ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် စပိန်ကစားသမားများကို ချစ်သူ/ဇနီးနှင့် အတူအိပ်ခွင့်ပေးပေမဲ့ အထွဋ်အထိပ်ရောက်ခွင့်ပိတ်ပင်ထားတဲ့ အန်းနရစ်

လူးဝစ်အန်းနရစ်ဟာစပိန်ကစားသမားများကိုကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီပွဲစဉ်များတွင်ချစ်သူ/ဇနီးနှင့်အတူနေခွင့်ပေးထားပါတယ်။ဒါပေမဲ့သူဟာကစား သမားများကိုအထွဋ်အထိပ်မရောက်ကြရန်တားမြစ်ထားပါတယ်။

ဒါပေမဲ့လူးဝစ်အန်းနရစ်ရဲ့စနစ်ကအလုပ်ဖြစ်ကြောင်းကိုကမ္ဘာ့ဖလားအဖွင့်ပွဲမှာကော်စတာရီကာကို၇-၀ဂိုးဖြင့်အနိုင်ရယူပြီးသက်သေပြထားပြီးဖြစ်ပါတယ်။

ကစားသမားများရဲ့ပွဲမတိုင်မီချစ်သူ/ဇနီးနှင့်အတူနေမှုနှင့်ပတ်သက်ပြီးလူးဝစ်အန်းနရစ်က “ကျွန်တော်ကတော့ဒီကိစ္စကိုသာမန်ကိစ္စလို့ပဲမြင်တယ်။ဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာကတော့ပွဲမတိုင်ခင်ညမှာအထွဋ်အထိပ်ရောက်တာကတော့သိပ်ကောင်းတဲ့စိတ်ကူးမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အသက်၅၂နှစ်ရှိအန်းနရစ်က “လိင်ကိစ္စကအရေးကြီးတယ်။ကျွန်တော်လည်းကစားသမားတစ်ဦးဖြစ်ခဲ့တာပဲလေ။ဇနီးရှိတယ်။အတူနေတယ်”လို့ပြောကြားသွားပါတယ်။

လူးဝစ်အန်းနရစ်ရဲ့သမီးဖြစ်သူဆီရာမာတီနက်ဇ်မှာ စပိန်တိုက်စစ်စတားဖာရန်တောရက်စ်နှင့်ချစ်ကြိုက်လျက်ရှိပါတယ်။

မန်စီးတီးစတားဟောင်းဟာကော်စတာရီကာကိုအနိုင်ရတဲ့ပွဲမှာနှစ်ဂိုးသွင်းယူခဲ့ပြီးသူ့ဂိုးများကိုဆီရာအတွက်ရည်ရွယ်ကြောင်းအောင်ပွဲခံခဲ့ပါတယ်။

စပိန်အသင်းဟာတနင်္ဂနွေနေ့မှာအုပ်စုဒုတိယပွဲစဉ်အဖြစ်ဂျာမနီနှင့်ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ယင်းပွဲစဉ်တွင်လည်းစပိန်စတားများရဲ့ဇနီး/ချစ်သူတို့လာရောက်အားပေးကြဦးမှာဖြစ်ပါတယ်။

ZawGyi

ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ စပိန္ကစားသမားမ်ားကို ခ်စ္သူ/ဇနီးႏွင့္ အတူအိပ္ခြင့္ေပးေပမဲ့ အထြဋ္အထိပ္ေရာက္ခြင့္ပိတ္ပင္ထားတဲ့ အန္းနရစ္

လူးဝစ္အန္းနရစ္ဟာစပိန္ကစားသမားမ်ားကိုကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီပြဲစဥ္မ်ားတြင္ခ်စ္သူ/ဇနီးႏွင့္အတူေနခြင့္ေပးထားပါတယ္။ဒါေပမဲ့သူဟာကစားသမားမ်ားကိုအထြဋ္အထိပ္မေရာက္ၾကရန္တားျမစ္ထားပါတယ္။

ဒါေပမဲ့လူးဝစ္အန္းနရစ္ရဲ႕စနစ္ကအလုပ္ျဖစ္ေၾကာင္းကိုကမာၻ႔ဖလားအဖြင့္ပြဲမွာေကာ္စတာရီကာကို၇-၀ဂိုးျဖင့္အႏိုင္ရယူၿပီးသက္ေသျပထားၿပီးျဖစ္ပါတယ္။

ကစားသမားမ်ားရဲ႕ပြဲမတိုင္မီခ်စ္သူ/ဇနီးႏွင့္အတူေနမႈႏွင့္ပတ္သက္ၿပီးလူးဝစ္အန္းနရစ္က “ကြၽန္ေတာ္ကေတာ့ဒီကိစၥကိုသာမန္ကိစၥလို႔ပဲျမင္တယ္။ဒါေပမဲ့ကြၽန္ေတာ္ဆိုလိုခ်င္တာကေတာ့ပြဲမတိုင္ခင္ညမွာအထြဋ္အထိပ္ေရာက္တာကေတာ့သိပ္ေကာင္းတဲ့စိတ္ကူးမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အသက္၅၂ႏွစ္ရွိအန္းနရစ္က “လိင္ကိစၥကအေရးႀကီးတယ္။ကြၽန္ေတာ္လည္းကစားသမားတစ္ဦးျဖစ္ခဲ့တာပဲေလ။ဇနီးရွိတယ္။အတူေနတယ္”လို႔ေျပာၾကားသြားပါတယ္။

လူးဝစ္အန္းနရစ္ရဲ႕သမီးျဖစ္သူဆီရာမာတီနက္ဇ္မွာ စပိန္တိုက္စစ္စတားဖာရန္ေတာရက္စ္ႏွင့္ခ်စ္ႀကိဳက္လ်က္ရွိပါတယ္။

မန္စီးတီးစတားေဟာင္းဟာေကာ္စတာရီကာကိုအႏိုင္ရတဲ့ပြဲမွာႏွစ္ဂိုးသြင္းယူခဲ့ၿပီးသူ႔ဂိုးမ်ားကိုဆီရာအတြက္ရည္႐ြယ္ေၾကာင္းေအာင္ပြဲခံခဲ့ပါတယ္။

စပိန္အသင္းဟာတနဂၤေႏြေန႔မွာအုပ္စုဒုတိယပြဲစဥ္အျဖစ္ဂ်ာမနီႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။ယင္းပြဲစဥ္တြင္လည္းစပိန္စတားမ်ားရဲ႕ဇနီး/ခ်စ္သူတို႔လာေရာက္အားေပးၾကဦးမွာျဖစ္ပါတယ္။