ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကလေးမီးဖွားလာဖို့ရှိနေတဲ့ အင်္ဂလန်စတားဂျွန်စတုန်းရဲ့ချစ်သူ

အင်္ဂလန်စတားဂျွန်စတုန်းဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ချစ်သူရဲ့ပထမဆုံးရင်သွေးရရှိလာဖို့ရှိနေပါတယ်။

အသက်၂၈နှစ်ရှိမန်စီးတီးဗဟိုနောက်ခံလူဟာအင်္ဂလန်အသင်းရဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်းတွင်ပါဝင်လာရန်သေချာသလောက်ရှိနေသူလည်းဖြစ်ပါတယ်။

တကယ်လို့များသူဟာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အင်္ဂလန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပါက အခြားကစားသမားများထက်ပိုပြီးတော့ပိုပျော်လာရဖို့ရှိပါသေးတယ်။

ဂျွန်စတုန်းရဲ့ချစ်သူအသက်၃၃နှစ်ရှိအိုလီဗီယာနေလာဟာလာမယ့်ဒီဇင်ဘာလနှောင်းပိုင်းအတွင်းတွင်၎င်းတို့ရဲ့ပထမဆုံးရင်သွေးကိုမွေးဖွားလာဖို့ရှိနေပါတယ်။

နေလာဟာ Moosh အမည်ရှိကလေးငယ်များအဝတ်အစားအမှတ်တံဆိပ်ကိုလည်းထုတ်လုပ်ရောင်းချနေသူလည်းဖြစ်ပါတယ်။

၎င်းတို့နှင့်နီးစပ်သူတစ်ဦးက “သူတို့အရမ်းပျော်နေကြတယ်။မိသားစုဆိုတဲ့စကားလုံးကသူတို့အတွက်ကမ္ဘာပဲ။သူတို့ကကလေးလိုချင်နေကြတာ။အခုတော့တကယ့်စပါယ်ရှယ်ပါပဲ။ကလေးရရှိလာတာလောက်ပျော်စရာမရှိပါဘူး။ဒါပေမဲ့ကမ္ဘာ့ဖလားလည်းရခဲ့မယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့”လို့ ပြောကြားသွားပါတယ်။

ဆောက်ဂိတ်ဟာမကြာမီကာလအတွင်းတွင်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အင်္ဂလန်၂၆ဦးလူစာရင်းကိုကြေညာလာဖို့ရှိနေပါတယ်။

အင်္ဂလန်ဟာလာမယ့်နိုဝင်ဘာလ၂၁ရက်နေ့တွင်အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားသွားရပါမယ်။

ZawGyi








