ကမ္ဘာ့ဖလားပြိုင်ပွဲသို့ လုံခြုံရေးအပြည့်အစုံဖြင့် သွားရောက်မယ့် အင်္ဂလန်ရဲ့Wags များ

အင်္ဂလန်ရဲ့Wags များဟာအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားဆွတ်ခူးရေးကြိုးပမ်းမှုတွင်အားပေးချိန်တွင်သံမဏစည်းဝိုင်းလုံခြုံရေးရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

အင်္ဂလန်စတားများရဲ့ချစ်သူ/ဇနီးတို့ဟာလာမယ့်လကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ငှားရမ်းပြီးသွားရောက်ကြမှာလည်းဖြစ်ပါတယ်။

ယင်းမှအချို့Wags များဟာ ကိုယ်ပိုင်ကိုယ်ရံတော်ငှားရမ်းလာကြမှာဖြစ်သလို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ကစားသမားများရဲ့မိသားစုဝင်များလုံခြုံရေးအတွက်ငွေသုံးစွဲကာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ငှားရမ်းပေးလာဦးမှာဖြစ်ပါတယ်။

လုံခြုံရေးအဖွဲ့ဝင်များဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ကစားသမားများရဲ့မိသားစုဝင်များကိုလုံခြုံရေးအပြည့်အဝယူပေးသွားကြမယ့်အပြင် ကာတာရဲ့တင်းကျပ်လှတဲ့စည်းမျဉ်းဥပဒေများကိုလိုက်နာအောင်လည်းကွပ်မတ်ပေးသွားပါဦးမယ်။

အင်္ဂလန်စတားများရဲ့မိသားစုဝင်များဟာဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ယူရို၁ဘီလီယံတန်အပျော်စီးသင်္ဘောတွင်ဇိမ်ခံအပန်းဖြေရင်းကမ္ဘာ့ဖလားပြိုင်ပွဲကိုအားပေးသွားကြပါမယ်။

အဆိုပါအပျော်စီးသင်္ဘောတွင်ဂျာကူဇီပါရေကူးကန်၆ကန်၊အလှပြုပြင်ရေးအခန်းများ၊စားသောက်ဆိုင်များ၊ဘားများပါဝင်မှာဖြစ်ပြီးခရီးသည်များအနေဖြင့်မည်သည့်ဘောလုံးပွဲကိုရန်အတွက်မဆို သင်္ဘောတွင်ပါဝင်တဲ့ အမြန်ယာဉ်ဖြင့် ကမ်းသို့သွားရောက်နိုင်ပါမယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ လုံၿခဳံေရးအျပည့္အစုံျဖင့္ သြားေရာက္မယ့္ အဂၤလန္ရဲ႕Wags မ်ား

အဂၤလန္ရဲ႕Wags မ်ားဟာအဂၤလန္ရဲ႕ကမာၻ႔ဖလားဆြတ္ခူးေရးႀကိဳးပမ္းမႈတြင္အားေပးခ်ိန္တြင္သံမဏစည္းဝိုင္းလုံၿခဳံေရးရရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

အဂၤလန္စတားမ်ားရဲ႕ခ်စ္သူ/ဇနီးတို႔ဟာလာမယ့္လကမာၻ႔ဖလားၿပိဳင္ပြဲသို႔ ပုဂၢလိကလုံၿခဳံေရးအဖြဲ႕ငွားရမ္းၿပီးသြားေရာက္ၾကမွာလည္းျဖစ္ပါတယ္။

ယင္းမွအခ်ိဳ႕Wags မ်ားဟာ ကိုယ္ပိုင္ကိုယ္ရံေတာ္ငွားရမ္းလာၾကမွာျဖစ္သလို အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း ကစားသမားမ်ားရဲ႕မိသားစုဝင္မ်ားလုံၿခဳံေရးအတြက္ေငြသုံးစြဲကာပုဂၢလိကလုံၿခဳံေရးအဖြဲ႕ငွားရမ္းေပးလာဦးမွာျဖစ္ပါတယ္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ကစားသမားမ်ားရဲ႕မိသားစုဝင္မ်ားကိုလုံၿခဳံေရးအျပည့္အဝယူေပးသြားၾကမယ့္အျပင္ ကာတာရဲ႕တင္းက်ပ္လွတဲ့စည္းမ်ဥ္းဥပေဒမ်ားကိုလိုက္နာေအာင္လည္းကြပ္မတ္ေပးသြားပါဦးမယ္။

အဂၤလန္စတားမ်ားရဲ႕မိသားစုဝင္မ်ားဟာေဆာင္းရာသီကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ ယူ႐ို၁ဘီလီယံတန္အေပ်ာ္စီးသေဘၤာတြင္ဇိမ္ခံအပန္းေျဖရင္းကမာၻ႔ဖလားၿပိဳင္ပြဲကိုအားေပးသြားၾကပါမယ္။

အဆိုပါအေပ်ာ္စီးသေဘၤာတြင္ဂ်ာကူဇီပါေရကူးကန္၆ကန္၊အလွျပဳျပင္ေရးအခန္းမ်ား၊စားေသာက္ဆိုင္မ်ား၊ဘားမ်ားပါဝင္မွာျဖစ္ၿပီးခရီးသည္မ်ားအေနျဖင့္မည္သည့္ေဘာလုံးပြဲကိုရန္အတြက္မဆို သေဘၤာတြင္ပါဝင္တဲ့ အျမန္ယာဥ္ျဖင့္ ကမ္းသို႔သြားေရာက္ႏိုင္ပါမယ္။