ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဟာလန်းကို ၂၈ ရက်အငှားဖြင့်‌ ခေါ်ယူရန် အပျော်တမ်းကလပ် ကမ်းလှမ်း

မန်စီးတီးဟာအာလင်းဟာလန်းကို၂၈ရက်ဖြင့်အငှားဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုရရှိထားပါတယ်။

အသက်၂၂နှစ်ရှိအာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှမန်စီးတီးသို့ပြောင်းရွှေ့လာပြီးနောက်ထိပ်တန်းခြေစွမ်းဖြင့်ကစားနေပါတယ်။

အာလင်းဟာလန်းဟာပြိုင်ပွဲအရပ်ရပ်တွင်မန်စီးတီးအတွက်၂၃ဂိုးအထိသွင်းထားနိုင်ပါတယ်။

အာလင်းဟာလန်းဟာနော်ဝေအသင်းမှာခြေစစ်ပွဲမအောင်မြင်မှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲသွားကစားရန်မလိုတာကြောင့်တစ်လကြာအနားရရှိနေပါမယ်။

ဒါကြောင့်လည်းသတ္တမတန်းလိဂ်ကလပ် အက်ရှ်တန်ယူနိုက်တက်ဟာယင်းအခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာအာလင်းဟာလန်းကိုအငှားဖြင့်ခေါ်ယူရေးမန်စီးတီးထံအရဲစွန့်ကမ်းလှမ်းလာပါတယ်။

အက်ရှ်တန်ယူနိုက်တက်ဟာအာလင်းဟာလန်းကို၂၈ရက်အငှားဖြင့်ခေါ်ယူလိုကြောင်းတရားဝင်ကမ်းလှမ်းမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်အထိတော့မန်စီးတီးဘက်ကတရားဝင်တုံပြန်တာမျိုးမရှိပါဘူး။

အက်ရှ်တန်ယူနိုက်တက်ဟာမန်ချက်စတာအခြေစိုက်ကလပ်တစ်ခုဖြစ်ပြီး မန်စီးတီးရဲ့အီတီဟတ်ကွင်းရဲ့ခြောက်မိုင်အကွာတွင်တည်ရှိတဲ့ကလပ်လည်းဖြစ်ပါတယ်။

၎င်းတို့ဟာ Northern Premier League Premier Divisionတွင်ကစားနေတာဖြစ်ပြီးယခုရာသီတွင်၂၃ဂိုးတည်းသာသွင်းထားနိုင်ကာအမှတ်ပေးဇယားအဆင့်၁၁နေရာမှာရပ်တည်နေပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း ဟာလန္းကို ၂၈ ရက္အငွားျဖင့္‌ ေခၚယူရန္ အေပ်ာ္တမ္းကလပ္ကမ္းလွမ္း

မန္စီးတီးဟာအာလင္းဟာလန္းကို၂၈ရက္ျဖင့္အငွားျဖင့္ေခၚယူရန္ကမ္းလွမ္းမႈရရွိထားပါတယ္။

အသက္၂၂ႏွစ္ရွိအာလင္းဟာလန္းဟာေႏြရာသီတြင္ေဒါ့မြန္မွမန္စီးတီးသို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ထိပ္တန္းေျခစြမ္းျဖင့္ကစားေနပါတယ္။

အာလင္းဟာလန္းဟာၿပိဳင္ပြဲအရပ္ရပ္တြင္မန္စီးတီးအတြက္၂၃ဂိုးအထိသြင္းထားႏိုင္ပါတယ္။

အာလင္းဟာလန္းဟာေနာ္ေဝအသင္းမွာေျခစစ္ပြဲမေအာင္ျမင္မႈႏွင့္အတူ ကမာၻ႔ဖလားၿပိဳင္ပြဲသြားကစားရန္မလိုတာေၾကာင့္တစ္လၾကာအနားရရွိေနပါမယ္။

ဒါေၾကာင့္လည္းသတၱမတန္းလိဂ္ကလပ္ အက္ရွ္တန္ယူႏိုက္တက္ဟာယင္းအခြင့္အေရးကိုအမိအရဖမ္းဆုပ္ကာအာလင္းဟာလန္းကိုအငွားျဖင့္ေခၚယူေရးမန္စီးတီးထံအရဲစြန႔္ကမ္းလွမ္းလာပါတယ္။

အက္ရွ္တန္ယူႏိုက္တက္ဟာအာလင္းဟာလန္းကို၂၈ရက္အငွားျဖင့္ေခၚယူလိုေၾကာင္းတရားဝင္ကမ္းလွမ္းမႈျပဳလုပ္လာတာလည္းျဖစ္ပါတယ္။လက္ရွိအခ်ိန္အထိေတာ့မန္စီးတီးဘက္ကတရားဝင္တုံျပန္တာမ်ိဳးမရွိပါဘူး။

အက္ရွ္တန္ယူႏိုက္တက္ဟာမန္ခ်က္စတာအေျခစိုက္ကလပ္တစ္ခုျဖစ္ၿပီး မန္စီးတီးရဲ႕အီတီဟတ္ကြင္းရဲ႕ေျခာက္မိုင္အကြာတြင္တည္ရွိတဲ့ကလပ္လည္းျဖစ္ပါတယ္။

၎တို႔ဟာ Northern Premier League Premier Divisionတြင္ကစားေနတာျဖစ္ၿပီးယခုရာသီတြင္၂၃ဂိုးတည္းသာသြင္းထားႏိုင္ကာအမွတ္ေပးဇယားအဆင့္၁၁ေနရာမွာရပ္တည္ေနပါတယ္။