ ဟယ္ရီကိန္း

ဟယ္ရီကိန္းဟာမေန႔ညတုန္းကဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္ဘရန႔္ဖို႔ဒ္ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

စပါးစ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးပထမဆုံးပရီးမီးယားလိဂ္ပြဲအျဖစ္မေန႔ညတုန္းကအေနာက္လန္ဒန္သို႔သြားေရာက္ကာဘရန႔္ဖို႔ဒ္ႏွင့္ရင္ဆိုင္ကစားရပါတယ္။

ဟယ္ရီကိန္းဟာကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္ပင္နယ္တီလြဲေခ်ာ္ကာထြက္ခဲ့ရၿပီးေနာက္ပထမဆုံးကစားလာတဲ့ပြဲလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာျပင္သစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ကမာၻ႔ဖလားပင္နယ္တီပြဲတြင္ေခ်ပဂိုးသြင္းႏိုင္မဲ့ဒုတိယပင္နယ္တီကိုမိုးေပၚေထာင္ကန္ခဲ့သူလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္အတြက္ျပန္ကစားခ်ိန္မွာအျပည့္အဝအာ႐ုံစိုက္ႏိုင္ရန္ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမဲ့ဘရန႔္ဖို႔ဒ္ပရိသတ္မ်ားကဟယ္ရီကိန္းရဲ႕ပင္နယ္တီလြဲေခ်ာ္ခဲ့မႈကိုမေမ့ႏိုင္ေသးဘဲ “ကိုယ့္ႏိုင္ငံကို နိမ့္က်ေအာင္ လုပ္တယ္”ဆိုၿပီးသံၿပိဳင္ေအာ္ဟစ္ခဲ့ၾကပါတယ္။

ဟယ္ရီကိန္းဟာဘရန႔္ဖို႔ဒ္ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံရေပမဲ့လည္း ၂ ဂိုးစီသေရက်တဲ့ယင္းပြဲစဥ္တြင္ေခါင္းတိုက္ကာပထမေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

ဟယ္ရီကိန္းဟာဘရန႔္ဖို႔ဒ္ႏွင့္ပြဲမွဂိုးေၾကာင့္ပရီးမီးယားလိဂ္သမိုင္းတြင္ေဘာက္ဆင္ေဒးဂိုး၁၀ဂိုးျဖင့္ဂိုးအမ်ားဆုံးသြင္းယူႏိုင္သူျဖစ္လာခဲ့ပါတယ္။သူဟာေဘာက္ဆင္ေဒးပြဲ၇ပြဲကစားထားရာမွာ၁၀ဂိုးသြင္းထားႏိုင္တာလည္းျဖစ္ပါတယ္။