
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ချက်စတာယူနိုက်တက်ကစားဖော်များဟာကမ္ဘာ့ဖလားပြိုင်ပွဲမပြီးဆုံးမီကလပ်မှထွက်ခွာစေလိုလျက်ရှိနေကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ရက်များအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Talk TV အင်တာဗျူးကဘောလုံးလောကသတင်းများကိုလွှမ်းမိုးနေပါတယ်။
ယင်းအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုကကလပ်တာဝန်ရှိသူများမှာသူ့ကိုထွက်ခွာရန်ဖိအားပေးခဲ့ကြောင်း၊သူ့အပေါ်မလေးစားတဲ့အဲရစ်တန်ဟက်ကိုပြန်လည်လေးစားမည်မဟုတ်ကြောင်းပြောကြားခဲံပါတယ်။
ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာစီနီယာကစားသမားများကိုမလေးစားတဲ့လူငယ်ကစားသမားများကိုဝေဖန်သွားခဲ့သလိုကလပ်အတွက်ရာနှုန်းပြည့်ပေးဆပ်သူများအဖြစ်ဒီယေဂိုဒါလော့၊ကက်စ်မီရိုနှင့်လီဆန်ဒရိုမာတီနက်ဇ်တို့ကိုရွေးချယ်ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယင်းအင်တာဗျူးကြောင့်ယူနိုက်တက်ကစားသမားများဟာများစွာရိုက်ခတ်လျက်ရှိနေပါတယ်။
Daily Mail သတင်းစာရဲ့ဖော်ပြလာမှုအရယူနိုက်တက်ကစားသမားများဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ယူနိုက်တက်သို့ပြန်လာချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မဆုံတွေ့လိုကြောင်းသိရပါတယ်။၎င်းတို့ဟာခရစ္စတီယာနိုရော်နယ်ဒိုအားကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ပင်ယူနိုက်တက်မှထွက်ခွာစေလိုနေကြပါတယ်။
ကစားသမားများဟာယူနိုက်တက်နှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြားတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ပင်လမ်းခွဲနိုင်ရေးလုပ်ဆောင်နိုင်ရန်မျှော်လင့်နေကြပါတယ်။
ဒါ့အပြင်ယူနိုက်တက်စတားများကခရစ္စတီယာနိုရော်နယ်ဒိုမှာအဲရစ်တန်ဟက်ကိုသာမကအသင်းတွင်ကစားနေတဲ့ယူနိုက်တက်ကစားသမားများကိုလည်းလေးစားခြင်းမရှိလို့ယုံကြည်နေကြပါသေးတယ်။
အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းများအရယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုယင်းအင်တာဗျူးအတွက်ပေါင်၁သန်းဒဏ်ရိုက်သွားမဲ့အပြင်စာချုပ်ကိုလည်းဖျက်သိမ်းလာမှာဖြစ်ကြောင်းသိရပါတယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲမၿပီးဆုံးမီ ခရစၥတီယာႏိုေရာ္နယ္ဒိုကို ထြက္ခြာလိုေနတဲ့ ယူႏိုက္တက္ကစားသမားမ်ား
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ခ်က္စတာယူႏိုက္တက္ကစားေဖာ္မ်ားဟာကမာၻ႔ဖလားၿပိဳင္ပြဲမၿပီးဆုံးမီကလပ္မွထြက္ခြာေစလိုလ်က္ရွိေနေၾကာင္းသိရပါတယ္။
ၿပီးခဲ့တဲ့ရက္မ်ားအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ Talk TV အင္တာဗ်ဴးကေဘာလုံးေလာကသတင္းမ်ားကိုလႊမ္းမိုးေနပါတယ္။
ယင္းအင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကကလပ္တာဝန္ရွိသူမ်ားမွာသူ႔ကိုထြက္ခြာရန္ဖိအားေပးခဲ့ေၾကာင္း၊သူ႔အေပၚမေလးစားတဲ့အဲရစ္တန္ဟက္ကိုျပန္လည္ေလးစားမည္မဟုတ္ေၾကာင္းေျပာၾကားခဲံပါတယ္။
ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစီနီယာကစားသမားမ်ားကိုမေလးစားတဲ့လူငယ္ကစားသမားမ်ားကိုေဝဖန္သြားခဲ့သလိုကလပ္အတြက္ရာႏႈန္းျပည့္ေပးဆပ္သူမ်ားအျဖစ္ဒီေယဂိုဒါေလာ့၊ကက္စ္မီ႐ိုႏွင့္လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ကိုေ႐ြးခ်ယ္ေျပာၾကားသြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ယင္းအင္တာဗ်ဴးေၾကာင့္ယူႏိုက္တက္ကစားသမားမ်ားဟာမ်ားစြာ႐ိုက္ခတ္လ်က္ရွိေနပါတယ္။
Daily Mail သတင္းစာရဲ႕ေဖာ္ျပလာမႈအရယူႏိုက္တက္ကစားသမားမ်ားဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ယူႏိုက္တက္သို႔ျပန္လာခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မဆုံေတြ႕လိုေၾကာင္းသိရပါတယ္။၎တို႔ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ပင္ယူႏိုက္တက္မွထြက္ခြာေစလိုေနၾကပါတယ္။
ကစားသမားမ်ားဟာယူႏိုက္တက္ႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔အၾကားတြင္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ပင္လမ္းခြဲႏိုင္ေရးလုပ္ေဆာင္ႏိုင္ရန္ေမွ်ာ္လင့္ေနၾကပါတယ္။
ဒါ့အျပင္ယူႏိုက္တက္စတားမ်ားကခရစၥတီယာႏိုေရာ္နယ္ဒိုမွာအဲရစ္တန္ဟက္ကိုသာမကအသင္းတြင္ကစားေနတဲ့ယူႏိုက္တက္ကစားသမားမ်ားကိုလည္းေလးစားျခင္းမရွိလို႔ယုံၾကည္ေနၾကပါေသးတယ္။
အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းမ်ားအရယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုယင္းအင္တာဗ်ဴးအတြက္ေပါင္၁သန္းဒဏ္႐ိုက္သြားမဲ့အျပင္စာခ်ဳပ္ကိုလည္းဖ်က္သိမ္းလာမွာျဖစ္ေၾကာင္းသိရပါတယ္။