
လီယွန်နယ်မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်တစ်ဦးတည်းတစ်ခန်းနေထိုင်လာမှာဖြစ်ကြောင်းသိရပါတယ်။
Ballon d’Or ခုနှစ်ကြိမ်လီယွန်နယ်မက်ဆီဟာသူ့ရဲ့ငါးကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်ယှဉ်ပြိုင်လာမှာဖြစ်ပြီးသူ့ကစားသမားဘဝတွင်လိုအပ်နေတဲ့တစ်ခုတည်းသောဆုဖြစ်တဲ့ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ရန်မျှော်လင့်နေပါတယ်။
အာဂျင်တီးနားဟာနောက်ဆုံး၃၆ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ထားပြီး ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။၎င်းတို့ဟာအုပ်စု(ဂ)တွင်ဆော်ဒီ၊မက္ကဆီကို၊ပိုလန်တို့နှင့်ကျရောက်နေပါတယ်။
ဒါပေမဲ့အာဂျင်တီးနားအသင်းရဲ့အောင်မြင်မှုမှာမက်ဆီရဲ့ခြေစွမ်းပြနိုင်မှုအပေါ်တွင်များစွာမူတည်နေပါတယ်။
မက်ဆီဟာအာဂျင်တီးနားနှင့်အတူနိုင်ငံတကာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်တိုင်းကစားဖော်ဟောင်းဆာဂျီယိုအဂွဲရိုးတစ်ခန်းတည်းအတူနေခဲ့လေ့ရှိသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့အဂွဲရိုးမှာနှလုံးခုန်နှုန်းမမှန်မှုကြောင့်ကစားသမားဘဝမှစောစောစီးစီးအနားယူခဲ့ရပါတယ်။မက်ဆီနှင့်အဂွဲရိုးတို့ဟာ၂၀၂၁တောင်အမေရိကဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်စဉ်တုန်းကနောက်ဆုံးအကြိမ်အဖြစ်တစ်ခန်းတည်းအတူနေခဲ့တာလည်းဖြစ်ပါတယ်။
အစောပိုင်းတုန်းကမက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်သူ့ရဲ့သက်တော်စောင့်အဖြစ်နာမည်ကြီးတဲ့ကစားဖော်ရိုဒရီဂိုဒီပေါလ်နှင့်အတူနေမယ်လို့သတင်းထွက်ခဲ့ပါသေးတယ်။ဒါပေမဲ့မက်ဆီဟာပြိုင်ပွဲကိုအပြည့်အဝအာရုံစိုက်နိုင်ရန်အတွက်တကိုယ်တည်းနေထိုင်လာပါမယ်။
ဗီလာဂိုးသမားမာတီနက်ဇ်မှာနည်းပြအဖွဲ့ဝင်တစ်ဦးနှင့်အတူနေမှာဖြစ်သလို ကျန်ကစားသမား၂၄ဦးတို့မှာလည်းနှစ်ဦးလျှင်တစ်ခန်းစီနေရပါမယ်။
ZawGyi
ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ ပထမဆုံးအႀကိမ္အျဖစ္ တစ္ေယာက္တည္း တစ္ခန္းေနလာမယ့္ လီယြန္နယ္မက္ဆီ
လီယြန္နယ္မက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္တစ္ဦးတည္းတစ္ခန္းေနထိုင္လာမွာျဖစ္ေၾကာင္းသိရပါတယ္။
Ballon d’Or ခုႏွစ္ႀကိမ္လီယြန္နယ္မက္ဆီဟာသူ႔ရဲ႕ငါးႀကိမ္ေျမာက္ကမာၻ႔ဖလားၿပိဳင္ပြဲအျဖစ္ယွဥ္ၿပိဳင္လာမွာျဖစ္ၿပီးသူ႔ကစားသမားဘဝတြင္လိုအပ္ေနတဲ့တစ္ခုတည္းေသာဆုျဖစ္တဲ့ကမာၻ႔ဖလားဆြတ္ခူးႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။
အာဂ်င္တီးနားဟာေနာက္ဆုံး၃၆ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းပိုင္ဆိုင္ထားၿပီး ကမာၻ႔ဖလားခ်န္ပီယံျဖစ္ရန္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။၎တို႔ဟာအုပ္စု(ဂ)တြင္ေဆာ္ဒီ၊မကၠဆီကို၊ပိုလန္တို႔ႏွင့္က်ေရာက္ေနပါတယ္။
ဒါေပမဲ့အာဂ်င္တီးနားအသင္းရဲ႕ေအာင္ျမင္မႈမွာမက္ဆီရဲ႕ေျခစြမ္းျပႏိုင္မႈအေပၚတြင္မ်ားစြာမူတည္ေနပါတယ္။
မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူႏိုင္ငံတကာၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္တိုင္းကစားေဖာ္ေဟာင္းဆာဂ်ီယိုအဂြဲ႐ိုးတစ္ခန္းတည္းအတူေနခဲ့ေလ့ရွိသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့အဂြဲ႐ိုးမွာႏွလုံးခုန္ႏႈန္းမမွန္မႈေၾကာင့္ကစားသမားဘဝမွေစာေစာစီးစီးအနားယူခဲ့ရပါတယ္။မက္ဆီႏွင့္အဂြဲ႐ိုးတို႔ဟာ၂၀၂၁ေတာင္အေမရိကဖလားၿပိဳင္ပြဲတြင္ခ်န္ပီယံျဖစ္စဥ္တုန္းကေနာက္ဆုံးအႀကိမ္အျဖစ္တစ္ခန္းတည္းအတူေနခဲ့တာလည္းျဖစ္ပါတယ္။
အေစာပိုင္းတုန္းကမက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္သူ႔ရဲ႕သက္ေတာ္ေစာင့္အျဖစ္နာမည္ႀကီးတဲ့ကစားေဖာ္႐ိုဒရီဂိုဒီေပါလ္ႏွင့္အတူေနမယ္လို႔သတင္းထြက္ခဲ့ပါေသးတယ္။ဒါေပမဲ့မက္ဆီဟာၿပိဳင္ပြဲကိုအျပည့္အဝအာ႐ုံစိုက္ႏိုင္ရန္အတြက္တကိုယ္တည္းေနထိုင္လာပါမယ္။
ဗီလာဂိုးသမားမာတီနက္ဇ္မွာနည္းျပအဖြဲ႕ဝင္တစ္ဦးႏွင့္အတူေနမွာျဖစ္သလို က်န္ကစားသမား၂၄ဦးတို႔မွာလည္းႏွစ္ဦးလွ်င္တစ္ခန္းစီေနရပါမယ္။