ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရီးရဲလ်မက်ဒရစ်ပွဲကို အလွဲခံနေတဲ့ ဘန်ဇီးမားအား ရီးရဲလ်မက်ဒရစ်သူရဲကောင်းဝေဖန်

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ရီးရဲလ်မက်ဒရစ်ရဲ့ပွဲများကိုအလွဲခံကာမကစားလာခဲ့တဲ့ကာရမ်ဘန်ဇီးမားအားဝေဖန်မှုပြုလုပ်လာပါတယ်။

၂၀၂၂ခုနှစ် Ballon d’Or ဆုရှင်ကာရမ်ဘန်ဇီးမားဟာပြီးခဲ့တဲ့ရာသီတုန်းကရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်နှင့်လာလီဂါဖလားရရှိအောင်အဓိကနေရာမှဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူဟာယခုရာသီမှာတော့ကြံ့ခိုင်မှုပြဿနာများဖြင့်ရုန်းကန်နေရပါတယ်။

သူဟာယခုရာသီတွင်ဒဏ်ရာကြောင့်ရီးရဲလ်မက်ဒရစ်ရဲ့ပွဲ၈ပွဲကိုလွဲချော်ထားပြီးဖြစ်သလို နောက်ဆုံးပွဲ၃ပွဲကိုလည်းလွဲချော်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနောက်ပိုင်းပွဲစဉ်များတွင်ရုန်းကန်ရပြီးလာလီဂါထိပ်ဆုံးနေရာကိုခါးသီးတဲ့ပြိုင်ဘက်ဘာစီလိုနာထံလွဲပြောင်းပေးလိုက်ရပါတယ်။

ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဂူတီက “ဘန်ဇီးမားရဲ့အခြေအနေလား။သူ့ကိုကျွန်တော်နားမလည်နိုင်တော့ဘူး။မက်ဆီလည်းပီအက်စ်ဂျီအတွက်ကစားနေတုန်းပဲ။လီဝန်ဒေါ့စကီးလည်းဘာကာအတွက်ကစားနေတုန်းပဲ။ပြီးတော့အခြားသူတွေလည်းကစားနေတုန်းပါ။ကမ္ဘာ့ဖလားမတိုင်မီ ဒဏ်ရာရလာနိုင်မှုပေမဲ့အရဲစွန့်လုပ်ရပါမယ်။ကလပ်ကိုနိမ့်ကျအောင်လုပ်လို့မရပါဘူး”လို့ပြောကြားသွားပါတယ်။

ပြင်သစ်ဟာကမ္ဘာ့ဖလားအုပ်စု(ဃ)တွင်ဒိန်းမတ်၊ဩစတြေးလျ၊တူနီးရှားတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ဒီဒီယာဒက်ချမ့်ဟာမနေ့ညတုန်းကပြင်သစ်အတွက်ကမ္ဘာ့ဖလားလူစာရင်းကြေညာခဲ့ရာဒဏ်ရာကြောင့်အနားယူနေရတဲ့ရာဖေးလ်ဗာရန်းပါဝင်လာသလို ကာမာဗန်ဂါ၊ချူအာမီနီ၊ရာဘီယော့၊ဒမ်ဘီလီ၊ကိုးမန်း၊အန်ကန်ကူ၊ဂရက်ဇ်မန်း၊ဘန်ဇီးမား၊ဂျရူးနှင့်ဘက်ပေးတို့ပါဝင်ခဲ့ကြတာတွေ့ရပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ရီးရဲလ္မက္ဒရစ္ပြဲကို အလြဲခံေနတဲ့ ဘန္ဇီးမားအား ရီးရဲလ္မက္ဒရစ္သူရဲေကာင္းေဝဖန္

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္တစ္ဦးဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ရီးရဲလ္မက္ဒရစ္ရဲ႕ပြဲမ်ားကိုအလြဲခံကာမကစားလာခဲ့တဲ့ကာရမ္ဘန္ဇီးမားအားေဝဖန္မႈျပဳလုပ္လာပါတယ္။

၂၀၂၂ခုႏွစ္ Ballon d’Or ဆုရွင္ကာရမ္ဘန္ဇီးမားဟာၿပီးခဲ့တဲ့ရာသီတုန္းကရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ႏွင့္လာလီဂါဖလားရရွိေအာင္အဓိကေနရာမွဦးေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ဒါေပမဲ့သူဟာယခုရာသီမွာေတာ့ႀကံ့ခိုင္မႈျပႆနာမ်ားျဖင့္႐ုန္းကန္ေနရပါတယ္။

သူဟာယခုရာသီတြင္ဒဏ္ရာေၾကာင့္ရီးရဲလ္မက္ဒရစ္ရဲ႕ပြဲ၈ပြဲကိုလြဲေခ်ာ္ထားၿပီးျဖစ္သလို ေနာက္ဆုံးပြဲ၃ပြဲကိုလည္းလြဲေခ်ာ္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေနာက္ပိုင္းပြဲစဥ္မ်ားတြင္႐ုန္းကန္ရၿပီးလာလီဂါထိပ္ဆုံးေနရာကိုခါးသီးတဲ့ၿပိဳင္ဘက္ဘာစီလိုနာထံလြဲေျပာင္းေပးလိုက္ရပါတယ္။

ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္ဂႏၴဝင္ဂူတီက “ဘန္ဇီးမားရဲ႕အေျခအေနလား။သူ႔ကိုကြၽန္ေတာ္နားမလည္ႏိုင္ေတာ့ဘူး။မက္ဆီလည္းပီအက္စ္ဂ်ီအတြက္ကစားေနတုန္းပဲ။လီဝန္ေဒါ့စကီးလည္းဘာကာအတြက္ကစားေနတုန္းပဲ။ၿပီးေတာ့အျခားသူေတြလည္းကစားေနတုန္းပါ။ကမာၻ႔ဖလားမတိုင္မီ ဒဏ္ရာရလာႏိုင္မႈေပမဲ့အရဲစြန႔္လုပ္ရပါမယ္။ကလပ္ကိုနိမ့္က်ေအာင္လုပ္လို႔မရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ျပင္သစ္ဟာကမာၻ႔ဖလားအုပ္စု(ဃ)တြင္ဒိန္းမတ္၊ဩစေၾတးလ်၊တူနီးရွားတို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။

ဒီဒီယာဒက္ခ်မ့္ဟာမေန႔ညတုန္းကျပင္သစ္အတြက္ကမာၻ႔ဖလားလူစာရင္းေၾကညာခဲ့ရာဒဏ္ရာေၾကာင့္အနားယူေနရတဲ့ရာေဖးလ္ဗာရန္းပါဝင္လာသလို ကာမာဗန္ဂါ၊ခ်ဴအာမီနီ၊ရာဘီေယာ့၊ဒမ္ဘီလီ၊ကိုးမန္း၊အန္ကန္ကူ၊ဂရက္ဇ္မန္း၊ဘန္ဇီးမား၊ဂ်႐ူးႏွင့္ဘက္ေပးတို႔ပါဝင္ခဲ့ၾကတာေတြ႕ရပါတယ္။