
မန်ချက်စတာယူနိုက်တက်ကကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်လာလီဂါကလပ်အသင်းတစ်သင်းနှင့်ခြေစမ်းပွဲကစားရန်စီစဉ်လိုက်ပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာဒီဇင်ဘာလတွင်လာလီဂါကလပ်ကာဒစ်ဇ်နှင့်ခြေစမ်းပွဲကစားသွားမှာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာကာတာကမ္ဘာ့ဖလားကြောင့်လိဂ်ရပ်နားနေစဉ်အတွင်းတစ်လကြာပွဲမကစားရဘဲနားနေရပါမယ်။
ယူနိုက်တက်ဟာကမ္ဘာ့ဖလားမတိုင်မီနောက်ဆုံးပွဲအဖြစ်နိုဝင်ဘာလ၁၃ရက်နေ့တွင်ဖူလ်ဟမ်နှင့်ရင်ဆိုင်ရပြီးနောက် တစ်လကျော်အနားယူကာဒီဇင်ဘာလ၂၇ရက်နေ့တွင်မှနော်တင်ဟမ်ဖောရက်စ်ကိုအိုးထရက်ဖို့ဒ်မှာဧည့်ခံကစားရပါမယ်။
ဒါပေမဲ့ယူနိုက်တက်ဟာခါရာဘောင်ဖလားတတိယအဆင့်တွင်ဗီလာကိုကျော်ဖြတ်ကာနိုင်ပါကစတုတ္ထအဆင့်ပွဲအား ဒီဇင်ဘာလ၂၀ရက် (သို့မ ဟုတ်)၂၁ရက်နေ့တွင်ကစားရပါမယ်။
စပိန်ကလပ်ကာဒစ်ဇ်ဟာဒီဇင်ဘာလ၇ရက်နေ့တွင်Nuevo Mirandilla Stadiumကွင်းတွင်ယူနိုက်တက်ကိုဧည့်ခံကစားလာမှာလည်းဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာကမ္ဘာ့ဖလားပြိုင်ပွဲသို့လိုက်ပါခွင့်မရတဲ့ကစားသမားများနှင့်အတူ စပိန်သို့သွားရောက်ကာပူနွေးရာသီလေ့ကျင့်ခန်းဆင်းစဉ်အတွင်း ခြေစမ်းပွဲကစားလာမှာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ဂျာဒွန်ဆန်ချို၊အန်တိုနီမာရှယ်၊ဒွန်နီဗန်ဒီဘိခ်၊ဒေးဗစ်ဒီဂီယာ၊စကော့မက်တိုမီနေး၊ဗစ်တာလင်ဒီလော့ဖ်တို့ပါဝင်လာပါမယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ လာလီဂါကလပ္ႏွင့္ေျခစမ္းပြဲကစားရန္ ယူႏိုက္တက္စီစဥ္လိုက္ၿပီ
မန္ခ်က္စတာယူႏိုက္တက္ကကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္လာလီဂါကလပ္အသင္းတစ္သင္းႏွင့္ေျခစမ္းပြဲကစားရန္စီစဥ္လိုက္ၿပီျဖစ္ပါတယ္။
ယူႏိုက္တက္ဟာဒီဇင္ဘာလတြင္လာလီဂါကလပ္ကာဒစ္ဇ္ႏွင့္ေျခစမ္းပြဲကစားသြားမွာလည္းျဖစ္ပါတယ္။
ယူႏိုက္တက္ဟာကာတာကမာၻ႔ဖလားေၾကာင့္လိဂ္ရပ္နားေနစဥ္အတြင္းတစ္လၾကာပြဲမကစားရဘဲနားေနရပါမယ္။
ယူႏိုက္တက္ဟာကမာၻ႔ဖလားမတိုင္မီေနာက္ဆုံးပြဲအျဖစ္ႏိုဝင္ဘာလ၁၃ရက္ေန႔တြင္ဖူလ္ဟမ္ႏွင့္ရင္ဆိုင္ရၿပီးေနာက္ တစ္လေက်ာ္အနားယူကာဒီဇင္ဘာလ၂၇ရက္ေန႔တြင္မွေနာ္တင္ဟမ္ေဖာရက္စ္ကိုအိုးထရက္ဖို႔ဒ္မွာဧည့္ခံကစားရပါမယ္။
ဒါေပမဲ့ယူႏိုက္တက္ဟာခါရာေဘာင္ဖလားတတိယအဆင့္တြင္ဗီလာကိုေက်ာ္ျဖတ္ကာႏိုင္ပါကစတုတၳအဆင့္ပြဲအား ဒီဇင္ဘာလ၂၀ရက္ (သို႔မ ဟုတ္)၂၁ရက္ေန႔တြင္ကစားရပါမယ္။
စပိန္ကလပ္ကာဒစ္ဇ္ဟာဒီဇင္ဘာလ၇ရက္ေန႔တြင္Nuevo Mirandilla Stadiumကြင္းတြင္ယူႏိုက္တက္ကိုဧည့္ခံကစားလာမွာလည္းျဖစ္ပါတယ္။
ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာကမာၻ႔ဖလားၿပိဳင္ပြဲသို႔လိုက္ပါခြင့္မရတဲ့ကစားသမားမ်ားႏွင့္အတူ စပိန္သို႔သြားေရာက္ကာပူေႏြးရာသီေလ့က်င့္ခန္းဆင္းစဥ္အတြင္း ေျခစမ္းပြဲကစားလာမွာလည္းျဖစ္ပါတယ္။
ယူႏိုက္တက္ရဲ႕ဂ်ာဒြန္ဆန္ခ်ိဳ၊အန္တိုနီမာရွယ္၊ဒြန္နီဗန္ဒီဘိခ္၊ေဒးဗစ္ဒီဂီယာ၊စေကာ့မက္တိုမီေနး၊ဗစ္တာလင္ဒီေလာ့ဖ္တို႔ပါဝင္လာပါမယ္။