
အာလင်းဟာလန်းဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်မန်စီးတီးအသင်းများနှင့်အတူပူနွေးရာသီလေ့ကျင့်ခန်းဆင်းမှုအစီအစဉ်တွင်ပါဝင်လာမည်မဟုတ်ကြောင်းသိရပါတယ်။
မန်စီးတီးဟာကမ္ဘာ့ဖလားပြိုင်ပွဲသို့လိုက်ပါကစားရခြင်းမရှိတဲ့ကစားသမားများကိုအဘူဒါဘီသို့ခေါ်ဆောင်ကာကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်ရေးအတွက် လေ့ကျင့်ခန်းဆင်းနိုင်ရေးစီစဉ်ထားပါတယ်။
ဒါပေမဲ့အာလင်းဟာလန်းဟာနော်ဝေအသင်းရဲ့အိုင်ယာလန်၊ဖင်လန်တို့နှင့်ကစားရမယ့်ခြေစမ်းပွဲများတွင်ရွေးချယ်ခြင်းခံထားရမှုနှင့်အတူ မန်စီးတီးအသင်းနှင့်ပူးပေါင်းသွားမှာမဟုတ်ပါဘူး။
အာလင်းဟာလန်းဟာအခြားမန်စီးတီးကစားသမားများနှင့်အတူသုံးပတ်အနားပေးခြင်းခံထားရပါတယ်။မန်စီးတီးနည်းပြဂွါဒီယိုလာကိုယ်တိုင်မှာလည်းဘာစီလိုနာသို့သွားရောက်ကာမိသားစုနှင့်အချိန်ဖြုန်းပါမယ်။
ဒါပေမဲ့အနားပြီးရင်ဂွါဒီယိုလာနှင့်မန်စီးတီးအသင်းတို့ဟာမရာ့ဇ်အပါအဝင်ကမ္ဘာ့ဖလားသို့မလိုက်ပါရတဲ့ကစားသမားများနှင့် ဒူဘိုင်းသို့သွားရောက်လေ့ကျင့်ခန်းဆင်းပါမယ်။
ဂွါဒီယိုလာဟာလည်းအဘူဒါဘီသို့ရောက်နေစဉ်အတွင်းတွင်စာချုပ်သစ်ချုပ်ဆိုရေးနှင့်ပတ်သက်ပြီးမန်စီးတီးပိုင်ရှင်၊ဥက္ကဌတို့နှင့်တွေ့ဆုံဆွေးနွေးသွားပါမယ်။
ZawGyi
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မန်စီးတီးနှင့်အတူ အဘူဒါဘီသို့ လိုက်ပါလေ့ကျင့်ခန်းဆင်းမှာမဟုတ်တဲ့ အာလင်းဟာလန်း